မြိတ်ကျွန်းစု၏ လူထုအခြေပြု ခရီးသွားလုပ်ငန်း အောင်မြင်မယ်လို့ယုံကြည်ကြောင်းဝန်ကြီးချုပ်ဆို

11 January 2021
မြိတ်ကျွန်းစု၏ လူထုအခြေပြု ခရီးသွားလုပ်ငန်း အောင်မြင်မယ်လို့ယုံကြည်ကြောင်းဝန်ကြီးချုပ်ဆို

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ဒုံးပုလဲအော်ကျေးရွာအုပ်စု၊ ဒုံးကျွန်းပေါ်မှာ တည်ရှိတဲ့ ဒုံးညောင်မှိုင်းကျေးရွာရဲ့ လူထု အခြေပြု ခရီးသွား လုပ်ငန်း ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့က စတင် ဖွင့်လှစ်လိုက် ပါတယ်။ အဲ့ဒီ ဖွင့်ပွဲ အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဦးမြင့်မောင် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး မြိတ်ကျွန်းစု၏ လူထု အခြေပြု ခရီးသွား လုပ်ငန်းဟာ အောင်မြင်တဲ့ ခရီးသွား လုပ်ငန်း တစ်ခု ဖြစ်လာ လိမ့်မည်လို့ ဝန်ကြီးချုပ် ဦးမြင့်မောင်က အဆိုပါ ဖွင့်ပွဲ အခမ်း အနားမှာ ပြောဆိုသွားတာပါ။

ရိုက်ကူး /တည်းဖြတ် /တင်ဆက် - ဒီမိုးသွေး (မြိတ်)

#မြိတ်ခရိုင် #ဝန်ကြီးချုပ်ဦးမြင့်မောင် #လူထုအခြေပြုခရီးသွားလုပ်ငန်း  #ဒုံးပုလဲအော်ကျေးရွာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly