ကချင်ပြည်နယ်နေရပ်ပြန်စစ်ရှောင်တွေက နေအိမ်တွေ ပြင်ဆင်ပေးဖို့တောင်းဆို

ကချင်ပြည်နယ်နေရပ်ပြန်စစ်ရှောင်တွေက နေအိမ်တွေ ပြင်ဆင်ပေးဖို့တောင်းဆို

ကချင်ပြည်နယ်အတွင်းက စစ်ရှောင်နေရပ်ပြန်ကိစ္စ ဆောင်ရွက်တဲ့အခါ နေအိမ်တည်ဆောက် ပေးတာတွေနဲ့ အတူ ပြင်ဆင်ရမယ့်နေအိမ်တွေကိုပါ တစ်ပြိုင်တည်းပြင်ဆင်ပေးဖို့ နေရပ်ပြန်စစ်ရှောင်တွေက တောင်းဆိုနေပါတယ်။ 

မိုးမောက်မြို့နယ် ၊ မြို့သစ်အုပ်စု ကျွန်းတောကျေးရွာမှာ ပြန်အခြေချနေထိုင်နေတဲ့ ဒေါ်လုအောန်ကတော့ ၂၀၁၈ ခုနှစ်ကတည်းက စစ်ဘေးရှောင်စန်းကနေ နေရပ်ပြန်အခြေချခဲ့ပေမယ့် နေအိမ်တည်ဆောက်ပေးမှုတွေမှာ ပျက်စီးသွားတဲ့ နေအိမ်တွေကိုပဲ လုံချင်းတည်ဆောက်ပေးပြီး ပြင်ဆင်ရမယ့်အိမ်တွေကို ပြင်ဆင်မှုဆောင်ရွက် မပေးသေးလို့ အခက်ကြုံနေရတယ်လို့ ပြောပါတယ်။ 

ရိုက််ကူး / တည်းဖြတ် - ရန်အောင်ထွန်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly