၄၆ ယောက်မြောက် အမေရိကန် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ

21 January 2021
၄၆ ယောက်မြောက် အမေရိကန် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ

အမေရိကန်ပြည်ထောင်စုမှာ ဇန်နဝါရီလ ၂၀ ရက် ဗုဒ္ဒဟူးနေ့ ဒေသစံတော်ချိန် မနက် ၁၁ နာရီကျော် မှာပဲ သမ္မတ ကျမ်းသစ္စာ ကျိန်ပွဲ ကျင်းပခဲ့တာကြောင့် ရွေးကောက်ခံ Joe Biden က အမေရိကန်ပြည်ထောင်စုရဲ့ ၄၆ ယောက်မြောက် သမ္မတ ဖြစ်လာပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လက်တွေ့ ကြုံတွေ့နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ဘေးကြောင့် ဒီတခေါက် ကျမ်းသစ္စာကျိန်ဆိုပွဲကို အရင်ကေတွေလို လူအများတက်ရောက်ခွင့်ပေးပြီး မကျင်းပနိုင်ခဲ့သလို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ လွှတ်တော်တိုက်ခိုက်မှုတွေ ကြောင့်လည်း လုံခြုံရေးကို ထူးထူးကဲကဲ တင်းကြပ်ထားတာပါ။ အမေရိကန်သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲနဲ့ ပတ်သတ်ပြီး နောက်ဆုံးရအေဂျင်စီ သတင်းတွေကို မအိသန့်စင်က စုစည်းတင်ပြထားပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly