အင်ဒို - ပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေးအတွက် အမေရိကန်နှင့် ဂျပန်ကာကွယ်ရေးဝန်ကြီးများ ဆွေးနွေး

အင်ဒို - ပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေးအတွက် အမေရိကန်နှင့် ဂျပန်ကာကွယ်ရေးဝန်ကြီးများ ဆွေးနွေး

ဇန်နဝါရီလ ၂၇ ၊ ၂၀၂၁

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်းသည် ဂျပန်ကာကွယ်ရေးဝန်ကြီး နိုဘူကီရှိနှင့် တနင်္ဂနွေနေ့တွင် အမေရိကန် - ဂျပန် မဟာမိတ်ဖွဲ့ခြင်းအပေါ် အမေရိကန်၏ ကတိကဝတ်ပြုမှုကို ထပ်လောင်းပြောကြားခဲ့ပြီး အင်ဒို - ပစိဖိတ်ဒေသ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ၎င်း၏ အရေးကြီးပုံကို အလေးထား ပြောကြားခဲ့သည်။

ဝန်ကြီး အော်စတင်းနှင့် ဝန်ကြီး ကီရှီတို့သည် အိန္ဒိယ - ပစိဖိတ်ဒေသရှိ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး ကိုဗစ်-၁၉၏ စိန်ခေါ်မှုများကြားမှ မဟာမိတ်ဖွဲ့ခြင်း၏ အဆင်သင့်ဖြစ်မှုကို သေချာစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်ဟု အမေရိကန်ကာကွယ်ရေးဌာနက ထုတ်ပြန်ကြေညာချက်တွင် ပြောကြားခဲ့သည်။

ဟန်နိုကို ရှိ Futenma Replacement Facility တည်ဆောက်မှုနှင့် ပတ်သက်၍ သူတို့သည် ဆက်လက်ကြိုးပမ်းမှုများ အပါအဝင် အမေရိကန်ပြည်ထောင်စု၏ အင်အားပြန်လည်သတ်မှတ်ခြင်း အစီအစဉ်များကို ဆက်လက်အကောင်အထည်ဖော်ရန် လိုအပ်ကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်။

စန်ခခုကျွန်းများအား အမေရိကန်- ဂျပန် လုံခြုံရေးစာချုပ်၏ အပိုဒ် (၅) ထိန်းသိမ်းလျက်ရှိပြီး အရှေ့တရုတ်ပင်လယ်အတွင်းရှိ ပိုနေမြဲကျားနေမြဲအခြေအနေကို ပြောင်းလဲပစ်ရန် မည်သည့် တစ်ဖက်သတ်ကြိုးပမ်းမှုကိုမဆို အမေရိကန်က ဆန့်ကျင်နေဆဲဖြစ်သည်ဟု ဝန်ကြီး အော်စတင်းက ထပ်လောင်းအတည်ပြု ပြောကြားခဲ့သည်။

ဝန်ကြီးကီရှီက ဝန်ကြီး အော်စတင်းအား ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရမှုအပေါ် ဂုဏ်ပြုခဲ့သည်။

ဝန်ကြီး အော်စတင်းက မြောက်ကိုရီးယားနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်အတွက် ဂျပန်၏ ဆက်လက်ခေါင်းဆောင်မှုအတွက် ဝန်ကြီး ကီရှီအား ကျေးဇူးတင်ရှိကြောင်းနှင့် အင်ဒို - ပစိဖိတ်ဒေသ လုံခြုံရေးအတွက် ဖြစ်သည့် မဟာမိတ် အခန်းကဏ္ဏအတွက် ဂျပန်၏ ပံ့ပိုးမှုများကို ခိုင်မာစေရန် ဝန်ကြီး ကီရှီအား အားပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required