KNU ပြောတဲ့ ကြောက်ရွံ့ခြင်းကင်းသည့် ဘဝရပ်တည်ရေး အာမခံရန်ဆိုတာဘာလဲ

15 January 2021
KNU ပြောတဲ့ ကြောက်ရွံ့ခြင်းကင်းသည့် ဘဝရပ်တည်ရေး အာမခံရန်ဆိုတာဘာလဲ

မဇ္ဈိမ

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ကရင်အမျိုးသားအစည်းအရုံး(KNU)သည် ပြည်နယ်အဆင့်/ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်(Bilateral)ကို ၂၀၁၂ ခုနှစ်၊ ဧပြီလက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့တို့မှာ အစိုးရ-တပ်မတော်တို့ဖြင့် လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ ပြည်ထောင်စုအဆင့် Bilateral စာချုပ်တွင် အချက် ၁၁ ချက်ပါဝင်သည့်အနက် “ကြောက်ရွံ့ခြင်းကင်း သည့် ပြည်သူပြည်သားများအဖြစ် ဘဝရပ်တည်ရေး အာမခံရန်”ဆိုသော အချက်ပါဝင်ကြောင်း သိရသည်။

ထို သဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် KNU ဘက်က လိုလားနေသော်လည်း အစိုးရ- တပ်မတော်နှင့် KNU ကြား ယနေ့ထိ ဆွေးနွေး အကောင်အထည်ဖော်နိုင်သေးခြင်းမရှိသလို လတ်တလောမှာ လည်း KNU ၏ စစ်ရေး လက်အောက်ခံ တပ်မဟာ (၅) နှင့် တပ်မတော်ကြား ကရင်ပြည်နယ်၊ဖာပွန်မြို့နယ် အတွင်းမှာ တိုက်ပွဲများ ဖြစ်ပွားကာ ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြရသည်။

ထို့ကြောင့် KNU ပြောသည့် “ကြောက်ရွံ့ခြင်းကင်း သည့် ပြည်သူပြည်သားများအဖြစ် ဘဝရပ်တည်ရေး အာမခံရန်”ဆိုသော သဘောတူညီချက်သည် မည်ကဲ့သို့သော် သဘောတူညီချက်ဖြစ်ပြီး မည်ကဲ့သို့ အကောင် အထည်ဖော်ကြရန် သဘောတူညီထားကြသလဲဆိုသည့် အခြေအနေနှင့်ပတ်သက်ပြီး KNU ၏ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးကို မဇ္ဈိမ မီဒီယာက အယ်ဒီတာ ချစ်မင်းထွန်းက Zoom Meeting ကတဆင့် ဆက်သွယ် မေးမြန်းထားပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly