တူရကီ-ပါကစ္စတန် အကျွမ်းတဝင်ဖြစ်နေမှု အိန္ဒိယ၊ ဂရိတို့အတွက် အကြမ်းဖက်ခြိမ်းခြောက်မှုဖြစ်သည်ဟု ကျွမ်းကျင်သူများ ပြောကြား

By Penta Postagama
26 January 2021
တူရကီ-ပါကစ္စတန် အကျွမ်းတဝင်ဖြစ်နေမှု အိန္ဒိယ၊ ဂရိတို့အတွက် အကြမ်းဖက်ခြိမ်းခြောက်မှုဖြစ်သည်ဟု ကျွမ်းကျင်သူများ ပြောကြား

ဇန်နဝါရီလ ၂၆ ၊ ၂၀၂၁

ပါကစ္စတန်သည် နျူကလီးယားဒုံးကျည် နည်းပညာများကို တူရကီသို့ လွှဲပြောင်းပေးခဲ့ကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာသည် ကမ္ဘာတစ်ဝှမ်း ထိတ်လန့်စေခဲ့သည်။ တစ်ပြိုင်နက်တည်းတွင် ၎င်းသည် ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် ကြီးမားသော အကျိုးသက်ရောက်မှုများ ဖြစ်စေသည့် အန်ကာရာနှင့် အစ္စလာမ်မာဘတ်အကြား ဆက်စပ်မှုကို ဖော်ထုတ်ခဲ့သည်။

ဒီဆက်စပ်မှု၏ ရလဒ်အဖြစ် အကြမ်းဖက်မှု၏ ကြီးထွားလာသော ခြိမ်းခြောက်မှုသည် အိန္ဒိယနှင့် ဂရိတို့အတွက် အလေးအနက် စိုးရိမ်စရာဖြစ်သည်။ ရလဒ်အနေဖြင့် တူရကီနှင့် ပါကစ္စတန်၏ ဒေသတွင်း ဆိုးရွားလှသည့် ပုံစံများကို တန်ပြန်ရန် နည်းလမ်းတစ်ခုအဖြစ် နှစ်နိုင်ငံစလုံးသည် ၎င်းတို့၏ မဟာဗျူဟာမြောက် မိတ်ဖက်မှုအား တိုးမြှင့်ခြင်းရန် မျှော်လင့်နေကြသည်။

Red Lantern Analytica က စီစဉ်သော “အင်ဒို-ဂရိ ပူးပေါင်းဆောင်ရွက်မှု- တူရကီ-ပါကစ္စတန်ဆက်စပ်မှုကို တန်ပြန်ခြင်း” ခေါင်းစဉ်ဖြင့် ဝက်ဘီနာ ဆွေးနွေးပွဲတွင် တူရကီအနေဖြင့် ပါကစ္စတန်အား နျူကလီးယားဒုံးကျည်များ ထောက်ပံ့ပေးနေအတွက် Andreas Mountzouroulias အယ်ဒီတာချုပ် Pentapostagma က အင်ဒို-ဂရိမဟာမိတ်အဖွဲ့ကို တောင်းဆိုခဲ့သည်။ ၎င်းမဟာမိတ်အဖွဲ့ကို တန်ပြန်ရန် အိန္ဒိယနှင့် ဂရိတို့သည် ပူးတွဲလက်နက်ထုတ်လုပ်မှုကို စဉ်းစားသင့်ကြောင်း သူက ပြောကြားခဲ့သည်။

ဒီဆက်စပ်မှု၏ ပြောင်းလဲမှုကို ထောက်ပြနေစဉ် Andreasသည် ဂျမ်မူနှင့် ကက်ရှ်မီးယားတွင် ပါကစ္စတန် အကြမ်းဖက်ဝါဒအတွက် အန်ကာရာ၏ ထောက်ခံမှု၊ ဂရိတွင် တူရကီ၏ ဝင်ရောက်စွက်ဖက်မှု၊ ပညာသင်ဆုနှင့် NGO များမှတဆင့် အိန္ဒိယကျောင်းသားများကို အကြမ်းဖက်မှုသို့ ဆွဲဆောင်ရန် တူရကီ၏ ဆောင်ရွက်ချက်များကို မီးမောင်းထိုးပြခဲ့သည်။ နိဂုံးချုပ်အနေဖြင့် သူသည် တူရကီသမ္မတ၏ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ၏ အိပ်မက်များကို တန်ပြန်နိုင်သည့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အယူအဆသစ်တစ်ခု ဖော်ထုတ်ရန် အိန္ဒိယနှင့် ဂရိကို တိုက်တွန်းခဲ့သည်။

JNU ၏ လက်ထောက်ပါမောက္ခ ဒေါက်တာ Vandana Mishra သည် မကြာသေးမီက ပဲရစ်တွင် ဆရာမတစ်ဦး ခေါင်းဖြတ်သတ်ဖြတ်ခံရမှုကို တူရကီနှင့် ပြင်သစ်တို့အကြား ကွဲပြားမှုကို တိုးမြှင့်စေသည့် အရာအဖြစ် ဖော်ပြခဲ့သည်။ ၎င်းအဖြစ်အပျက်ကို ဖော်ပြခြင်းအားဖြင့် ဒေါက်တာ Mishraက တူရကီ- ပါကစ္စတန်- တရုတ်ဆက်စပ်မှုသည် အန်ကာရာကို ဥရောပသမဂ္ဂနှင့် အမေရိကန်ကို ဆန့်ကျင်စေသည်ဟု ထပ်မံမီးမောင်းထိုးပြခဲ့သည်။

တူရကီနှင့် ပါကစ္စတန် နှစ်နိုင်ငံစလုံးသည် အစ္စလာမ်နိုင်ငံများဖြစ်သော်လည်း ဝီဂါလူမျိုးများအပေါ် သူတို့၏ လူမျိုးစုရှင်းလင်းခြင်းအတွက် တရုတ်နိုင်ငံကို မည်သူတစ်ဦးတစ်ယောက်မှ မဆန့်ကျင်ခဲ့ကြောင်း သူမက ထောက်ပြခဲ့သည်။ ထို့နောက် ဒေါက်တာ Mishra သည် ယဉ်ကျေးမှုဖလှယ်မှု အမျိုးမျိုးအပေါ် အခြေခံ၍ အင်ဒို - ဂရိ မဟာမိတ်အဖွဲ့အတွက် ရရှိနိုင်သည်များကို မီးမောင်းထိုးပြခဲ့သည်။ ထိုကဲ့သို့သော မဟာမိတ်အဖွဲ့သည် “အခြေခံမူများ၏ မိတ်ဖက်မှုတစ်ခု” ဖြစ်သောကြောင့် ပိုမိုနက်ရှိုင်းသော မဟာဗျူဟာမြောက် မိတ်ဖက်မှု၏ အခြေခံအုတ်မြစ်ဖြစ်လာနိုင်သည်ဟု သူမက ပြောကြားခဲ့သည်။
 
ဥရောပပါလီမန်အမတ် Emmanouil Fragkos သည် တူရကီနှင့် ပါကစ္စတန်တို့၏ တောင်းဆိုချက်အရ လူနည်းစုများအပေါ် ဘာသာရေးသည်းမခံမှုကို အလေးပေးပြောကြားခဲ့သည်။ ဘာသာရေးအခြေခံ အကြမ်းဖက်မှုများ ကဲ့သို့သော အဖြစ်အပျက်များကို ရည်ညွှန်းခြင်း၍ Fragkos သည် တူရကီနိုင်ငံ၏ ဂရိ၊ ဆိုက်ပရပ်စ်၊ အာမေးနီးယားနှင့် ဆီးရီးယားနိုင်ငံများနှင့် အငြင်းပွားမှုများကို ပိုမို အလေးအနက်ထား ပြောဆိုခဲ့သည်။

တူရကီနှင့် ပါကစ္စတန်တို့ကို အယူသန်သော အစိုးရများဟု ခေါ်ဆိုခြင်းပြီး ၎င်းနိုင်ငံများသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသော နျူကလီးယားလက်နက်များ မပိုင်ဆိုင်သင့်ကြောင်း သူကပြောကြားခဲ့သည်။ ဤအရေးနှင့် ပတ်သတ်၍ Fragkos သည် တူရကီ၏ နျူကလီးယားရည်မှန်းချက်ကို ဆန့်ကျင်သည့် အဖွဲ့တစ်ဖွဲ့ ဖန်တီးရန် သူ၏ကိုယ်ပိုင်အားထုတ်မှုကို မီးမောင်းထိုးပြခဲ့သည်။

တူရကီသည် ၎င်း၏ အမြင့်ဆုံး ရောက်ရှိနေခြင်း၊ အာရပ်ကမ္ဘာတွင် မဟာမိတ်များဆုံးရှုံးခြင်း ၊ ၂၀၅၀ ပြည့်နှစ်တွင် Kurdsသည် လူများစုဖြစ်နိုင်ရှိခြင်း စသည့် အကြောင်းပြချက်သုံးခုကြောင့် အာဒိုဝန်၏ အစ္စလမ်ဘာသာရေးခေါင်းဆောင်များ၏ အိပ်မက်များသည် အကောင်အထည်ပေါ်မည် မဟုတ်ကြောင်း ဖော်ပြထားသည်။ နိဂုံးချုပ်အနေဖြင့် Fragkos က တူရကီသည် ပါကစ္စတန်၏ အကျိုးစီးပွားအတွက် အိန္ဒိယမွတ်စလင်မ်တို့၏ အစွန်းရောက်ဝါဒကို ရင်းနှီးမြှုပ်နှံနေသည်ဟု မှတ်ချက်ပြုခဲ့သည်။

 RIEAS ဂရိအဖွဲ့ ဒါရိုက်တာ John Nomikos က တူရကီ-ပါကစ္စတန် ဆက်စပ်မှုသည် အိန္ဒိယနှင့် ဂရိနှစ်နိုင်ငံလုံးအတွက် အကြမ်းဖက်ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း မှတ်ချက်ပေးပြောကြားခဲ့သည်။ သူက တူရကီ၊ ပါကစ္စတန်နှင့် တရုတ်ထောက်လှမ်းရေးများသည် ဂျမ်မူနှင့် ကက်ရှ်မီးယားနှင့် ဂရိတို့ကို မတည်မငြိမ်ဖြစ်စေရန် အတူတကွလုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။ ဘိုင်ဒန်အစိုးရသည် လွှဲပြောင်းယူလိုက်သကဲ့သို့ ပါမောက္ခ Nomikos သည် တူရကီ၏ နျူကလီးယား အိပ်မက်များကို ရပ်တန့်ရန် ဥရောပအသိုင်းအဝိုင်းနှင့် အမေရိကန်ပြည်ထောင်စုတို့အတွက် ပိုမိုကောင်းမွန်သော အခန်းကဏ္ဏကို တောင်းဆိုခဲ့သည်။

အိန္ဒိယနှင့် ဂရိတို့အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပလက်ဖောင်းအမျိုးမျိုးကို မီးမောင်းထိုးပြနေစဉ် ဤဆက်စပ်မှုကို တန်ပြန်ရန် “မြေထဲပင်လယ်၌ အိန္ဒိယရှိရမည်” ဟု သူက အခိုင်အမာပြောကြားခဲ့သည်။

 သူမသည် ကြီးထွားလာသော တူရကီ - ပါကစ္စတန်ဆက်စပ်မှုကို မအံ့သြကြောင်း နှစ်နိုင်ငံစလုံး၏ ခေါင်းဆောင်များသည် ချဲ့ထွင်ခြင်းကို စွဲလမ်းနေသည်ဟု ပထဝီနိုင်ငံရေး သုံးသပ်သူ Sonam Mahajan က ဆိုခဲ့သည်။

တူရကီသည် မြေထဲပင်လယ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ခြင်းလုပ်ငန်းများနှင့် လုပ်ကိုင်နေစဉ်တွင် အိန္ဒိယနှင့် ဂရိတို့သည် ဥရောပသမဂ္ဂနှင့်အတူ ပိုမိုထိရောက်သည့် ချဉ်းကပ်မှု ပြုလုပ်သင့်ကြောင်း သူမက ပြောကြားခဲ့သည်။

တူရကီနှင့် ပါကစ္စတန် နှစ်နိုင်ငံလုံးသည် ဘာသာရေးကို အိန္ဒိယတွင် အကြမ်းဖက်မှုကို တိုးမြှင့်ရန် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုနေပြီး၊ အိန္ဒိယအား တူရကီ၏ရန်သူများနှင့် မဟာမိတ်ဖွဲ့ရန် အခွင့်အလမ်းပေးသည်ဟု သူမက ထပ်မံပြောဆိုခဲ့သည်။

 Greek City Times ဗျူရိုအကြီးအကဲ Paul Antonopoulos သည် နှစ်ပေါင်း ၂၃၀၀ ကြာကာလတွင်း စမ်းသပ်မှုများရှိခဲ့သည့် အင်ဒို-ဂရိ သမိုင်းအမွေကို အကြိမ်ကြိမ် ပြောပြီး ခုံအဖွဲ့ဝင်များအား သူတို့၏ အတွေးအခေါ်လှုံ့ဆော်မှုပေးသော မှတ်ချက်များအတွက် ကျေးဇူးတင်စကားပြောခဲ့ပြီး Mr ၏  ကျေးဇူးတင်စကားဖြင့် ဝက်ဘီနာ ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့သည်။

သူက အာဒိုဝန်၏ အိပ်မက်များကြောင့် ပညာရေး, နည်းပညာနှင့် အရေးအကြီးဆုံး လုံခြုံရေးနယ်ပယ်များတွင် ပိုမိုနက်ရှိုင်းသောဆက်ဆံရေး လိုအပ်ကြောင်းအကြံပြုခဲ့သည်။ တူရကီ၊ ပါကစ္စတန်နှင့် အဇာဘိုင်ဂျန်တို့၏ မကြာသေးမီက သဘောတူညီချက်အား စုပေါင်းခြိမ်းခြောက်မှုအဖြစ် ကြေငြာခဲ့သည်။

Red Lantern Analytica ကို တည်ထောင်သူ Abhishek Ranjan က ထိုအကြောင်းအရာကို မိတ်ဆက်ပေးခြင်းဖြင့် ဝက်ဘီနာ ဆွေးနွေးပွဲကို ဖွင့်လှစ်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly