ထိုင်ဝမ် လွတ်လပ်ရေး ကြိုးပမ်းမှု မှန်သမျှသည် စစ်ပွဲသို့ဦးတည်လိမ့်မည်ဟု တရုတ်က ကြေညာ

By ABC
29 January 2021
ထိုင်ဝမ် လွတ်လပ်ရေး ကြိုးပမ်းမှု မှန်သမျှသည် စစ်ပွဲသို့ဦးတည်လိမ့်မည်ဟု တရုတ်က ကြေညာ

ဇန်နဝါရီလ ၂၉ ၊ ၂၀၂၁

မကြာသေးမီက ကျွန်းအနီးတွင် ဖြစ်ပွားခဲ့သော စစ်ရေးအရ ထိပ်တိုက်တွေ့မှုများအပြီးတွင် တရုတ်သည် ထိုင်ဝမ်အပေါ် တင်းမာသော စကားလုံးများ အသုံးပြုခဲ့သည်။

သမ္မတ ဆိုင်ယင်ဝမ်၎င်းတို့သည် တရားဝင်အမည် တရုတ်သမ္မတနိုင်ငံဟု ခေါ်သည့် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ထပ်ခါတလဲလဲ ပြောကြားခဲ့သော်လည်း တရုတ်ကမူ ထိုင်ဝမ်၏ ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားသော အစိုးရသည် ကျွန်းကို တရားဝင်လွတ်လပ်ရေး ကြေညာရန် လှုံ့ဆော်နေသည်ဟု ယုံကြည်သည်။
 
တရုတ်သည် ဒေသတွင်း ရန်စမှုနှင့် နိုင်ငံခြားရေး ဝင်ရောက်စွက်ဖက်မှုများအား တုန့်ပြန်ရန် ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့များသည် အရေးယူဆောင်ရွက်နေကြောင်း ပြောကြားသွားခဲ့သည်။

လေတပ်၏ လတ်တလောလုပ်ဆောင်မှုများနှင့် ပတ်သက်၍ လစဉ်သတင်းရှင်းလင်းပွဲတစ်ခုတွင် တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူချန်က ထိုင်ဝမ်သည် တရုတ်၏ ခွဲမရသော အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟုဆိုသည်။

“ထိုင်ဝမ်ရေလက်ကြားမှ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က ပြုလုပ်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှုတွေက ထိုင်ဝမ်ရေလက်ကြား လက်ရှိလုံခြုံရေးအခြေအနေကို ဖြေရှင်းဖိုနဲ့ အမျိုးသား အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ကာကွယ်ဖို့ လိုအပ်တဲ့ အရေးယူဆောင်ရွက်ချက်တွေဖြစ်တယ်”ဟု သူက ပြောကြားခဲ့သည်။

“ဒါတွေက ထိုင်ဝမ်လွတ်လပ်ရေး တပ်ဖွဲ့တွေရဲ့ ပြင်ပ ဝင်ရောက်စွက်ဖက်မှုနဲ့ ရန်စမှုတွေကို အလေးအနက်ထားတဲ့တုန့်ပြန်မှုဖြစ်တယ်”ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။

တရုတ်၏ကျူးကျော်မှုသည် “ပင်လယ်ပြင် လွတ်လပ်ခွင့်”အား မြှင့်တင်ရန် အငြင်းပွားနေသော တောင်တရုတ်ပင်လယ်ထဲ ဝင်နေသော အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စုနှင့် တိုက်ဆိုင်နေသည်။
မစ္စတာဝူက ထိုင်ဝမ်ရှိ လူအနည်းငယ်သည် ကျွန်း၏ လွတ်လပ်ရေးကို ရှာဖွေနေကြသည်ဟု ပြောကြားခဲ့သည်။

“ထိုင်ဝမ်လွတ်လပ်ရေး လက္ခဏာတွေကို သတိပေးပါတယ်။ မီးနဲ့ကစားသူတွေက သူတို့ကိုယ်တိုင် မီးလောင်လိမ့်မယ်။ ‘ထိုင်ဝမ်လွတ်လပ်ရေး’ဆိုတာ စစ်ပွဲကို ဆိုလိုတာဖြစ်တယ်”ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။

 ထိုင်ဝမ်ဒီမိုကရက်တစ်သည် တရုတ်၏ ခြိမ်းခြောက်မှုများနှင့် ခြိမ်းခြောက်ရန် ကြိုးပမ်းမှုများကို ရှုတ်ချခဲ့ပြီး မစ္စဆိုင်ယင်ဝမ်ကကျွန်း၏ လွတ်လပ်ခွင့်ကို ကာကွယ်ရန်နှင့် အတင်းအဓမ္မ ခိုင်းစေမခံရစေရန် ကတိပြုခဲ့သည်။

တရုတ်သည် ထိုင်ဝမ်အား အမေရိကန်နှင့် ဆက်ဆံရေးတွင် အရေးကြီးဆုံးနှင့် အထိခိုက်မခံသော ပြဿနာအဖြစ် ဖော်ပြလေ့ရှိသည်။ ယခင် ထရမ့်အစိုးရသည် လက်နက်ရောင်းချခြင်းနှင့် တိုင်ပေသို့ အကြီးတန်းအရာရှိများ သွားရောက်လည်ပတ်ခြင်းဖြင့် ကျွန်းနိုင်ငံအား အထောက်အပံ့ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly