ငြိမ်းချမ်းရေး တောင်းဆိုဖို့ ၈၈ နှင့် အနုပညာရှင်များ ပူးပေါင်းပြီ

ငြိမ်းချမ်းရေး တောင်းဆိုဖို့ ၈၈ နှင့် အနုပညာရှင်များ ပူးပေါင်းပြီ

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း၌ ဖြစ်ပွားနေသည့် စစ်ပွဲများရပ်တန့်ကာ ငြိမ်းချမ်းရေး တောင်းဆိုသည့် လှုပ်ရှားမှုတစ်ရပ်ကို အနုပညာရှင် အချို့နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်သည်။

"အဓိကကတော့ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေ ရပ်ပြီးတော့ ငြိမ်းချမ်းရေးဖော် ဆောင် နိုင်အောင် နောက် စစ်ဘေးရှောင်တွေ အန္တရယ်ကင်းအောင် ဘယ်လို ကူညီနိုင်မလည်းဆိုတာ စဉ်းစားပြီး တော့ လှုပ်ရှားမှု တစ်ခု လုပ်ဖို့ပါပဲ" ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း အဖွဲ့ဝင် ကိုဂျင်မီက ပြောသည်။

နိုင်ဝင်လာလ(၂၃)ရက်နေ့ နေ့လည်(၁)နာရီက ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးခန်း၌ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ယင်းလှုပ်ရှားမှုတွင် ရန်ကုန်မြို့တွင်း၌ အလူငွေ ကောက်ခံခြင်း၊ သီချင်းတွေ ဆခြင်း၊ ကဗျာရွတ်ခြင်း၊ ပန်းချီ ဆွဲခြင်းများ လုပ်ဆောင်ကာ ရရှိလာသည့် အလှူငွေများကို စစ်ဘေးရှောင် ပြည်သူများအား သွားရောက်လှူ  ဒါန်းမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဆောင်ရွက်ရခြင်းမှာ လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင် ပြည်သူများနှင့် ထပ်တူ ခံစားရမှုကို ပြသရန်အတွက်ဖြစ်ပြီး ယင်းအခြေနေကို ဖြေရှင်းပေးရန်မှာ လက်ရှိအစိုးရ၏ တာဝန်သာ ဖြစ်ကြောင်း ဆွေးနွေးပွဲ ဆက်ရောက်ခဲ့သည့် ဒါရိုက်တာ ကြည်ဖြူသျှင်က ပြော သည်။

"အစ်မတို့က ဒီစစ်ဘေးရှောင် ပြည်သူတွေနဲ့ ထပ်တူ ရင်ထဲမှာ စိတ်မကောင်းဖြစ်ရတယ်ဆိုတာကို ပြချင် တာ ပါ။ အကျိုးသက်ရောက်မှုဆိုတာထက် ကိုယ့်ရင်ထဲမှာ ရှိအောင် ပြချင်တာပါ။အစ်မတို့ အနုပညရှင်တွေလဲ ပြည်သူတွေပါပဲ။ ပြည်သူတွေတောင် စိတ်မကောင်း ဖြစ်တယ်ဆိုရင် လက်ရှိအစိုးရက ပိုပြီးတောင် စိတ်မ ကောင်း ဖြစ်သင့်တယ်။ လုပ်ပေးသင့်တယ်ပေါ့နော်။ ဒါပေမယ့် သိတဲ့အတိုင်းပဲ၊ အစ်မတို့ တိုင်းပြည်မှာက ဘယ်လောက်ပြောပြော လုပ်ပေးချင်မှပေးတာလေ။ ဒါပေမယ့် အစ်မတို့ကတော့ ပြောနေရမှာပဲ"ဟု ဆိုသည်။

အဆိုပါ လှုပ်ရှားမှုတွင် အနုပညာရှင်များ၊ နိုင်ငံရေးအင်အားစုများ၊ ကျောင်းသားများ၊ တက်ကြွလှုပ်ရှားသူများ၊ ကဗျာဆရာများ၊ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး နိုဝင်ဘာ(၂၅)ရက်နေ့တွင် ပထမအကြိမ် အစည်းအဝေး အဖြစ် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် လင်းလူ့အဖွဲ့အစည်း ရုံးတွင် ပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags