မန်ချက်စတာယူနိုက်တက်တို့ ထိပ်ဆုံးနေရာကို 'မှားယွင်းပြီး' ရောက်ရှိနေတာလို့ဆိုတဲ့ လီဗာပူးလ်ကွင်းလယ်ကစားသမားဟောင်း

မန်ချက်စတာယူနိုက်တက်တို့ ထိပ်ဆုံးနေရာကို 'မှားယွင်းပြီး' ရောက်ရှိနေတာလို့ဆိုတဲ့ လီဗာပူးလ်ကွင်းလယ်ကစားသမားဟောင်း

လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ဂျေဆန် မက်အတ်တီယာက မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာသို့ မှားယွင်းပြီး ရောက်ရှိနေတာဖြစ်ပြီး ချန်ပီယံဆုဖလားအတွက် တိုက်ပွဲဟာ သူ့ရဲ့ကလပ်အသင်းဟောင်းနဲ့ မန်ချက်စတာစီးတီးတို့အကြားဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ 

ဆိုးလ်ရှားရဲ့ အသင်းဟာ ယခုတစ်ပတ်တနင်္ဂနွေနေ့မှာ အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် ပွဲမတိုင်မီ ကြိုးကြာနီတို့ကို သုံးမှတ်ဖြတ်ပြီး ဇယားထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။ 

ဒါဟာ ဆာအဲလက်စ်ဖာဂူဆန်လက်ထက်မှာ နောက်ဆုံးချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်း ဇန်နဝါရီမှာ ယူနိုက်တက်တို့ ပထမဆုံးအကြိမ် အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပါတယ်။ 

ဒါပေမယ့် ဆိုးလ်ရှားလက်ထက် ယူနိုက်တက်တို့ဟာ လိဂ်အဝေးကွင်း ၁၅ ပွဲ ရှုံးပွဲမရှိဘဲ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အထိ ရောက်ရှိလာတာဖြစ်ပါတယ်။ 

မက်အတ်တီယာက မန်ချက်စတာယူနိုက်တက်ဟာ လိဂ်ဦးဆောင်သူအဖြစ် သူ့တို့ရဲ့ နေရာကနေ အဝေးဆီ ကျဆင်းသွားမယ်လို့ ခန်းမှန်းတွက်ချက်ထားပါတယ်။ 

"မန်ချက်စတာယူနိုက်တက်တို့ အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်ရှိနေတာဟာ မှားယွင်းတဲ့ ရပ်တည်မှုလို့ပဲ ကျနော်ကတော့ ထင်ပါတယ်။"လို့ မက်အတ်တီယာက Sky Sports News ကို ပြောဆိုခဲ့ပါတယ်။ 

"ဘန်လေအသင်းက သူတို့ကို ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်စေခဲ့ပေမယ့် သူတို့ဟာ ပြန်လာနိုင်ခဲ့ပြီး ကြံ့ကြံခံခံနိုင်မှု အနည်းငယ် ပြသခဲ့တယ်။ မန်ချက်စတာယူနိုက်တက်မှာ အသင်းစိတ်ဓာတ် နည်းနည်းရှိနေပါတယ်။ 

"ဒါပေမယ့် ဒီရာသီမှာ တခြားအသင်းတွေ ဒဏ်ရာပြဿနာတွေအများကြီး ဖြေရှင်းနေရချိန်မှာ ဆိုးလ်ရှားကတော့ ကိုင်တွယ်ဖြေရှင်းစရာ မရှိပါဘူး။ သူ့မှာ ရွေးချယ်ဖို့ ကစားသမားအများကြီး ရှိခဲ့တယ်။ 

"ရာသီအဆုံးသတ်ချိန်ရောက်ရင် လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးတို့ပဲ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်ရလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ မန်ချက်စတာယူနိုက်တက်တို့ ထိပ်ဆုံးက လျှော့ကျသွားလိမ့်မယ်လို့ ထင်ပါတယ်။ 

"သူတို့ဟာ လိုက်ပ်ဇစ်၊ ပီအက်စ်ဂျီ၊ မန်ချက်စတာစီးတီး၊ အာဆင်နယ်တို့လို အသင်းမျိုးနဲ့ ကစားခဲ့တုန်းက သူတို့ရဲ့ ရလဒ်ကို ခင်ဗျားပြန်ကြည့်ရင် သူတို့ဟာ အဲ့သလိုပွဲတွေမှာ အစမ်းသပ်မခံနိုင်ခဲ့ပါဘူး။"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly