အိန္ဒိယဆေးရုံတွေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ် လက်တွေ့သရုပ်ပြလေ့ကျင့် 

အိန္ဒိယဆေးရုံတွေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ် လက်တွေ့သရုပ်ပြလေ့ကျင့် 
Photo - AFP

ဇန်နဝါရီ ၉  

အိန္ဒိယမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမယ့်နေ့မတိုင်ခင် နိုင်ငံတစ်ဝန်းက ကျန်းမာရေးလုပ်သားတွေနဲ့ စေတနာ့ဝန်ထမ်းတွေဟာ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်နဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေကို သရုပ်ပြလေ့ကျင့်နေကြပါတယ်။  

အိန္ဒိယမှာ AstraZenca နဲ့ Oxford ထုတ်ကာကွယ်ဆေးနဲ့ ပြည်တွင်း ဆေးဝါးကုမ္ပဏီ Bharat Biotech က ထုတ်တဲ့ ကာကွယ်ဆေး နှစ်မျိုးကို အရေးပေါ်အသုံးပြုခွင့်ပေးထားပါတယ်။ 

ကျန်းမာရေးတာဝန်ရှိသူတွေက ကာကွယ်ဆေးရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ကာကွယ်ဆေးထိုးအပြီး လူနာတွေကို ပြုစုစောင့်ရှောက်ပုံတွေကို ဆေးရုံဝန်ထမ်းတွေကို ရှင်းပြကြပါတယ်။  

ကာကွယ်ဆေးထိုးမှုအစီအစဉ်စတင်ပါက လူတစ်ဦးတစ်ယောက်ချင်းစီဟာ ဆေးမထိုးမီ ကျန်းမာရေးတာဝန်ရှိသူ ငါးယောက်နဲ့ အရင်ဆုံး စစ်ဆေးရမှာဖြစ်ပါတယ်။  

အစမ်းသရုပ်ပြတဲ့နေ့တွေမှာတော့ ဆေးထိုးတာကလွဲလို့ ကျန်တဲ့လုပ်ထုံးလုပ်နည်းတွေအားလုံးကို လေ့ကျင့်ကြတာဖြစ်ပါတယ်။  

တာဝန်ရှိသူတွေက ကာကွယ်ဆေးထိုးနှံမယ့်အစီအစဉ် အစအဆုံးကို ဆေးရုံဝန်ထမ်းတွေကို ရှင်းပြခဲ့ကြပါတယ်။ 

ကျန်းမာရေးအရာရှိတစ်ဦးဖြစ်တဲ့ ဆန်ဂျူတာလူက “ကာကွယ်ဆေးထိုးနှံကြတဲ့အချိန်မှာ ကြုံတွေ့ရနိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ လက်တွေ့သရုပ်ပြ လေ့ကျင့်မှုတွေ လုပ်ကြတာပါ။ နေရာအခက်အခဲဖြစ်တာတို့၊ ဝန်ထမ်းမလုံလောက်တာတို့လိုမျိုး ပြဿနာတွေလည်း ပါ,ပါတယ်။ ကာကွယ်ဆေးဖြန့်ဖြူးပြီး ထိုးနှံတဲ့အချိန်မှာ လုပ်ငန်းအားလုံး အဆင်ပြေချောမွေ့နေအောင်လို့ လိုအပ်ချက်တွေကို ဆွေးနွေးဖြေရှင်းကြပါတယ်” လို့ဆိုပါတယ်။  

အိန္ဒိယနိုင်ငံဟာ အမေရိကန်ပြီးရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အများဆုံးနိုင်ငံဖြစ်ကာ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့အချက်အလက်များအရ ဇန်နဝါရီ ၉ ရက်အထိ ကူးစက်ခံရသူပေါင်း ၁၀ ၄၁၃ ၄၁၇ ဦးနဲ့ ၁၅၀ ၅၇၀ ဦး သေဆုံးထားပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required