TNLA ကို ဆက်သွယ် စစ်ရေးသတင်းပေးပို့မှုဖြင့် ကျောင်းအုပ်ဆရာမကြီးကို ရဲက အမှုဖွင့်

TNLA ကို ဆက်သွယ် စစ်ရေးသတင်းပေးပို့မှုဖြင့် ကျောင်းအုပ်ဆရာမကြီးကို ရဲက အမှုဖွင့်

ဇန်နဝါရီ ၁၂

တအာန်းလက်နက်ကိုင်တပ်ဖွဲ့ TNLA နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဆိုကာ မန္တလေးတိုင်း မိုးကုတ်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းအုပ်ဆရာမတစ်ဦးကို အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
 
ကျောင်းအုပ်ဆရာမသည် TNLA အဖွဲ့ဝင်တစ်ဦးနှင့် လူမှုရေးပတ်သက်ဆက်နွယ်မှုရှိပြီး " တပ်မတော်စစ်ကြောင်းများ၏ လှုပ်ရှားသွားလာမှုများနှင့် စခန်းချ ရပ်နားမှုအခြေအနေများကို ဆက်သွယ်သတင်းပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း" ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင်  " တယ်လီဖုန်းဖြင့်လည်းကောင်း၊ Viber ဖြင့်လည်းကောင်း၊ လူမှုကွန်ရက် စာမျက်နှာ Facebook Account ဖြင့်လည်းကောင်း၊ Messenger ဖြင့်လည်းကောင်း ဖုန်းခေါ်ဆိုခြင်း၊ အပြန်အလှန်စာပို့ခြင်း၊ Video Call ခေါ်ဆိုခြင်းတို့ဖြင့် နေ့စဉ် ဆက်သွယ်ခဲ့ကြောင်း၊ တောတွင်း နေရာအချို့တွင် လူချင်းတွေ့ဆုံဆက်သွယ်ခြင်း၊ တောတွင်းလက်နက်ကိုင်အဖွဲ့အတွက် အစားအသောက်နှင့် အသုံးဆောင်ပစ္စည်းများပေးပို့ခြင်း" လုပ်ဆောင်ခဲ့သည်ဟုဆိုသည်။

ကျောင်းအုပ်ဆရာမကြီး၏ တယ်လီဖုန်းအတွင်းမှ ဖုန်းနံပါတ်များ၊ Viber၊ Messenger တို့တွင် အပြန်အလှန်ဆက်သွယ်မှုမှတ်တမ်းများကို စိစစ်ဖော်ထုတ်နိုင်ခဲ့သည်ဟုလည်း ပါရှိသည်။

သို့သော် မည်သည့်အမှုဖြင့်စွဲဆိုထားသည်ကို ဖော်ပြထားခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly