လွှတ်တော်အဆောက်အအုံ စီးနင်းမှုမှာ တာဝန်မကင်းဘူးဆိုတာကို ထရမ့် ငြင်းပယ်

လွှတ်တော်အဆောက်အအုံ စီးနင်းမှုမှာ တာဝန်မကင်းဘူးဆိုတာကို ထရမ့် ငြင်းပယ်
Photo - AFP

ဇန်နဝါရီလ ၁၃ ၊ ၂၀၂၁

လွှတ်တော်အဆောက်အအုံကို ထောက်ခံသူတွေ ဝင်ရောက်စီးနင်းတာနဲ့ ပတ်သက်လို့ သမ္မတ ဒေါ်နယ်ထရမ့်ဟာ တာဝန်ရှိတယ်ဆိုတာကို အင်္ဂါနေ့မှာ ငြင်းဆန်ပယ်ချလုက်ပါတယ်။ 

သမ္မတ ထရမ့်ကို အပြစ်ရှိကြောင်း စွဲချက်တင်ဖို့ တစ်ရက်အလိုပါပဲ သူက ခုလို ပယ်ချလိုက်တာအပြင် နိုင်ငံအနှံ့ ထိန်းမနိုင်သိမ်းမရမယ့် အမျက်ဒေါသတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ 

ဗုဒ္ဓဟူးနေ့ ထရမ့်ကို အောက်လွှတ်တော်မှာ ပြစ်တင်စွဲဆိုဖို့ ရှိလာမှာကြောင့် အရုဏ်တက်ချိန်မှာ လွှတ်တော်ရေးရာ Capitol အဆောကအအုံနားမှာ လုံခြုံရေးတပ်ဖွဲ့တွေ တပ်ဖြန့်စောင့်ကြပ်နေပါတယ်။  

ခုတစ်ကြိမ် အပြစ်ရှိတယ်ဆိုပြီး စွဲချက်တင်ခံရရင် ထရမ်ဟာ အမေရိကန်သမိုင်းမှာ နှစ်ကြိမ်တိုင် အပြစ်ရှိကြောင်း စွဲချက်တင်ခံရတဲ့ ပထမဆုံး သမ္မတ ဖြစ်လာမှာ ဖြစ်ပါတယ်။ 

နိုဝင်ဘာ ရွေးကောက်ပွဲမှာ ထရမ့်ဟာ သူသာ အနိုင်ရသူလို့ ဇန်နဝါရီ ၆ ရက်က အတည်ပြုပြောဆိုပြီး လွှတ်တော်ဆီ ချီတက်ကြဖို့ ထောက်ခံသူတွေကို တိုက်တွန်းနှိုးဆော်ခဲ့တာပါ။ ထရမ့်ကို ထောက်ခံသူတွေက လွှတ်တော်ရေးရာ Capital အဆောက်အအုံကို ဝင်ရောက်စီးနင်းကြတဲ့အထိ ဒီမိုကရေစီ အကျည်းတန်တဲ့ ဆူပူအုံကြွမှုအထိ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ 

တက္ကဆက်ပြည်နယ် အလာမို သူ ဖော်ဆောင်ခဲ့တဲ့ အမေရိကန်-မက္ကဆီကို နယ်ခြားတံတိုင်းဆီ ခရီးတို ရောက်ရှိချိန်က ထရမ့်ဟာ ‘အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်း’ နေကြဖို့ ပြောဆိုတိုက်တွန်းခဲ့ပေမယ့် သူ့ သတင်းစကားအားလုံးဟာ သူ့ အပြစ်မကင်းဘူးဆိုတာမျိုးကို ငြင်းပယ်ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ 

ထရမ့်ကို အောက်လွှတ်တော်က ခုလို ပြစ်တင်စွဲဆိုဖို့ ရှိနေချိန်မှာပဲ လက်နက်ကိုင်ဆန္ဒပြမှုတွေ ဖြစ်လာနိုင်တယ်ဆိုပြီး FBI က ပြီးခဲ့တဲ့ ရက်မှာ သတိပေးထားကြောင်း တာဝန်ရှိသတင်းရင်းမြစ်တစ်ရပ်က ပြောခဲ့ပါတယ်။ 

ဒီမိုကရက်ကြီးစိုးတဲ့ အောက်လွှတ်တော်မှာ ထရမ့်ကို ပြစ်တင်စွဲဆိုချက်ဟာ အတည်ပြုမဲပေးဖြစ်မှာက ကျိန်းသေသလောက် ရှိနေပါတယ်။ 

ဒါပေမယ့် ရီပတ်ဘလီကန် ထိန်းချုပ်ရာ အထက်လွှတ်တော်ကတော့ အရေးပေါ်အစည်းအဝေး ခေါ်လို့ မဖြစ်မယ့် အချက်တွေကို စဉ်းစားလျက်ရှိပြီး ထရမ့်ကို သူ့ သက်တမ်းကုန်ဆုံးတဲ့ ဇန်နဝါရီ ၂၀ မကျော်ခင်မှာပဲ စစ်ဆေးမေးမြန်းတာကို လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly