ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ မပြီးပြတ်သေးတဲ့ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ကိစ္စ နှင့် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်နိုင်တဲ့ အကြီးစား စီမံကိန်းဖြစ်တဲ့ ဘိလပ်မြေစက်ရုံ ၊သတ္တုသန့်စင်စက်ရုံ တို့ကို မူအရ ရှေ့လုပ်ငန်းစဉ်အနေနဲ့ ဖယ်ရှားရေးကိစ္စကို လူထုဆန္ဒနဲ့အညီ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဒီကနေ့ပြုလုပ်တဲ့ ပါတီရုံးဖွင့်ပွဲမှာ အတွင်းရေးမှူး ခူးသဲရယ်က ပြောသွားပါတယ်။
ရိုက်ကူး /တည်းဖြတ် /တင်ဆက် - ဇာနည်