မြိတ်တွင် ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းနှင့် မဲလက်မှတ်ဟောင်းများ ဥပဒေနှင့်အညီ မီးရှို့ ဖျက်ဆီး

မြိတ်တွင် ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းနှင့် မဲလက်မှတ်ဟောင်းများ ဥပဒေနှင့်အညီ မီးရှို့ ဖျက်ဆီး
ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ် )

ဇန်နဝါရီ ၁၀၊ ၂၀၂၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ထိန်းသိမ်းထားသည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းနှင့် မဲလက်မှတ်ဟောင်းများကို ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းက ဥပဒေနှင့်အညီ မီးရှို့ဖျက်ဆီးခဲ့သည်။

ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ် )

အဆိုပါ မဲလက်မှတ်ဟောင်းများကို ကလွင်ကျေးရွာအုပ်စု၊ ကလွင်ရွာမ အ‌ရှေကုန်းရပ်၊ မြို့ပတ် (၁) လမ်းရှိ အမှိုက်ပုံအနီး လယ်ကွင်းပြင်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ် )

မြိတ်မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ ဖျက်ဆီးရေးအဖွဲ့ ခေါင်းဆောင် ဦးရွှေဟိုက “အခု မီးရှို့ဖျက်ဆီးတာက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ထိန်းသိမ်းထားတဲ့ မဲစာရင်းနဲ့ မဲလက်မှတ်ဟောင်းတွေ ဖြစ်တယ်” ဟု ပြောသည်။

ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ် )

မြိတ်မြို့နယ်အတွင်းရှိ မဲရုံပေါင်း ၂၂၀ တို့မှ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းနှင့် မဲလက်မှတ်များ ထည့်ထားသည့် ဆာလာအိတ် အထုပ် စုစုပေါင်း ၂၂၀ အိတ်တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ် )

အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း မြို့နယ်အလိုက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတများ၊ မဲလက်မှတ်ဟောင်းများကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေသည်။ ယင်းသို့ ဖျက်ဆီးခြင်းမှာ ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ၊ ၈၆ (ခ) အရ ကာလစည်းကမ်း သတ်မှတ်ချက် ကျော်လွန်သွားခြင်းကြောင့် ဖျက်ဆီးခြင်းဖြစ်ကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly