အာရှကို အရေးစိုက်ခြင်းပြရန် အာဆီယံခေါင်းဆောင်များကို အိုဘားမား အမေရိကန်သို့ ဖိတ်ခေါ်

အာရှကို အရေးစိုက်ခြင်းပြရန် အာဆီယံခေါင်းဆောင်များကို အိုဘားမား အမေရိကန်သို့ ဖိတ်ခေါ်

အရှေ့အလယ်ပိုင်းပြဿနာများကို ဇောင်းပေးလွန်း၍ အာရှအပေါ် အာရုံစိုက်မှု လျော့သည်ဟု စွပ်စွဲချက်များကို ခြေဖျက်သည့် အနေဖြင့် အမေရိကန်သမ္မတအိုဘားမားက အရှေ့တောင်အာရှ ဆယ်နိုင်ငံမှ ခေါင်းဆောင်များကို လာမည့်နှစ်တွင် ဧည့်ခံတွေ့ဆုံရန်ရှိကြောင်း နိုဝင်ဘာ ၂၂ ရက်တွင် အိုဘားမားက ပြောကြားသည်။

အမေရိကန်လုံခြုံရေးတွင် လုံးလုံးလျားလျားအရေးကြီးတဲ့ အာရှနိုင်ငံများနှင့် ကောင်းမွန်သည့်ဆက်ဆံရေးအလို့ငှာ အာဆီယံခေါင်းများအား အမေရိကန်သို့ လာရောက်ရန်ဖိတ်ခေါ်ထားကြောင်း အိုဘားမားက ပြောသည်။

"ဖိတ်ခေါ်မှုကို လက်ခံကြလို့ ကျွန်တော် ဝမ်းမြောက်ရပါတယ်။ ကျွန်တော်တို့ ဆက်ပြီးအလုပ်လုပ်သွားကြပါမယ်။"ဟု အိုဘားမားက မလေးရှားနိုင်ငံ ကွာလာလမ်ပူသို့ ရောက်ရှိစဉ် ပြောကြားခြင်းဖြစ် သည်။

သမ္မတအိုဘားမား တူရကီ၊ ဖိလစ်ပိုင်မှသည် မလေးရှားသို့ ယခုရောက်ရှိလာသည့် အာရှခရီးစဉ်သည် ပါရီ၊ လက်ဘနွန်နှင့် မာလီတို့တွင် အစွန်းရောက်တိုက်ခိုက်မှုများဖြစ်ပြီး ရောက်ရှိလာခြင်းဖြစ်သည်။

"အာရှဒေသက ကမ္ဘာအဓိကစိန်ခေါ်မှုများလည်း ရှိနေသလို တကမ္ဘာလုံးရဲ့ လုံခြုံရေး၊ ချမ်းသာကြွယ်ဝမှုနဲ့ လူသားဂုဏ်သိက္ခာတို့အတွက်လည်း အရေးကြီးတဲ့ဒေသဖြစ်ပါတယ်။"ဟု အိုဘားမားက ပြော သည်။

ထိုပြင် သမ္မတအိုဘားမားက အမေရိကန်နှင့် မဟာမိတ်များက အိုင်အက်စ်တို့အား တိုက်ခိုက်မှုများကို လျှော့သွားမည်မဟုတ်ကြောင်း၊ အိုင်အက်စ်ခေါင်းဆောင်များကိုရှာကာ ဘဏ္ဍာအထောက်အပံ့များ ကိုလည်း ဖော်ထုတ်ချေမှုန်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref: CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly