စကော့တလန် ကမ်းလွန်တွင် ရုရှရေငုပ်သင်္ဘောတွေ့၍ ကင်းလှည့်ရှာဖွေနေ

စကော့တလန် ကမ်းလွန်တွင် ရုရှရေငုပ်သင်္ဘောတွေ့၍ ကင်းလှည့်ရှာဖွေနေ

စကော့တလန်ကမ်းလွန်တွင် ရုရှရေငုပ်သင်္ဘောတစ်စီးအား တွေ့သည်ဟု သတင်းများထွက်ပေါ်ရာ ဗြိတိန်တော်ဝင်လေတပ် RAF မှ လေယာဉ်တစ်စီးဖြင့် ရှာဖွေမှုများလုပ်ဆောင်နေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တော်ဝင်ရေတပ်ဖရီးဂိတ်စစ်သင်္ဘောနှင့် ရေငုပ်သင်္ဘောတစ်စီးတို့ကိုလည်း ယင်းရေပြင်သို့ ရှာဖွေရေးအတွက် စေလွှတ်ထားပြီး ကနေဒါနှင့် ပြင်သစ် ရေတပ်ကင်းလှည့်ရေယာဉ်များလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိနေသည်။

ထောက်လှမ်းတွေ့သည့် ရေငုပ်သင်္ဘောကို ရှာဖွေရာတွင် ပြင်သစ်လေယာဉ်တစ်စင်းလည်း အနည်းဆုံး ဆယ်ရက်ကြာ ရှာဖွေလျက်ရှိနေကြောင်း သည်တယ်လီဂရပ်သတင်းတွင် ဖော်ပြသည်။

ဗြိတိန်တော်ဝင်လေတပ်တွင် ရေကြောင်းကင်းလှည့်လေယာဉ် လက်ရှိတွင် ပိုင်ဆိုင်ထားခြင်းမရှိပေ။

သို့သော် ယင်းသို့ ကင်းလှည့်လေယာဉ် မရှိခြင်းကို နိုဝင်ဘာ ၂၃ ရက် ကာကွယ်ရေးနှင့်လုံခြုံရေးမဟာဗျူဟာ ပြန်လည်သုံးသပ်ခြင်းတွင် ဖြေရှင်းသွားမည့်ကိစ္စဖြစ်မည်ဖြစ်ကြောင်း ဘီဘီစီ သတင်းထောက်က ပြောသည်။

ရေငုပ်သင်္ဘောကို စကော့တလန်မြောက်ပိုင်းတွင် ထောက်လှမ်းတွေ့ရှိခြင်းဖြစ်သည်ဆိုသည်။ အဆိုပါ ထောက်လှမ်းတွေ့ရှိသည့် ရေငုပ်သင်္ဘောသည် မည်သည့်နိုင်ငံ ကဖြစ်ကြောင်း၊ နိုင်ငံခြားတိုင်းပြည် ၏ ရေငုပ်သင်္ဘောဖြစ်ကြောင်းကိုမူ ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခြင်းမရှိသေးကြောင်း သိရသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly