အိန္ဒိယထုတ် ကာကွယ်ဆေးများအား ၉၂ နိုင်ငံမှ တောင်းဆို

အိန္ဒိယထုတ် ကာကွယ်ဆေးများအား ၉၂ နိုင်ငံမှ တောင်းဆို

ဇန်နဝါရီလ ၂၂ ၊ ၂၀၂၁

၉၂နိုင်ငံသည် ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် အိန္ဒိယနိုင်ငံသို့ ချဉ်းကပ်နေကြပြီး နယူးဒေလီ၏ ကမ္ဘာ့ကာကွယ်ဆေးအချက်အချာဖြစ်သော အချက်ကို အားကောင်းလာစေသည်။

အိန္ဒိယတွင် ကာကွယ်ဆေးထိုးမှုသည် စနေနေ့တွင်စတင်ခဲ့ပြီးချိန်မှစ၍ အိန္ဒိယကာကွယ်ဆေးများသည် ဘေးထွက်ဆိုးကျိုး အနည်းငယ်သာရှိသည်ဟူသော သတင်းများပျံ့နှံ့သကဲ့သို့ နိုင်ငံများစွာသည် အိန္ဒိယအား ချဉ်းကပ်လျက်ရှိသည်ဟု သတင်းအရင်းအမြစ်များအရ သိရသည်။

အိန္ဒိယသည် ပြည်တွင်း ဖော်ထုတ်ထားသော ကာကွယ်ဆေးများကို နီပေါ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့အပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ ပေးပို့လျက်ရှိသည်။

 ဝန်ကြီးချုပ်မိုဒီထံသို့ အင်္ဂါနေ့က ဒိုမီနီကန်ရီပက်ဘလစ်မှ ဝန်ကြီးချုပ် Roosevelt-Skerrit က အိန္ဒိယဆေးများအား တိုက်များဖြတ်ကျော်၍ ဝယ်လိုကြောင်း ပြသနေကာ ကာကွယ်ဆေးအား တောင်းဆိုခဲ့သည်။ “ကျနော်တို့က ၂၀၂၁ထဲ ရောက်လာပြီး ကိုဗစ်-၁၉ကို တွန်းလှန်နေစဉ် ဒိုမီနီကာလူဦးရေ ၇၂,၁၀၀ က  Oxford-AstraZeneca ကာကွယ်ဆေး အလုံအလောက်ရဖို့ အရေးပေါ်လိုအပ်နေတယ်။ ဒါကြောင့် ကျွန်ုပ်တို့၏လူဦးရေကို ဘေးကင်းစေဖို့ (ပထမနဲ့ ဒုတိယဆေးပမာဏ ၇၀၀၀၀ ကိုအကောင်းဆုံးဖြစ်အောင်) လှူဒါန်းခြင်းဖြင့် ကူညီဖို့ သင့်ကို ကျွန်ုပ်တို့က အလွန်နှိမ့်ချ လေးစားစွာတောင်းဆိုပါတယ်” ဟု Skerrit က ရေးသားခဲ့သည်။

 လက်တင်အမေရိကရှိ အခြားဒေသများတွင် အမေရိကန်အပြင် ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဒုတိယအမြင့်ဆုံး ဖြစ်သော ဘရာဇီးသည် Pune မှ အိန္ဒိယကာကွယ်ဆေးများကို သယ်ဆောင်ရန် အထူးလေယာဉ်တစ်စင်းကို စေလွှတ်ခဲ့သည်။

ဘရာဇီးလေယာဉ်သည် အစိုးရ၏ Fiocruz ဇီဝဆေးပညာဌာနမှ ဝယ်ယူထားသော ကိုဗစ်-၁၉ ကာကွယ်ဆေး၏ ပထမ ၂ သန်းကို သယ်ဆောင်လာမည်ဟု မျှော်မှန်းရသည်။

Sao Paulo မှ ရိုက်တာသတင်းဌာန၏ အဆိုအရ ကျန်းမာရေးဝန်ကြီး Eduardo Pazuello ကို အိန္ဒိယနိုင်ငံ Serum Institute မှ ထုတ်လုပ်သော AstraZeneca-Oxford တက္ကသိုလ် ကာကွယ်ဆေးကို ယူဆောင်ရန် စာရွက်စာတမ်းများ အဆင်သင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required