ဂျမူး ကက်ရှ်မီးယားရှိ LeT ပုန်းခိုရာနေရာအား ဝင်ရောက်စီးနင်း အကြမ်းဖက်တစ်ဦးအား ဖမ်းဆီးရမိ

ဂျမူး ကက်ရှ်မီးယားရှိ LeT ပုန်းခိုရာနေရာအား ဝင်ရောက်စီးနင်း အကြမ်းဖက်တစ်ဦးအား ဖမ်းဆီးရမိ

ဇန်နဝါရီ ၁၄

ဂျမူးနှင့် ကတ်ရှမီးယားရဲတပ်ဖွဲ့သည် တနင်္ဂနွေနေ့တွင် ပါဝါမာရှိ ပမ်ပေါမြို့ရှိ လက်ရှ်ကာ-အီး-တိုင်ဘာ Lashkar-e-Taiba (LeT)၏ အကြမ်းဖက်အဖွဲ့ ပုန်းခိုရာအား ဝင်ရောက်စီးနင်းခဲ့ကာ အဒီလ် အာမက် ရှာရှ် အမည်ရ တွဲဖက်အကြမ်းဖက်တစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

အဝမ်တီပိုရာရဲအရာရှိများသည် ချန်ဒရာရွာရှိ အိမ်တစ်အိမ်တွင် အကြမ်းဖက်အဖွဲ့ ပုန်းအောင်းနေသည်ဟု သတင်းများအပေါ် အလျှင်အမြန်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဂျမူး ကတ်ရှမီးယား ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
 
“သတင်းအရ 50 RR နဲ့ 110 Bn CRPF နဲ့ ရဲ့တပ်ဖွဲ့က ဒီနေ့မနက်မှာ အဆိုပါအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ပြီး ရှာဖွေနေတဲ့အချိန်မှာ အိမ်ရဲ့ နွားတင်းကုပ်မှာ ပုန်းစရာနေရာအကြီးတစ်ခုကို တွေ့ခဲ့ရတယ်။ ပုန်းတဲ့နေရာအရွယ်အစားက ၁၀ ပေ x၅ပေ x၅ ပေရှိပြီး အဖုံးပါတဲ့ ဝင်ပေါက်နဲ့ ပုန်းတဲ့နေရာကိုသွားတဲ့ ခြောက်ပေလောက်ရှိတဲ့ လှိုဏ်လည်းပါတယ်”ဟု ရဲတပ်ဖွဲ့က ပြောခဲ့သည်။

တားမြစ်ထားသော ဝတ်စုံ LeT နှင့် AK-47 ကျည် ၂၆တောင့်အား ပုန်းခိုသည့်နေရာမှ ရှာဖွေတွေ့ရှိခဲ့သည်။ ထို့အပြင်အ အဝတ်အထည်များနှင့် အခြားအသုံးအဆောင်ပစ္စည်းများလည်း တွေ့ရှိခဲ့သည်။
တရားမဝင်လှုပ်ရှားမှု အက်ဥပဒေ၏ ပုဒ်မအရ ပမ်ပိုရဲစခန်းတွင် အမှုတစ်ခုကိုဖွင့်ထားကာ တွဲဖက်အကြမ်းဖက်သမား အဒီလ် အာမက် ရှာရှ်ကို ဖမ်းဆီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly