ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်ပေးရန် မန္တလေးမြို့တွင် ဆန္ဒပြတောင်းဆိုမည့် တက်ကြွလှုပ်ရှားသူများကို မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက နိုဝင်ဘာ ၂၄ ရက်တွင် ခွင့်ပြုလိုက်သည်။
မန္တလေးမြို့ ၆၂ လမ်း၊ ၄၀x၄၁ လမ်းကြား မနော်ရမ္မံကွင်းအတွင်း ပြုလုပ်မည့် စစ်ပွဲများရပ်ရန် တောင်းဆိုမှုကို ဦးဋ္ဌေးဝင်းက တောင်းခံခဲ့ပြီး ဦးစိုင်းဆိုင်လင်းက ဦးဆောင်မည်ဖြစ်သည်။ ဆန္ဒပြ တောင်းဆိုမှုတွင် ပါဝင်မည့် ခန့်မှန်း လူဦးရေမှာ ၇၅ ဦးခန့်ဖြစ်သည်။
တောင်းဆိုမည့် စာသားများမှာ “ပြည်တွင်းစစ် ရပ်” “စစ်ပွဲသည် အဖြေမဟုတ်” “စစ်ပွဲများ ချက်ချင်းရပ်” ဟူသည့် စာသားများ ပါဝင်မည်ဖြစ်သည်။