လွှတ်တော်အမတ် ဘာနေးဆန်းဒါး၏ ဝတ်စားပုံက လူမှုမီဒီယာ၌ ရေပန်းစားသွားကာ အရုပ်ပါ ထုတ်လုပ်မည် 

By Chicago Sun Times 
22 January 2021
လွှတ်တော်အမတ် ဘာနေးဆန်းဒါး၏ ဝတ်စားပုံက လူမှုမီဒီယာ၌ ရေပန်းစားသွားကာ အရုပ်ပါ ထုတ်လုပ်မည် 

ဇန်နဝါရီလ ၂၂ ၊ ၂၀၂၁

အမေရိကန်နိုင်ငံက နာမည်ကျော် လွှတ်တော်အမတ် ဘာနေးဆန်းဒါးက အေးမြသည့် ရာသီဥတုတွင် မည်သို့ ဝတ်စားဆင်ယင်ရမည်ကို သိရှိပြီး ယင်းသို့ ဝတ်စားဆင်ယင်ခဲ့ပုံကြောင့်လည်း လူမှုမီဒီယာကမ္ဘာတွင် ချက်ချင်းပင် ရေပန်းစားသွားတော့သည်။ 

တကယ်အခမ်းအနားကြီးတစ်ရပ်ဖြစ်သော သမ္မတနှင့် ဒုတိယသမ္မတ ကျမ်းသစ္စာဆိုပွဲတွင် အမှန်အားဖြင့် အာရုံစိုက်ခံရမည်မှာ သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဒုတိယသမ္မတ ကမ်မလာဟာရစ်တို့ ဖြစ်သော်လည်း ဘာနေးဆန်းဒါး ဝတ်ဆင်ထားသောmittensလက်အိတ်ကိုလည်း လူများက အာရုံစိုက်မိသွားကြသည်။ 

ဗားမောင့်လွှတ်တော်အမတ် ဆန်းဒါးသည် ပွဲနေပွဲထိုင် ဝတ်ဆင်ရမည့်အစား ထသွားထလာပုံစံမျိုးဖြင့် အပေါ်ဝတ် ကုတ်အင်္ကျီနှင့် သိုမွေးထိုး အဆိုပါ လက်အိတ်တို့ကို ဝတ်ဆင်လျက် ကျမ်းသစ္စာဆိုပွဲသို့ တက်ရောက်လာခြင်း ဖြစ်ကြောင်းBuzzfeed Newsမှ ရူဘီခရမ်မာက ပြောသည်။ ထို လက်အိတ်မှာလည်း ဂျိုးဘိုင်ဒင်၏ မွေးရပ်ပြည်နယ် ဗားမောင့်မှ ဆရာမတစ်ဦး ထိုးပေးထားသော လက်အိတ်ဖြစ်သည်။ 

“ဘာနေး ဝတ်ထားတဲ့ လက်အိတ်ဟာ ကျောင်းဆရာမ ဂျင်အဲလ်လစ် ထိုးပေးထားတဲ့ လက်အိတ်ပါ။ သူ့ကို ပေးထားတာ နှစ်နှစ်ကျော်လောက် ရှိပြီ။ အခု ပွဲမှာ ထုတ်ဝတ်လာတာကတော့ အံ့အားတောင် သင့်သွားတယ်။”ဟု ခရမ်မာက တွစ်တာတွင် ရေးသားသည်။ 

ဆန်းဒါးဝတ်ထားသော ကုတ်အင်္ကျီမှာလည်း ဗားမောင့်ပြည်နယ်ကပင် ချုပ်လုပ်သော ကုတ်အင်္ကျီဖြစ်ပြီး ယခုကဲ့သို့ ၎င်း၏ ဝတ်စားဆင်ယင်လာပုံကြောင့် တွစ်တာမှသည် အင်စတာဂရမ်အထိ လူမှုမီဒီယာများ၌ အလွန်ကို ပြန့်နှံ့သွားခဲ့ပြီး ပျော်ရွှင်ရယ်မောဖွယ် စာသားများ၊ ပုံများ ဖန်တီးခြင်းmemesများ ပြုလုပ်ကာ ဝေမျှခဲ့ကြသည်။ 

ထိုပြင် ဘာနေး၏ ယခု ဝတ်စားလာပုံအတိုင်း အရုပ်လေး တစ်ရုပ်ကိုပါ ဖန်တီးထုတ်လုပ်နေကြောင်းMilwaukee Journal Sentinelက ဖော်ပြသည်။ 

မီလ်ဝါကီမြို့ရှိ အမျိုးသား အရုပ်ငယ်လေးများ ပြတိုက်က ကျမ်းသစ္စာဆိုပွဲ၌ ဆန်းဒါးထိုင်နေသည့်ပုံအတိုင်း အရုပ်ငယ်လေးတစ်ရုပ် ဖန်တီးထုတ်လုပ်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly