ပါကစ္စတန် K-P တက္ကသိုလ်တွင် ဂျင်းဘောင်းဘီအကျပ်နှင့် ရှပ်အင်္ကျီအတိုများအား ပိတ်ပင်

By Tribune
12 January 2021
ပါကစ္စတန် K-P တက္ကသိုလ်တွင် ဂျင်းဘောင်းဘီအကျပ်နှင့် ရှပ်အင်္ကျီအတိုများအား ပိတ်ပင်
A file photo of students in a Islamabad varsity. PHOTO: AFP

ဇန်နဝါရီ ၁၂

ပါကစ္စတန်နိုင်ငံ မန်ရှရာတွင်ရှိသော ဟာဇရာတက္ကသိုလ်သည် ကျောင်းသူ/သားများအတွက် ဝတ်စုံစည်းကမ်းအသစ်ကို ထုတ်ပြန်ခဲ့သည်ဟု ၎င်းတွင် အလုပ်လုပ်နေသော ဌာနနှင့် အုပ်ချုပ်ရေး ဝန်ထမ်းမှ ပြောခဲ့သည်။
 
ထုတ်ပြန်ကြေငြာချက်အရ ကျောင်းသူများနှင့် အမျိုးသမီးဝန်ထမ်းများအား ဂျင်းဘောင်းဘီ အကျပ်များနှင့် တီရှပ်များအစား ဝတ်ရုံရှည်၊ ခေါင်းစည်းပဝါနှင့် ရိုးရာဒူးဖုံးအင်္ကျီရှည်နှင့် ရိုးရာဘောင်းဘီ များကို ဝတ်ဆင်စေကြောင်း သိရသည်။

မိတ်ကပ်ထူထူလိမ်းခြင်း၊ လက်ဝတ်ရတနာများနှင့် လက်ကိုင်အိတ်အကြီးများကိုလည်း ပိတ်ပင်ခဲ့သည်။ အမျိုးသားများအားလည်း အသားကပ်ဂျင်းအကျပ်များ၊ ဘောင်းဘီတိုများ၊ ချိန်းကြိုးများနှင့် ဖိနပ်အပါးများ မဝတ်ဆင်ရန် ညွှန်ကြားခဲ့သည်။ ကျောင်းသားကဒ်ဆွဲထားရန်လည်း မဖြစ်မနေလိုအပ်သည်။
 
အုပ်ချုပ်ရေးဝန်ထမ်းများသည် သပ်ရပ် သန့်ရှင့် ကြည့်ကောင်းသော အဝတ်အစားများ ဝတ်ဆင်ရမည်ဖြစ်ပြီး ဆရာ/မ များသည် သင်ကြားစဉ်အတွင်း အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ရန် လိုအပ်သည်။ သူတို့အားလည်း ဘောင်းဘီတိုများ၊ အသားကပ်ဂျင်းဘောင်းဘီများ၊ နားကပ်များနှင့် လက်ကောက်များမဝတ်ရန် တားမြစ်ထားသည်။

အထက်ပါ အဆိုပြုချက်များအား ပြီးခဲ့သောနှစ် ဒီဇင်ဘာ ၂၉ရက်နေ့တွင် ပြုလုပ်ခဲ့သော (၂၂) ကြိမ်မြောက် ပညာရေးကောင်စီအစည်းအဝေးတွင် တက္ကသိုလ်ဌာနမှူး၏ ဥက္ကဌတာဝန်အရ အတည်ပြုခဲ့သည်။ ဝတ်စုံစည်းမျဉ်းအား တက္ကသိုလ်၏ အဓိပတိဖြစ်သော Khyber-Pakhtunkhwa ၏ အုပ်ချုပ်ရေးမှူး ရှားဖာမန် ၏ ညွှန်ကြားချက်များဖြင့် အကောင်အထည်ဖော်ခဲ့သည်။
 
ဝတ်စုံစည်းမျဉ်းအသစ်နှင့် ပတ်သက်သော မေးမြန်းချက်များကို ပြည်နယ်အစိုးရမှ ပြောရေးဆိုခွင့်ရှိသူနှင့် ဝန်ကြီးချုပ်၏ ပညာရေးဆိုင်ရာအထူးအကြံပေး ကမ်ရန် ဘန်ဂတ်ရှ်က ဖွံ့ဖြိုးတိုးတက်မှုအသစ်ကိုကြိုဆိုပြီး ကျောင်းသားများသည် အဝတ်အစားပြိုင်ဆိုင်မှုထက် လေ့လာမှုတွင် အာရုံစိုက်နိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။

ဝတ်စုံစည်းမျဉ်းအသစ်သည် ဆင်းရဲ ချမ်းသာ အတန်းများအားလုံး အဝတ်အစားအတူတူပင် ဝတ်မည်ဖြစ်သောကြောင့် တန်းညှိပေးလိမ့်မည်ဖြစ်ကြောင်း သူကထပ်လောင်းပြောကြားခဲ့သည်။

“တက္ကသိုလ်တစ်ခုချင်းစီက ကိုယ်ပိုင်ဝတ်စုံစည်းမျဉ်း ချမှတ်ခွင့်ရှိတယ်။ မိန်းကလေးတွေကလည်း ဝတ်စုံစည်းမျည်းကို တင်းတင်းကြပ်ကြပ်လိုက်နာစရာမလိုသလို ဘယ်တက္ကသိုလ်ကမှလည်း ပြည်နယ်ရဲ့ ဝတ်စုံစည်းမျဉ်း စံသတ်မှတ်ချက်တွေကို မချိုးဖောက်ရဘူး”ဟု သူက ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly