ဂျေမီဗာဒီကို အာဂျင်တီးနားတိုက်စစ်မှူး ဘက်တစ္စတူတာနှင့် ရေနီယာရီနှိုင်းယှဉ်

ဂျေမီဗာဒီကို အာဂျင်တီးနားတိုက်စစ်မှူး ဘက်တစ္စတူတာနှင့် ရေနီယာရီနှိုင်းယှဉ်

နိုဝင်ဘာ ၂၄၊ လက်စတာ ။         ။ လက်စတာအသင်းအတွက် ခြေစွမ်းပြဂိုးများသွင်းနေသော တိုက်စစ်မှူး ဗာဒီကို အာဂျင်တီးနားတိုက်စစ်မှူးဟောင်း ဘက်တစ္စတူတာနှင့် နှိုင်းယှဉ်ပြီး နည်းပြရေနီယာရီက ချီးကျူးပြောဆိုလိုက်သည်။

"ဘကတစ္စတူတာက ဖီအိုရင်တီးနားကို ကျွန်တော်ကိုင်နေတုန်း ၁၁ ပွဲဆက်ဂိုးသွင်းပေးခဲ့တယ်။ အဲဒါက ကျွန်တော်နည်းပြသမျှထဲမှာ အကောင်းဆုံးစံချိန်ဖြစ်ပါတယ်"ဟု လက်ရှိတွင် ပရီးမီးယားလိဂ် ၁၀ ပွဲဆက်ဂိုးသွင်းပြီး နစ္စတယ်ရွိုင်း၏စံချိန်နှင့်တူသွားသည့် ကျောနံပါတ် ၉ တိုက်စစ်မှူးကိုပိုင်ဆိုင်ထားသည့် ရေနီယာရီက ဆိုသည်။

"ဗာဒီအနေနဲ့ အဲဒီစံချိန်ကိုရောက်ရှိပြီး ဖြတ်ကျော်နိုင်စွမ်းလဲရှိနေပါတယ်။ လွန်ခဲ့တဲ့လေးနှစ်တုန်းက အပျော်တမ်းအဆင့်မှာသာ ကစားခဲ့တဲ့သူ့ ကို အခုလိုချီးကျူးနေရတာ အံ့သြဖို့လည်းကောင်းတယ်။
ကျွန်တော့်နည်းပြသက်တမ်းမှာ သူ့လိုကစားသမားတစ်ယောက်ကိုပဲ တွေ့ခဲ့ဖူးပါတယ်။ သူကတော့အပျော်တမ်းအဆင့်ကနေ ဂျူဗင်တပ်ကို ရောက်လာပြီး စီးရီးအေဖလားရခဲ့တဲ့ မိုရီနိုတော်ရီဆယ်လီပါ" ဟု ရေနီယာရီက ဆက်လက်ပြောဆိုသည်။

လက်စတာအသင်းအမှတ်ပေးဇယားထိပ်ဆုံးသို့ရောက်နေခြင်းမှာလည်း အင်္ဂလန်တိုက်စစ်မှူး ဗာဒီခြေစွမ်းအပေါ်တွင် များစွာမူတည်နေသည်။ စနေနေ့က နယူးကာဆယ်ကို အဝေးကွင်းတွင် ၃-၀ ဂိုးဖြင့်နိုင်သည့်ပွဲတွင် အသက် ၂၈ နှစ်အရွယ်တိုက်စစ်မှူးကို စိန့်ဂျိမ်းပါ့ခ်တစ်ကွင်းလုံး ချီးကျူးဂုဏ်ပြုခဲ့သေးသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly