အမေရိကန်တွင် လူ ၁၀ သန်းကျော်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး

အမေရိကန်တွင် လူ ၁၀ သန်းကျော်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး

ဇန်နဝါရီ ၁၄

နှစ်ချီကြာပြီဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးက ကူးစက်မှု မြင့်တက်နေစဉ် အမေရိကန်နိုင်ငံတွင် ဗုဒ္ဓဟူးနေ့အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမဆေးကို ထိုးနှံခံပြီးသူပေါင်း ၁၀ သန်းကျော်အထိ ရှိကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးစင်တာ CDC အရ သိရသည်။

ကာကွယ်ဆေးကို ပထမဆုံး မည်သူတို့ ထိုးနှံသင့်ကြောင်း CDC နှင့် ထရမ့်အစိုးရတို့က လမ်းညွှန်ချက်များ ပေးပြီး နောက်ရက်မှာပင် ထိုးနှံပေးပြီးသူပေါင်းက ၁၀ ဒသမ ၂ သန်းအထိ ရှိနေခြင်း ဖြစ်သည်။ ကျန်းမာ‌ရေးဝန်ထမ်းများကို ဦးစးပေး ကာကွယ်ဆေး ထိုးနှံပေးရန် တင်းကျပ်သည့် စည်းမျဉ်းများဖြင့် ဖော်ဆောင်ခဲ့ပြီး လက်ရှိတွင် ပြည်နယ်များက အသက် ၆၅ နှစ် မည်သူ့ကို မဆို ကာကွယ်ဆေး ထိုးနှံပေးရန် တောင်းဆိုလာသည်။

ယခုကဲ့သို့ ကာကွယ်ဆေး ထိုးနှံပေးပြီးသူပေါင်း မှတ်တိုင်ထူအောင် မြင့်တက်ခြင်းမှာလည်း နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ရက်သာ သေဆုံးမှု စံချိန်တင်အဖြစ် အင်္ဂါနေ့က ၄၃၃၆ ဦး သေဆုံးခဲ့ချိန်တွင်လည်း ဖြစ်ကြောင်း ရိုက်တာ၏ စစ်တမ်းအရ သိရသည်။

အရေးပေါ်အသုံးပြုခွင့်ရထားသော ကာကွယ်ဆေးနှစ်မျိုးအား အပြည့်အဝသိုလှောင်ပမာဏာကို အစိုးရက ထုတ်ပေးပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် လူသားရင်းမြစ်ဝန်ဆောင်မှု ဝန်ကြီး အဲလက်ဇ်အက်ဇာက ပြောသည်။ ဒုတိယကာကွယ်ဆေးကို စီစဉ်ထားသည့်အတိုင်း ထိုးနှံပေးနိုင်ရေး ကျိန်းသေစေရန် အရန်သိုလှောင်ထားရှိထားကြောင်းလည်း ဆိုသည်။

Moderna နှင့် Pfizer ထုတ် ကာကွယ်ဆေးပေါင်း သန်း ၃၀ နီးပါးတွင် သုံးပုံတစ်ပုံခန့်သာ အသုံးပြုထိုးနှံပေးထားသည်။

နိုင်ငံအနှံ့က နိုင်ငံရေးခေါင်းဆောင်များနှင့် ကျန်းမာရေးတာဝန်ရှိသူများသည် ၎င်းတို့ ဒေသများ၌ လိုအပ်သော အသက် ၆၅ နှင့်အထက် လူဦးရေ အလွန်နည်းပါးခြင်းကြောင့် ဒေသခံများ ကာကွယ်ဆေး ထိုးနှံခံရရေးကို တွန်းတင်လှုပ်ရှားခဲ့ကြသည်။

ကယ်လီဖိုးနီးယားနှင့် နယူးယောက်ပြည်နယ်များက ယခုလအတွင်း ဒေသနေ လူတစ်သန်းကို ကာကွယ်ဆေး ထိုးနှံပေးရန် တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly