လိုင်ယွန်မှ ဒမ်ဘီလီကို အငှားနဲ့ အက်သလက်တီကို ခေါ်ယူ

လိုင်ယွန်မှ ဒမ်ဘီလီကို အငှားနဲ့ အက်သလက်တီကို ခေါ်ယူ
Photos: EPA

အက်သလက်တီကိုအသင်းဟာ လိုင်ယွန်အသင်းမှ ပြင်သစ်တိုက်စစ်မှူး မူဆာ ဒမ်ဘီလီကို အငှားနဲ့ ခေါ်ယူခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။ 

ဒမ်ဘီလီဟာ ရာသီကုန်အထိ အက်သလက်တီကိုနဲ့ ပူးပေါင်းမှာဖြစ်ပြီး ကလပ်အသင်းအနေနဲ့ကတော့ သူ့ကို ယူရို ၃၅ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့် ရှိနေမှာလည်းဖြစ်ပါတယ်။ 

ဒမ်ဘီလီဟာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ မက်ဒရစ်မှာ သူ့ရဲ့ ဆေးစစ်မှု အောင်မြင်ပြီးနောက် အက်သလက်တီကိုဟာ ယူရို ၁.၅ သန်းကို ကနဦး ပေးချေခဲ့ပါတယ်။ 

ကော်စတာရဲ့ စာချုပ်ကို ဒီဇင်ဘာလကုန်ပိုင်းမှာ ဖျက်သိမ်းပြီးနောက်မှာ အသက် ၂၄ နှစ်ကစားသမားဟာ ရောက်ရှိလာတာပါ။ 

ဒမ်ဘီလီအနေနဲ့ တိုက်စစ်မှာ ဆွာရက်ဇ်၊ ဂျာအို ဖီးလစ်၊ ကော်ရီးယားတို့နဲ့ အပြိုင် နေရာလုရမှာဖြစ်ပြီး အက်သလက်တီကိုကတော့ ဒီရာသီ လာလီဂါဖလား ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ချက်နဲ့ အားဖြည့် ခေါ်ယူခဲ့တာဖြစ်ပါတယ်။

 

အက်သလက်တီကိုဟာ နှစ်ပွဲကျန်အနေအထားနဲ့ ဒုတိယနေရာက ရီးယဲလ်မက်ဒရစ်ကို လေးမှတ်အပြတ်ဖြတ်ပြီး ဇယားထိပ်မှာ ရပ်နေပါတယ်။ 

ဒမ်ဘီလီဟာ လက်မောင်းရိုးကျိုးဒဏ်ရာ ခွဲစိတ်ပြီးမှသာ ဖေဖော်ဝါရီလအစောပိုင်းမှာ ကစားနိုင်ဖို့ မျှော်လင့်ရပါတယ်။ ဒါ့ကြောင့် ဖေဖော်ဝါရီ ၂၃ ရက်မှာ ချယ်လ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ်ပထမအကျော့မှာ ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။ 

ဒမ်ဘီလီဟာ ဖူဟမ်နဲ့ ဆဲလ်တစ်အသင်းတွေမှာ အထင်ကြီးလောက်စရာ ကစားသမားဘဝ ဖြတ်သန်းပြီးနောက် ၂၀၁၈ ခုနှစ်မှာ လိုင်ယွန်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ 

ဒါပေမယ့် လီဂူဝမ်းမှာ ပထမဆုံးရာသီမှာ ၁၆ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့်လည်း သူဟာ ဒီရာသီ ၁၂ ပွဲမှာ တစ်ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။ 

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly