ဘက်ခမ်းရဲ့ အင်တာမိုင်ယာမီအသင်းရဲ့ နည်းပြအဖြစ် နဗီးလ်ကို ခန့်အပ်

ဘက်ခမ်းရဲ့ အင်တာမိုင်ယာမီအသင်းရဲ့ နည်းပြအဖြစ် နဗီးလ်ကို ခန့်အပ်
Photo: Inter Miami

အင်္ဂလန်ကြယ်ပွင့်ဟောင်း ဒေးဗစ်ဘက်ခမ်းနဲ့ တွဲဖက်ပိုင်ဆိုင်တဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းရဲ့ နည်းပြသစ်အဖြစ် အင်္ဂလန်နဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဖီးလ်နဗီးလ်ကို တနင်္လာနေ့က ခန့်အပ်ခဲ့ပါတယ်။ 

ဖီးလ်နဗီးလ်ဟာ အင်္ဂလန်အမျိုးသမီးလက်ရွေးစင်အသင်းနည်းပြအဖြစ်မှ နုတ်ထွက်သွားခဲ့တယ်လို့ အက်ဖ်အေက တနင်္လာနေ့က ပြောပါတယ်။ 

အသက် ၄၃ နှစ်အရွယ် နဗီးလ်ဟာ အမျိုးသမီးလက်ရွေးစင်အသင်း နည်းပြအဖြစ် သုံးနှစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ 

အက်ဖ်အေက ယာယီနည်းပြချုပ်ရဲ့ အမည်ကို မကြာခင် အတည်ပြုမယ်လို့ ပြောပါတယ်။ 

နဗီးလ်ရဲ့ နေရာမှာ နယ်သာလန်လက်ရွေးစင်အသင်း နည်းပြချုပ် ဆာရင်နာ ဝစ်ချ်မန်းကို အစားထိုး တာဝန်ပေးမယ်လို့ ဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့ပေမယ့် တိုကျိုအိုလံပစ်အပြီးမှာပဲ သူမရဲ့ ရာထူးသစ်ကို စတင်ဖို့ စီစဉ်ခဲ့ပါတယ်။ 

အင်တာမိုင်ယာမီအသင်းကို နဗီးလ်ရဲ့ ယူနိုက်တက်နဲ့ အင်္ဂလန်အသင်းဖော်ဟောင်း ဘက်ခမ်းက တွဲဖက်ပိုင်ဆိုင်ထားပြီး နဗီးလ်ကလည်း အင်္ဂလန်လိဂ်-၂ ကလပ် ဆဲလ်ဖို့ဒ်အသင်းရဲ့ တွဲဖက်ပိုင်ရှင်ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly