ချယ်လ်ဆီးချန်ပီယံဖြစ်အောင် တွမ်ခရုစ်သာလုပ်နိုင်တော့မည်ဟု မော်ရင်ဟိုပြော

ချယ်လ်ဆီးချန်ပီယံဖြစ်အောင် တွမ်ခရုစ်သာလုပ်နိုင်တော့မည်ဟု မော်ရင်ဟိုပြော

ယခုနှစ်ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်း အဆင့် ၄ အတွင်းဝင်နိုင်သေးသော်လည်း ချန်ပီယံဖြစ်ရန်မှာမူ တွမ်ခရုစ်သာ လုပ်နိုင်လိမ့် မည်ဟု နည်းပြမော်ရင်ဟိုက ပြောသည်။

မော်ရင်ဟို၏အသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံးလေးပွဲတွင် ပထမဆုံးအဖြစ် နော့ဝှစ်ချ်ကို ၁-၀ ဖြင့်နိုင်ခဲ့သော်လည်း အမှတ်ပေးဇယား အဆင့် ၁၅ နေရာ၌သာ ရှိနေဆဲဖြစ်သည်။

"အဆင့်လေးနေရာက ကျွန်တော့်အတွက် မဖြစ်နိုင်တဲ့အလုပ် (impossible mission) တစ်ခုမဟုတ်ပါဘူး။ ချန်ပီယံဖြစ်နိုင်မလားလို့ မေးလာရင်တော့ မဖြစ်နိုင်တဲ့အလုပ်လို့ ပြန်ပြောမိမှာပါ။ တွမ်ခရုစ်တော့လုပ်ကောင်းလုပ်နိုင်လိမ့်မယ်။ ဒါပေမဲ့ အဲဒါက နည်းနည်းတော့ ရှုပ်ထွေးတယ်"ဟု မော်ရင်ဟိုက ပြောသည်။

ချယ်လ်ဆီးအသင်းသည် ယခုရာသီ ၁၃ ပွဲကစားပြီးချိန်တွင် အဆင့် ၄ နေရာမှ အာဆင်နယ်အသင်းနှင့် ၁၂ မှတ်ကွာနေသည်။ လွန်ခဲ့သည့် ငါးရာသီအတွင်း ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ် ဝင်ခွင့်ရသည့် အဆင့် ၄ အတွင်းဝင်ခဲ့ပြီး တစ်ရာသီပျမ်းမျှ ၇၂ မှတ်ရခဲ့သည်။

ယင်းစံချိန်အတိုင်းပြန်ရချင်လျှင် လက်ကျန် ၂၅ ပွဲတွင် ၅၈ မှတ်သို့မဟုတ် ၁၉ ပွဲနိုင်၊ တစ်ပွဲသရေကျရန် လိုအပ်သည်။

"အဆင့် ၄ အတွင်းဝင်တဲ့အသင်းတွေဆီက အမှတ်တွေပြန်ရဖို့လိုတယ်။ ဒါ့အပြင်အဲဒီလေးသင်းထဲက တစ်သင်းကလည်း ခြေချော်ဖို့လိုသေး တယ်။ အဆင့် ၄ နေရာက ခက်ခဲတဲ့နေရာဖြစ်ပေမယ့် ဖြစ်နိုင်တဲ့ ပစ်မှတ်တစ်ခုပါ"ဟု မော်ရင်ဟိုက ဆိုသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly