မြန်မာတွင် အာဏာသိမ်းမှုကြောင့် ထိုင်း Amata ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ အိမ်ခြံမြေစီမံကိန်းကို ဆိုင်းငံ့

မြန်မာတွင် အာဏာသိမ်းမှုကြောင့် ထိုင်း Amata ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ အိမ်ခြံမြေစီမံကိန်းကို ဆိုင်းငံ့

ဖေဖော်ဝါရီလ ၃ ၊ ၂၀၂၁

စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာပိတ်ဆို့အရေးယူမှုဖြစ်ကာ ရင်းနှီးမြှုပ်နှံသူများ မလာတော့မည့် ဖြစ်လာနိုင်ချေကို စိုးရိမ်ကြောင့်ကြကာ ထိုင်းနိုင်ငံ၏ အကြီးမားဆုံး စက်မှုဇုံ ဖွံ့ဖြိုးရေးကုမ္ပဏီက မြန်မာနိုင်ငံရှိ အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန်သော ၎င်း၏စီမံကိန်းကို ဆိုင်းငံ့လိုက်သည်။

Amata သည် ရန်ကုန်မြို့အပြင်ဘက်က ဧက၂၀၀၀ ရှိ စက်မှုဇုံဖော်ဆောင်မှုကို ဒီဇင်ဘာလတွင် စတင်ခဲ့သော်လည်း လျှပ်စစ်ဓာတ်အားပေးစက်ရုံသစ် အပါအဝင် တည်ဆောက်မှုအားလုံးကို ရပ်ဆိုင်းသွားမည်ဟု ဈေးကွက်ရှာဖွေရေးအရာရှိ Viboon Kromadit က အင်္ဂါနေ့တွင် သတင်းထောက်များကို ပြောကြားသည်။

တနင်္လာနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားအရပ်ဘက် ခေါင်းဆောင်များအား ဖမ်းဆီးခြင်းဖြင့် စတင်ခဲ့သော စစ်တပ်အာဏာသိမ်းမှုသည် တိုင်းပြည်အတွင်းရှိ စီးပွားရေးလုပ်ငန်းများကို အကျိုးသက်ရောက်နိုင်သည့် လက္ခဏာကိုပေါ်လွင်သော ကြေညာချက်ဖြစ်သည်။

“ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ ဖောက်သည်များက  ဖြစ်လာနိုင်သည့် အနောက်နိုင်ငံများ၏ ကုန်သွယ်ရေး သပိတ်မှောက်မှုကို စိုးရိမ်နေကြသည်။ အထူးသဖြင့် အမေရိကန်နှင့် အီးယူတို့ထံမှ များစွာဖြစ်နိုင်ချေရှိသည်။ ဖြစ်လာခဲ့လျင် မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု အသစ်သည် ဆိုးဝါးစွာ သက်ရောက်လိမ့်မည်” ဟု Viboon ကပြောကြားခဲ့သည်။

 Viboon က Amata တွင် အခြေအနေနှင့် ပတ်သက်၍ “စောင့်ကြည့်ပြီးချဉ်းကပ်ရန်”မှလွဲ၍ အခြားရွေးချယ်စရာမရှိကြောင်း ပြောကြားခဲ့သည်။

“ကိုဗစ်က ကျွန်တော်တို့ကို အကြီးအကျယ်ရိုက်ခတ်ခဲ့တယ်။ အခု အာဏာသိမ်းမှုက အခြေအနေကို ပိုဆိုးလာစေတယ်၊ ဒါက ရင်းနှီးမြှုပ်နှံသူတွေကို စောင့်ကြည့်စေတယ်။ ငါတို့ မြေယာဖွံ့ဖြိုးသူတစ်ယောက်အနေနဲ့လည်း စောင့်ကြည့်ဖို့လိုတယ်”

ကုမ္ပဏီ၏အပြောအရ အများအားဖြင့်ဂျပန်ကုမ္ပဏီများပါဝင်သည် ကုမ္ပဏီ ၂၀ခန့်သည် ထုတ်လုပ်ရေး အခြေစိုက်များ တည်ဆောက်ရန် မြေကွက်ဝယ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေခဲ့သည်ဟုဆိုသည်။ ကုမ္ပဏီအနေဖြင့် ဆောက်လုပ်ရေး၏ ပထမအဆင့်တွင် ဘတ်သန်း ၁၄၀ (အမေရိကန်ဒေါ်လာ ၄.၇ သန်း) သုံးစွဲခဲ့ပြီးဖြစ်သည်။

ပြည်တွင်းစတော့အိတ်ချိန်းတွင် အရောင်းအဝယ်ပြတ်တောက်နေစဉ် စစ်တပ်အာဏာသိမ်းမှုကြောင့် အခြားနိုင်ငံစုံ ကုမ္ပဏီများသည် လုပ်ငန်းများကို ဆိုင်းငံ့ထားခဲ့သည်။

တနင်္လာနေ့တွင်တစ်ဝက်ရပ်နားထားရပြီးနောက် ဆူဇူကီးကားသည် ကားအသစ်များရောင်းချမှုကြောင့် အကြီးဆုံးကားထုတ်လုပ်သူဖြစ်သည့် ၎င်း၏စက်ရုံနှစ်ခုတွင် အင်္ဂါနေ့တစ်နေ့လုံး လည်ပတ်မှုရပ်ဆိုင်းသွားခဲ့သည်။

“ လုံခြုံစိတ်ချရမှုကိုသေချာအောင်လုပ်ပြီးမှသာလျှင်လုပ်ငန်းလည်ပတ်မှုပြန်လည်စတင်မှာပါ” ဟု ကုမ္ပဏီက Nikkei Asia သို့ပြောကြားခဲ့သည်။

ဆူဇူကီး၏အဆိုအရဂျပန်ကားထုတ်လုပ်သူသည်မြန်မာနိုင်ငံတွင် ဝန်ထမ်း ၄၀၀ ၀ န်းကျင်ရှိသည်။
အခြေအနေကမြန်မြန်ဆန်ဆန်ပြောင်းလဲနေပါတယ်။ ဒါကြောင့်ကျွန်တော်တို့က နေ့တိုင်းဆုံးဖြတ်ချက်ချနေပါတယ်"

 Suzuki Motor သည် ပြည်တွင်းကားဈေးကွက်၏ ၆၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီး၊ Toyota Motor နှင့် Nissan Motor တို့ ရှေ့တွင်ရှိသည်။ ၂၀၁၁ ခုနှစ်တွင်မြန်မာနိုင်ငံ၌ ကားသစ်အရောင်း ၂၁,၉၁၆ ခုရှိခဲ့ပြီး ယခင်နှစ်ထက် ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု မြန်မာနိုင်ငံမော်တော်ယာဉ်အသင်း၏ နောက်ဆုံးရ အချက်အလက်များအရ သိရသည်။

ဆူဇူကီးသည် ၁၉၉၉ခုနှစ်မှစ၍ စက်မှုလုပ်ငန်းဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့မော်တော်ယာဉ်နှင့် ဒီဇယ်အင်ဂျင်နီယာများနှင့် ဖက်စပ်၍ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များကို ထုတ်လုပ်ခဲ့ပြီး ဆယ်စုနှစ်နှစ်ခုကျော်အတွင်း မြန်မာနိုင်ငံ၏ မော်တော်ကားလုပ်ငန်းကို တိုးတက်စေရန် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ဆူဇူကီး၏ မြန်မာနိုင်ငံတွင်း ရှည်လျားသောသမိုင်းကြောင်းသည် ၂၀၁၃ ခုနှစ်တွင် ကားထုတ်လုပ်သူအား နိုင်ငံအတွင်း အပြည့်အဝပိုင်ဆိုင်သည့် လက်အောက်ခံကုမ္ပဏီတစ်ခု တည်ထောင်ခွင့်ပြုခဲ့သည်။ ယခုတွင် တောင်ဒဂုံမြို့နယ်နှင့် သီလဝါအထူးစီးပွားရေးဇုံရှိ စက်ရုံများတွင် မော်ဒယ်လေးခုကို ထုတ်လုပ်သည်။

တနင်္လာနေ့မွန်းလွဲပိုင်း မှစ၍ ဂျပန် မော်တော်ကားပစ္စည်း ရောင်းချသူ Denso သည် ၎င်း၏ ကားစက်ရုံတွင် ထုတ်လုပ်မှုကို ရပ်ဆိုင်းထားသည်။ “သတင်းအချက်အလက်တွေ စုဆောင်းရတာ တော်တော်ခက်တယ်” ဟု ကုမ္ပဏီက ပြောကြားခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင် ပြန်လည် လည်ပတ်ခြင်းရှိမရှိ စဉ်းစားမည်ဟု ဆိုခဲ့သည်။ ဝန်ထမ်း ၆၀ ခန့်၏ လုံခြုံရေးကို အတည်ပြုခဲ့သည်ဟု  Denso က ပြောကြားသည်။

အာဏာသိမ်းမှုသည် Nippon Airways ၏ အော်ပရေတာဖြစ်သည့် ANA Holdings အား မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို ပြန်လည်သုံးသပ်ရန် တွန်းအားပေးခဲ့သည်။ တနင်္လာနေ့ကထုတ်ပြန်ခဲ့သည့် Airmen သို့မဟုတ် NOTAM တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ဧပြီ ၃၀ အထိ ပိတ်ထားကြောင်း ပါရှိသည်။ NOTAM သည် လေကြောင်းမှ အသုံးပြုသူများကို သူတို့၏လမ်းကြောင်းတစ်လျှောက်ရှိ အန္တရာယ်များအကြောင်း သတိပေးသည့် တရားဝင်အဖွဲ့မှ အသိပေးချက်ဖြစ်သည်။

 ဂျပန်လေကြောင်းလိုင်းသည် ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များတွင် ရန်ကုန်မှ တိုကျိုမြို့အနီးရှိ Narita အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းမည့် ခရီးစဉ်များအား ဖျက်သိမ်းလိုက်သည်။ ANA သညကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် လေယာဉ်ဝယ်လိုအား လျှော့ချသည့်အနေဖြင့် ဖေဖော်ဝါရီလတွင်ရန်ကုန်မှ Narita အထိ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များ တစ်ပတ်လျှင်နှစ်ကြိမ် ပျံသန်းရန် စီစဉ်ထားသည်။
ANAအနေဖြင့် လာမည့်သီတင်းပတ်တွင် လေယာဉ်ခရီးစဉ်ကို ဖျက်သိမ်းမလားဆိုသည်အား မဆုံးဖြတ်ရသေးသော်လည်း လေဆိပ်ဆက်လက်ပိတ်ထားပါက ရွေးချယ်စရာမရှိပေ။

သြစတြေးလျမှ Woodside Petroleum ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် အချို့သောလုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားသည့် ကုမ္ပဏီများနှင့် အလားတူလုပ်ဆောင်ခဲ့သည်။ ကုမ္ပဏီသည် ပြင်သစ်၏ Total SA နှင့် မြန်မာအခြေစိုက် MPRL E&P တို့နှင့် ပူးပေါင်း၍ A-6 ဟုခေါ်သည့် မြန်မာနိုင်ငံ၏ ပထမဆုံး ရေနက်ပိုင်း ဓာတ်ငွေ့စီမံကိန်းကို ဆောင်ရွက်လျက်ရှိသည်။

“အခြေခံအဆောက်အအုံအချို့ကို လက်လှမ်းမီနိုင်မှုက အကန့်အသတ်ရှိလို့ နောက်ထပ်ရှင်းလင်းပြတ်သားမှုကို စောင့်နေရင်းနဲ့ ကျွန်တော်တို့ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းတချို့ကို ရွှေ့ဆိုင်းလိုက်ပါတယ်”ဟု ကုမ္ပဏီက အီးမေးလ်ဖြင့် အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် မြန်မာ့စတော့ရှယ်ယာဈေးကွက်တွင် အရောင်းအဝယ်များသည် ပုံမှန်မဖြစ်လာသေးပေ။ ရန်ကုန်စတော့အိတ်ချိန်း (YSX) သည် အစုရှယ်ယာအားလုံး ရောင်းဝယ်ခြင်းကို အင်္ဂါနေ့တွင် ဒုတိယမြောက်ဆက်တိုက် ဆိုင်းငံ့ထားကြောင်း စတော့ဈေးကွက် အကြံပေး Toru Onoda က ပြောကြားခဲ့သည်။

တနင်္လာနေ့ အစောပိုင်းမှစ၍ စစ်တပ်သည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလမ်းကြောင်းများ ယိုယွင်းစေခဲ့သောကြောင့် အာမခံကုမ္ပဏီများ အနေဖြင့် လဲလှယ်သည့် စနစ်သို့ ဝင်ရောက်ရန် အခက်အခဲဖြစ်စေခဲ့သည်။

“စတော့ဈေးကွက်ကို အစောဆုံး ဗုဒ္ဓဟူးနေ့မှာပြန်ဖွင့်မှာပါ”ဟု Onoda က ဆိုသည်။

ကြိုးနှင့် ကြိုးမဲ့ဆက်သွယ်ရေးနှစ်ခုလုံးကို အင်္ဂါနေ့က ပြန်လည်ထူထောင်ခဲ့ပြီး ဘဏ်များ ပြန်လည်လည်ပတ်နိုင်ခဲ့သည်။ လက်ရှိအခြေအနေအရ ကုန်သွယ်မှုများ ချောချောမွေ့မွေ့လည်ပတ်နိုင်ကြောင်း အတည်ပြုပြီးနောက် စတော့အိတ်ချိန်းက ဈေးကွက် ပြန်ဖွင့်ရန် အင်္ဂါနေ့တွင် ဆုံးဖြတ်လိမ့်မည်။

YSX သည် ၂၀၁၆ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံသားများသီးသန့်သာ ကုန်သွယ်ရန် စတင်ခဲ့သည်။ ၂၀၂၀ ခုနှစ် မတ်လမှ စတင်၍ အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများကို ဈေးကွက်သို့ ဝင်ရောက်ခွင့် ပြုခဲ့သည်။ ကုမ္ပဏီ ခြောက်ခုသာ စာရင်းတွင် ပါရှိပြီး မတ်လတွင် နောက်ထပ်တစ်ခု ထပ်မံသတ်မှတ်ရန် စီစဉ်ထားသည်။ ဇန်နဝါရီလ ၂၉ ရက်အထိ စာရင်းပြုစုထားသည့် ကုမ္ပဏီများ၏ စုစုပေါင်းဈေးကွက် အရင်းအနှီးသည် ၇၁၉ ဘီလီယံကျပ် (အမေရိကန်ဒေါ်လာ ၅၄၁ သန်း) ရှိသည်။ ၎င်းသည် ၎င်း၏ဒေသဆိုင်ရာ ထိုင်းစတော့အိတ်ချိန်းဈေးကွက်၏ တစ်ထောင်ပုံတစ်ပုံခန့် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly