အိုင်အက်စ်အတွက် တိုက်ခိုက်ပေးသူများ ပြည်ရပ်ပြန်ဝင်လာမည့် ခြိမ်းခြောက်မှု အင်ဒိုနီးရှား ကြံုတွေ့နေရ

အိုင်အက်စ်အတွက် တိုက်ခိုက်ပေးသူများ ပြည်ရပ်ပြန်ဝင်လာမည့် ခြိမ်းခြောက်မှု အင်ဒိုနီးရှား ကြံုတွေ့နေရ

ဆီးရီးယားရှိ အိုင်အက်စ်တို့နှင့်ပူးပေါင်းကာ တိုက်ပွဲဝင်နေသည့် အင်ဒိုနီးရှားနိုင်ငံသားများ ပြန်ဝင်လာပြီး နိုင်ငံတွင်း အစွန်းရောက်လုပ်ရပ်များ ပိုမိုကြီးထွားလာမည်နိုင်ကြောင်း အစွန်းရောက် အကြမ်းဖက်မှုဆိုင်ရာ ပညာရှင် ဆစ်ဒနီဂျုံးက ပြောသည်။

ပဋိပက္ခမူဝါဒ အကဲဖြတ်ခြင်း သက်မွေးသိပ္ပံမှ ဆစ်ဒနီဂျုံးက ဆီးရီးယားက အိုင်အက်စ်တို့နှင့် သွားပေါင်းသူ အင်ဒိုနီးရှားနိုင်ငံသားများ အနည်းအကျဉ်းရှိနေရာ ၎င်းတို့ ပြန်လည်ဝင်ရောက်လာသည့်အခါ စစ်လက်နက်ပညာများ တတ်မြောက်လာခြင်း၊ အယူအဆများသက်ဝင်လာခြင်းနှင့် နိုင်ငံတကာအိုင်အက်စ်များနှင့် ချိတ်မိထားခြင်းတို့က သက်ရောက်မှုများဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ဂျကာတာတွင် ဖိုရမ်တစ်ခုတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ယင်းသို့ ပြန်ဝင်လာသူများက အင်ဒိုနီးရှားရှိ စစ်သွေးကြွများ၏ စွမ်းဆောင်ရည်များကို မြင့်မားလာစေမည်ဖြစ်ပြီး အိုင်အက်စ်အထူးတပ်ဖွဲ့များနှင့် ချိတ်ဆက်မိထားသူများလည်း အင်ဒိုနီးရှားနိုင်ငံတွင်း ရှိနေကြောင်း သူမက ဆက်လက်ပြောသည်။

ဆီးရီးယားမှ ပြန်ရောက်လာသူ ၄၆ ဦးရှိကြောင်း အင်ဒိုနီးရှားက ပြောသော်လည်း ယင်းအရေအတွက်က အတိအကျမဟုတ်ကြောင်း၊ ဆီးရီးယားတွင် အိုင်အက်စ်ဖက်မှ ဝင်တိုက်ပေးနေသည့် အင်ဒိုနီးရှားနိုင်ငံသား မည်မျှရှိမည်ကိုလည်း မသိရသေးကြောင်း ဆစ်ဒနီဂျုံးက ပြောခဲ့သည်။

Ref ; CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly