အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်နေပြည်သူတွေ ဒုတိယမြောက်ညအဖြစ် သံပုံးတီးကမ်ပိန်း ဆက်လုပ်ခဲ့

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်နေပြည်သူတွေ ဒုတိယမြောက်ညအဖြစ် သံပုံးတီးကမ်ပိန်း ဆက်လုပ်ခဲ့
Photo - AFP

ဖေဖော်ဝါရီ ၄

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြတဲ့အ‌နေနဲ့ ရန်ကုန်မြို့နေ ပြည်သူတွေဟာ ယမန်နေ့ ဖေဖော်ဝါရီ ၃ ရက်ညက သံပုံးတွေနဲ့ မီးဖိုချောင်းသုံး ဒယ်အိုး၊ ဒန်အိုး စတဲ့ ပစ္စည်းတွေကို တီးပြီး သံပုံးတီးကမ်ပိန်းကို ဒုတိယမြောက်ညအဖြစ် ဆက်လုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ခံပြည်သူတွေဟာ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ တော်လှန်‌‌ရေးသီချင်းတွေ ဆိုပြီး NLD အလံတွေကိုလည်း ‌ဝှေ့ယမ်းခဲ့ကြပါတယ်။

သံပုံးတီးကမ်ပိန်းနဲ့ ဆန္ဒပြမှုကတော့ နိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် နာရီများအကြာမှာ စတင်ခဲ့တဲ့ civil disobedience (လူထု မနာခံမှု) လှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပြီး ယခုအခါမှာ အာဏာသိမ်းမှုအပေါ် အမျက်ဒေါသထွက်မှု ထုတ်ဖော်ချက်တွေကို ပိုမို ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ရင်းနဲ့ အရှိန်ရလာနေလျက် ရှိပါတယ်။

ခုလိုမျိုး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့ civil disobedience အတွက် တောင်းဆိုလှုပ်ရှားမှုတွေ အရှိန်လာနေခဲ့ချိန်မှာပဲ လက်ရှိအချိန်မှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့က အမှုဖွင့် တရားစွဲဆိုမှု လုပ်ဆောင်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က စစ်အာဏာသိမ်းမှုနဲ့အတူ နိုင်ငံဟာ စစ်တပ်အုပ်ချုပ်မှုအောက် ကျရောက်ခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required