အိန္ဒိယတွင် အမေရိကန်သံရုံးသစ် တည်ဆောက်ရေးအတွက် အုတ်မြစ်ချ 

အိန္ဒိယတွင် အမေရိကန်သံရုံးသစ် တည်ဆောက်ရေးအတွက် အုတ်မြစ်ချ 

ဇန်နဝါရီလ ၉ ၊ ၂၀၂၁

အိန္ဒိယတွင် သံရုံးသစ် တည်ဆောက်ရေးအတွက် အမေရိကန်အစိုးရက သောကြာနေ့တွင် စတင်အုတ်မြစ်ချပြီး ယင်း နိုင်ငံအတွင်း အမေရိကန်၏ ကြီးထွားလာသော မစ်ရှင်များနှင့် လိုက်လျောညီထွေရှိအောင် ရည်ရွယ်ချက်ဖြင့် တည်ဆောက်မှု တစ်ရပ်ပဲ ဖြစ်သည်။ အဆိုပါ သံရုံးသစ်ကို ၂၀၂၇ ဆောင်းရာသီတွင် ပြီးစီးရန် မျှော်မှန်းထားသည်။ 

သံရုံး၏ ဒီဇိုင်းပုံစံကို နယူးယောက်ရှိ Weiss/Manfredi က ဒီဇိုင်းထုတ်ပြီး သံရုံးသစ်မှာ နယူးဒေလီက သံတမန်ရပ်ကွက်အတွင်း ဧက ၂၈ ဧကတွင် တည်ဆောက်မည် ဖြစ်ကာ လက်ရှိ သံရုံးအဆောက်အအုံ၏ ဘေးတွင် ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာသည်။ 

“သံရုံးရဲ့ ပုံစံသစ်ဟာ နယူးဒေလီမှာ အမေရိကန် သံခင်းတမန်ခင်းအတွက် ခြေကုပ်ခိုင်စေမယ့် ပလက်ဖောင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။”ဟု ထို ကြေညာချက်တွင် ဖော်ပြသည်။ အဆောက်အအုံသစ်များဖြင့် သံရုံးဝင်းအတွင်း သံရုံးသစ်နှင့် ရုံးတိုးချဲ့ဆောင်များ၊ ဝန်ထမ်းအိမ်ရာများနှင့် ထောက်ပံသယ်ပို့ အဆောက်အအုံများဖြင့် အသစ်နှင့် အဟောင်းကို တွဲစပ်စေမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ 

သံရုံးတွင် အုတ်မြစ်ချရာ အခမ်းအနားသို့ အမေရိကန် သံအမတ်ကြီး ကန်နက်ရှ်ဂျက်စတာ၊ အိန္ဒိယ အိုးအိမ်နှင့် မြို့ပြရေးရာ ပြည်နယ်ဝန်ကြီး ဟာဒိဆင်းချ်ပူရီနှင့် နယူးဒေလီဝန်ကြီးချုပ် အာဗန်ကီဂျရီဝဲလ်တို့ တက်ရောက်ခဲ့ကြသည်။ 

“ဒီကနေ့ ကျွန်တော်တို့ ကျင်းပတဲ့ အခု စီမံကိန်းဟာ တိုက်တာတွေနဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်တာပဲ ဆိုတာထက် ပိုပါတယ်။ ဒါဟာ အမေရိကန်-အိန္ဒိယ မိတ်ဖက်ပြုမှုကို အမေရိကန်က အဓွန့်ရှည်တည်တံ့အောင် ကြိုးပမ်းတာရဲ့ ထင်ဟပ်ချက်ပါ။ ပြီးတော့ နှစ်နိုင်ငံ မိတ်ဖက်ပြုမှုရဲ့ ခိုင်မာမှုနဲ့ ရှည်ကြာမှုရဲ့ သက်သေလည်းပဲ ဖြစ်ပါတယ်။”ဟု ဖော်ဖော်ရွေရွေ ရှိတဲ့ အမေရိကန်သံအမတ်ကြီးက ပြောပါတယ်။ 

အဆိုပါ သံရုံးသစ် တည်ဆောက်ရေး စီမံကိန်းရလဒ်အရ အမေရိကန်သည် အိန္ဒိယပြည်တွင်း စီးပွားရေးတွင် ဒေါ်လာ သန်း ၂၀၀ နီးပါး ရင်းနှီးမြုပ်နှံလိမ့်မည်ဖြစ်ပြီး တည်ဆောက်ရေးတွင်လည်း အိန္ဒိယအလုပ်သမား ၈၀၀ ခန့်ကို ငှားရမ်းခန့်အပ်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ 

ယခု သံရုံးသစ် အုတ်မြစ်ချသော နေ့မှာ ၁၉၅၉ ခုနှစ်က မူလသံရုံး အုတ်မြစ်ချရာ ၆၂ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ကြောင်း သံရုံးအရ သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required