နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းကို ဂျီဟတ်တွေ သိမ်းပိုက်

17 January 2021
နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းကို ဂျီဟတ်တွေ သိမ်းပိုက်

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်ရှိ စစ်အခြေစိုက်စခန်းတစ်ခုကို အိုင်အက်စ်အဖွဲ့နဲ့ မဟာမိတ်ပြုထားတဲ့ ဂျီဟတ်တွေက သိမ်းယူသွားနိုင်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက အေအက်ဖ်ပီကို ဇန်နဝါရီ ၁၆ ရက်မှာ ပြောပါတယ်။ ဂျီဟတ် စစ်သွေးကြွတွေဟာ နိုင်ဂျီးရီးယားတပ်ဖွဲ့ဝင်တွေနဲ့အကြား ညပိုင်း တိုက်ခိုက်မှု တစ်ခု ဖြစ်ပြီးနောက် စစ်အခြေစိုက်စခန်းကို သိမ်းယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/77521

တည်းဖြတ် - ဇော်မင်းထွေး

တင်ဆက် - ကျော်ဇောဟိန်း

#နိုင်ငံတကာ #နိုင်ဂျီးရီးယားနိုင်ငံ #ဘော်နိုပြည်နယ် #ဂျီဟတ် #ISWAP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly