ကိုလံဘီယာမှာ လူဦးရေ သန်း ၃၀ လော့ဒေါင်းချခံရတာကြောင့် ဘိုဂိုတာက လမ်းတွေ ခြောက်ကပ် 

ကိုလံဘီယာမှာ လူဦးရေ သန်း ၃၀ လော့ဒေါင်းချခံရတာကြောင့် ဘိုဂိုတာက လမ်းတွေ ခြောက်ကပ် 
Photo - AFP

ဇန်နဝါရီလ ၉ ၊ ၂၀၂၁

ကိုလံဘီယာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှု ထိုးတက်ပြီးနောက် အလျင်အမြန်ပဲ ဆေးရုံတွေ ဝန်ပိလာတာကို ဖြေလျှော့ပေးနိုင်ဖို့အတွက် နိုင်ငံရဲ့ အဓိက မြို့ကြီးတွေက လူဦးရေ သန်း ၃၀ နီးပါးကို တင်းကျပ်တဲ့ လော့ဒေါင်း ချလိုက်ပါတယ်။ ဒါကြောင့် နိုင်ငံရဲ့ မြို့တော် ဘိုဂိုတာက ပင်မလမ်းမကြီးတွေဟာ ပုံမှန်အချိန်ကထက် ပိုပြီး ငြိမ်သက်တိတ်ဆိတ်လို့ နေပါတော့တယ်။ 

“အသက်နဲ့ ကျန်းမာရေးအတွက်၊ ကမ္ဘာသူ ကမ္ဘာသား အားလုံးအတွက်၊ နိုင်ငံအတွက်၊ အစစအရာရာအတွက် ကျေးဇူးပြုပြီး ပူးပေါင်းဆောင်ရွက်ပေးကြပါစို့။”ဆိုပြီး အမျိုးသမီး သူနာပြု မာရီယာဖိုရီရိုက ပြောပါတယ်။ 

အမျိုးသားတစ်ဦးဖြစ်တဲ့ မီဂဲလ်ဂွန်ဇာလက်ဇ်ကလည်း ခုလိုပြောပါတယ်။ “အစမှာကတည်းက ကျွန်တော်တို့သာ သင့်တော်တဲ့ လုပ်ဆောင်မှုတွေနဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ခဲ့ကြမယ်၊ အာဏာပိုင်တွေရဲ့ တိုက်တွန်းချက်တွေကို ဂရုစိုက်ခဲ့ကြမယ်၊ လူခွာနေတာ၊ နှာခေါင်းစည်းတပ်တာတွေကိုလည်း အလေးထား လိုက်နာခဲ့မယ်ဆိုရင် ကျွန်တော်တို့ ခုလို အခြေအနေမျိုးအထိ ဖြစ်လာမှာမဟုတ်တာ ကျိန်းသေတယ်။” 

အမျိုးသား စာဖိုမှူးတစ်ဦးဖြစ်တဲ့ အက်ဝင်းယိုဗာရာကလည်း “ကျွန်တော် အထင်ကတော့ဗျာ နိုင်ငံသားတွေ အားလုံးဟာ ကိုယ့်ကိုယ်ကို စောင့်ရှောက်သင့်တယ်။ ပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့ အသက်လုံခြုံရေး ဆောင်ရွက်ချက်တွေကို လိုက်နာ လုပ်ဆောင်သင့်တယ်။ လက်အိတ်ဝတ်မယ်၊ လက်ဆေးမယ်၊ နှာခေါင်းစည်းတပ်မယ် စတာတွေကို ကိုယ်တိုင်အလေးထား လုပ်ဆောင်ကြဖို့ပါပဲ။ လူတော်တော်များများက ပေါ့ဆကြတယ်ဗျာ။”လို့ ဆိုပါတယ်။ 

“အခု ခက်ခဲရှုပ်ထွေးလှတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာကြောင့် ကျွန်တော်တို့တွေ ဖွံ့ဖြိုးမှုတွေ အမှန်ပဲ ချို့တဲ့သွားရတယ်။ ပညာရေးလည်း အားနည်းသွားရတယ်။”လို့ အငြိမ်းစား အမျိုးသားတစ်ဦးဖြစ်သူ ဟိုစေးရိုဂျက်စ်က ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly