တပ်မတော်အနေဖြင့်အာဏာမသိမ်းကြောင်း အာမမခံ

By နေပြည်တော်သတင်းအဖွဲ့
26 January 2021
တပ်မတော်အနေဖြင့်အာဏာမသိမ်းကြောင်း အာမမခံ

တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ မရနိုင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။ ဇန်နဝါရီ ၂၆ရက်နေ့က နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ  တပ်မတော်အနေနဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ဖို့တာဝန်ရှိတာကြောင့် “တပ်မတော်အနေနဲ့အာဏာသိမ်းမှာလား ၊ မသိမ်းဘူးလို့မှတ်ယူလို့ရလား” ဆိုတဲ့ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းမှုအပေါ်မှာ ခုလိုပဲ ပြန်လည်ဖြေကြားခဲ့တာပါ။

ရိုက်ကူး /တည်းဖြတ် /တင်ဆက် - နေပြည်တော်သတင်းအဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required