ဗုဒ္ဓဟူးနေ့တုန်းက ဂျိုးဘိုင်ဒန်က အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို လူတွေ အများကြီး မလာနိုင်အောင် အကာအကွယ်တွေ၊လုံခြုံရေးတွေ တင်းကြပ်ထားခဲ့တာကြောင့် အရင်နှစ်တွေကလို မဟုတ်ဘဲ ဖိတ်ကြားထားတဲ့ လူအနည်းစုပဲတက်ရောက်ခွင့်ရခဲ့တာပါ။ ပြည်သူတချို့ကတော့ နီးနိုင်သမျှ အနီးဆုံးကနေ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို ကြည့်နိုင်ဖို့ ကပ်ရောဂါကြားက ရောက်လာသူတွေလည်း ရှိပါတယ်။ ု VOA သတင်းထောက် Carolyn Presutti သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ဆက်ထားပါတယ်။