အစိုးရသစ်ဖွဲ့ရင် စစ်သားဟောင်းတွေကို ဦးစားပေးဖယ်ရှားမယ်လို့ ဒေါက်တာဇော်မြင့်မောင် ပြောတယ်ဆိုတဲ့ သတင်းအမှား

14 January 2021
အစိုးရသစ်ဖွဲ့ရင် စစ်သားဟောင်းတွေကို ဦးစားပေးဖယ်ရှားမယ်လို့ ဒေါက်တာဇော်မြင့်မောင် ပြောတယ်ဆိုတဲ့ သတင်းအမှား

အစိုးရသစ်ဖွဲ့တဲ့အခါ ဌာနဆိုင်ရာတွေမှာ စစ်သားဟောင်းတွေကို ဦးစားပေးဖယ်ရှားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောတယ်ဆိုတဲ့သတင်းအမှားကိုပြောပြပေးချင်ပါတယ်။
New power mediaဆိုတဲ့ ပေ့ချ်ကနေ ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။

အဲ့ဒီသတင်းအမှားထဲမှာတော့ ကာကွယ်ရေးဝန်ကြီးကို NLDပါတီက နားလည်တဲ့လူကိုခန့်ထားချင်ကြောင်း၊ သွင်ပြောင်းစစ်သားတွေကို ဌာနတွေထဲကနေ အတတ်နိုင်ဆုံးဖယ်ရှားနိုင်အောင်ဆောင်ရွက်မှာဖြစ်ကြောင်း စတာတွေလည်းထည့်ရေးထားပါတယ်။

ဒီသတင်းဟာ Likeလုပ်သူ 600နီးပါး မှတ်ချက်ပေးသူ ၆၀၀ကျော် ပြန်လည်မျှဝေသူ ၅ရာနီးပါးရှိခဲ့ပါတယ်။

Misinformation Busters Episode 36 Segement 2

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly