အမေရိကန်သည် ပါကစ္စတန်အခြေစိုက် Lashkar-e-Tayyiba ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်  ဆက်လက်သတ်မှတ်

By Justearth
23 January 2021
 အမေရိကန်သည် ပါကစ္စတန်အခြေစိုက် Lashkar-e-Tayyiba ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်  ဆက်လက်သတ်မှတ်

ဇန်နဝါရီလ ၂၃ ၊ ၂၀၂၁

ဝါရှင်တန် - နိုင်ငံခြားရေးဝန်ကြီးဌာနသည်  ထပ်တိုးအမည်ဝှက်ထည့်သွင်းရန် လက္ကာ အိုင် ဂျန်ဗီ Lashkar i Jhangvi (LJ) နှင့် ISIL ဆင်နိုင် ပန်နီဆူလာ ISIL Sinai Peninsula (ISIL-SP) တို့အား အကြမ်းဖက်သတ်မှတ်ချက်များကို ပြင်ဆင်ခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားအက်ဥပဒေပုဒ်မ ၂၁၉ နှင့် အထူးအမိန့် ၁၃၂၂၄အောက် အထူးအမိန့်ချမှတ်ထားသည့် ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်သမားများ (SDGT)အရ ၎င်းအမည်ဝှက်များကို LJ and ISIL-SP ၏ သတ်မှတ်ချက်များထံသို့ နိုင်ငံခြား အကြမ်းဖက် အဖွဲ့အစည်းများ(FTO)တွင် ထည့်သွင်းလိုက်သည်။

ထို့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် LTO၊ ISIL-SP၊ Lashkar-e-Tayyiba၊ Jaysh Rijal al-Tariq al Naqshabandi၊ Jama’atu Ansarul Muslimina Fi Biladis-Sudan (Ansaru)၊  al-Nusrah Front, Continuity Irish Republican Army နှင့် the National Liberation Army သည် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားအက်ဥပဒေ (INA)ပုဒ်မ ၂၁၉ အရပြင်ဆင်သည့်အတိုင်း FTO သတ်မှတ်ချက်များအား ပြန်လည် သုံးသပ်ကာ ဆက်လက်ထားရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

“FTO နဲ့ SDGT သတ်မှတ်ချက်တွေက အဆိုပါအကြမ်းဖက်အဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုများတွေကို စီစဉ် လုပ်ဆောင်ဖို့ အရင်းအမြစ်များ မရနိုင်အောင် လုပ်ထားတာဖြစ်တယ်။ သတ်မှတ်ချက်တွေရဲ့ တခြားအကျိုးဆက်တွေအရ အမေရိကန်အတွင်းရှိ သို့မဟုတ် အမေရိကန်အတွင်း ဝင်လာရင် သို့မဟုတ် အမေရိကန်နိုင်သားတွေရဲ့ ပိုင်ဆိုင်မှု သို့မဟုတ် အုပ်ချုပ်မှုအောက်က အုပ်စုရဲ့ ပိုင်ဆိုင်မှုတွေနဲ့ အကျိုးစီးပွားများအားလုံးက ပိတ်ဆို့ခံရပြီး အမေရိကန်နိုင်ငံသားတွေကိုလည်း ယေဘုယျအားဖြင့် သူတို့နဲ့ မည်သည့်အရောင်းအဝယ်မှာ မပါဝင်ဖို့ တားမြစ်ထားတယ်။

ထို့အပြင် သတ်မှတ်ထားသော FTO များအနေဖြင့် သူတို့ကိုထောက်ပံ့ဖို့ သို့မဟုတ် ထောက်ပံ့ဖို့ ကြိုးပမ်းတာ သို့မဟုတ် ကြံစည်တာနဲ့ သူတိုကို ပစ္စည်းထောက်ပံ့တာ အရင်းအမြစ်ပေးတာတွေကလည်း ဖက်ဒရယ်ရာဇဝတ်မှုမြောက်တယ်”ဟု ၎င်းကပြောသည်။

ယနေ့လုပ်ရပ်များ LJ နှင့် ISIL-SP ၏ အပိုဆောင်း အမည်ဝှက်များနှင့် ၎င်းတို့သည် အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ဆက်လည်တည်ရှိနေခြင်းကို အမေရိကန်ပြည်ထောင်စု အများပြည်သူနှင့် နိုင်ငံတကာအသိုင်းအဝိုင်းသို့ သတိပေးသည်။

အကြမ်းဖက် လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် အုပ်စုများ၏ သတ်မှတ်ချက်များသည် ၎င်းတို့ကိုဖော်ထုတ်ကာ သီးခြားဖယ်ထုတ်ပြီး အမေရိကန်ပြည်ထောင်စု၏ ဘဏ္ဍာရေးစနစ်သို့ ဝင်ရောက်ခွင့်ကို ငြင်းပယ်သည်။

ထို့အပြင် သတ်မှတ်ချက်များသည် အခြားအမေရိကန်အေဂျင်စီများနှင့် အစိုးရများ၏ ဥပဒေစိုးမိုးရေး ဆောင်ရွက်ချက်များကို ကူညီနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly