အကြမ်းဖက်ခြိမ်းခြောက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာခြင်း တပ်လှန့်နှိုးဆော်မှုကိ်ု အမေရိကန်ထုတ်ပြန်

အကြမ်းဖက်ခြိမ်းခြောက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာခြင်း တပ်လှန့်နှိုးဆော်မှုကိ်ု အမေရိကန်ထုတ်ပြန်

ဝါရှင်တန်၊ နိုဝင်ဘာ ၂၄ ။            ။ အကြမ်းဖက်အန္တရာယ်မြင့်မားလာမှုကြောင့် အမေရိကန်သည် ၎င်း၏နိုင်ငံသားများအတွက် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာမှု တပ်လှန့်နှိုးဆော်မှုတစ်ခုကို ထုတ်ပြန်လိုက်သည်။

လက်ရှိရရှိထားသော သတင်းအချက်အလက်များအရ အိုင်အက်စ်၊ အယ်လ်ခိုင်ဒါ၊ ဘိုကိုဟာရမ်နှင့် အခြားအဖွဲ့အစည်းများသည် ဒေသအများအပြားတွင် တိုက်ခိုက်မှုများပြုလုပ်ရန် ဆက်လက် စီစဉ်နေသည်ဟု အမေရိကန်နိုင်ငံခြားရေးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။ တပ်လှန့်နှိုးဆော်မှုမှာ ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ၂၄ အထိ စီစဉ်တကျရှိနေမည်ဟုလည်း ၎င်းဋ္ဌာနက ကြေညာခဲ့သည်။

ပြင်သစ်၊ ရုရှား၊ မာလီနှင့် နိုင်ငံအချို့တွင် လွန်ခဲ့သည့်လအတွင်းက သေဆုံးမှုရှိခဲ့သည့် တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့သည်။ လောလောဆယ်အနေဖြင့် အမေရိကန်နိုင်ငံသားများကို အထူးတလည် ပစ်မှတ်ထားရန် အကြောင်းမရှိသေးကြောင်း အမေရိကန်နိုင်ငံခြားရေးဋ္ဌာနကိုယ်စားလှယ် တစ်ဦးက ဘီဘီစီသို့ ပြောကြားခဲ့သည်။

ထို့အပြင် နိုဝင်ဘာ ၁၃က ပါရီတွင် လူ ၁၃၀သေဆုံးခဲ့သော စစ်သွေးကြွတိုက်ခိုက်မှုမျိုးကဲ့သို့ ဖြစ်ပေါ်မည်ကို စိုးရိမ်ရသောကြောင့် မြို့တော်ဘရပ်ဆဲလ်သည်လည်း နောက်ထပ် သီတင်းတစ်ပတ် ကြာသည် အထိ အမြင့်ဆုံးတပ်လှန့်မှုရှိနေမည်ဖြစ်ကြောင်း ဘယ်လ်ဂျီယမ်က ကြေညာခဲ့သည်။

အခြားဖြစ်ထွင်းမှုများတွင် ပါရီဆင်ခြေဖုံး မွန်ထရူးရှိ အမှိုက်ပုံတစ်ခုတွင် ဖောက်ဖွဲရေးခါးပတ်တစ်ခုတွေ့ရသည်။ တိမ်းရှောင်သူမသင်္ကာသူတစ်ဦးသည် ပါရီတိုက်ခိုက်ခံရသည့်ညက ယင်းဆင်ခြေဖုံးကို ဖြတ်သွားခဲ့သည်ဟု ယုံကြည်ရသည်။

ပြင်သစ်သည် မြေထဲပင်လယ်အရှေ့ပိုင်းတွင် အသစ်ချထားသော ချားလ်စ်ဒီဂေါလေယာဉ်တင်သင်္ဘောပေါ်မှ အိုင်အက်စ်တို့ကို ပထမဆုံးလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အိုင်အက်စ်၏ ရာကာခံတပ်အပါအဝင် အီရတ်နှင့် ဆီးရီးယားရှိပစ်မှတ်များကို ထိမှန်ခဲ့သည်။

အမေရိကန်နိုင်ငံသားများအနေဖြင့် အများပြည်သူဆိုင်ရာနေရာများတွင် ရှိသည်ဖြစ်စေ၊ ခရီးသွားလာစဉ်ဖြစ်စေ နိုးနိုးကြားကြားရှိစေရန် ခရီးသွားတပ်လှန့်နိုးဆော်မှုက အကြံပြုထားသည်။

ထို့အပြင် အနီးပတ်ဝန်းကျင်များကို သတိရှိရန်၊ ကြီးမားသည့်လူအုပ်များကို ရှောင်ရှားရန်နှင့် လူများပြည့်သိပ်နေသောနေရာများကို ရှောင်ရှားရန်တို့ကို သတိပေးထားသည်။

အိုင်အက်စ်အဖွဲ့ဝင်တွေ ဆီးရီးယားနှင့် အီရတ်မှ ပြန်လာစဉ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်နိုင်ခြေမှာ ဆက်လက်ဖြစ်ပေါ်လိမ့်မည်ဟု အာဏာပိုင်များက ယုံကြည်နေသည်ဟု နိုင်ငံခြားရေးဋ္ဌာနက   ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly