အမေရိကန် ပါလီမန်အဆောက်အအုံ အတွင်း၌ ကွန်ဖက်ဒရိတ်အလံ လွှင့်ထူတာ အလေးအနက်ထားရမယ့်ကိစ္စ ( ရှင်းလင်းချက် )

အမေရိကန် ပါလီမန်အဆောက်အအုံ အတွင်း၌ ကွန်ဖက်ဒရိတ်အလံ လွှင့်ထူတာ အလေးအနက်ထားရမယ့်ကိစ္စ ( ရှင်းလင်းချက် )

ဇန်နဝါရီလ ၉ ၊ ၂၀၂၁

ဒေါ်နယ်ထရမ့် ထောက်ခံသူများသည် အမေရိကန်ပါလီမန်အဆောက်အအုံကို ဝင်ရောက်စီးနင်းစဉ်တွင် ကွန်ဖက်ဒရိတ် ကိုင်ဆောင်ထားသောဆန္ဒပြသူတစ်ဦး၏ ပုံသည် လူတိုင်း၏အာရုံကိုဖမ်းစားခဲ့သည်။ ဤ ကွန်ဖက်ဒရိတ်အလံသည် ပါလီမန်အဆောက်အအုံ၏ ခန်းမများအတွင်း  ပထမဆုံးအကြိမ်ပေါ်ပေါက်လာခြင်းဖြစ်သည်။

ထိုအလံသည် လူဖြူတို့ကို ပစားပေး၊ အသာစီးရမှုနှင့် လူမည်းများအား လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဖယ်ကျဉ်မှုများအား ရည်ညွှန်းသောကြောင့် ထိုပုံရိပ်သည် အရေးပါသည်။
 
ကွန်ဖက်ဒရိတ်အလံသည်  ၁၈၆၁ ခုနှစ် ပြည်တွင်းစစ်အတွင်း စတင်ပေါ်ပေါက်ခဲ့သည်။ သို့သော် ၂၀ ရာစုမှသာ စစ်ပွဲကို အောက်မေ့သော ဇာတ်ကြောင်းအသစ်ရေးသားရာတွင် နိုင်ငံရေးသင်္ကေတအဖြစ် ပေါ်ထွက်လာခဲ့သည်။

ကွန်ဖက်ဒရိတ်အလံ ဘယ်လိုအစပြုခဲ့သလဲ?

ဤအလံသည် လင်ကွန်းကို သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ပြီး ၁၈၆၁ ခုနှစ်တွင် ပြည်ထောင်စုမှခွဲထွက်ခဲ့သော တောင်ပိုင်းအမေရိကကွန်ဖက်ဒရိတ်ပြည်နယ်ခုနှစ်ခုကို ကိုယ်စားပြုသည်။  နောက်ထပ်ပြည်နယ် လေးခုသည် နောက်ပိုင်းတွင်ပူးပေါင်းဝင်ရောက်ခဲ့သည်။

လင်ကွန်းသည် ယူအက်စ်ပိုင်နက်နယ်မြေထဲရှိ နယ်မြေများအားလုံးတွင် ကျွန်စနစ်ကိုပိတ်ပင်ခြင်းကို လိုလားခဲ့သည်။ ကျွန်အလုပ်သမားအပေါ်အလွန်အမင်းမှီခိုနေရသော တောင်ပိုင်းပြည်နယ်များက ကျွန်စနစ်ကိုလုံးဝဖျက်သိမ်းရန်လုပ်ဆောင်မှုသည် ၎င်းတို့၏အခြေခံဥပဒေဆိုင်ရာ အခွင့်အရေးများကို ထိုးနှက်ရန်  အစီအစဉ်တစ်ခုလုပ်လာခြင်းအဖြစ်ရှုမြင်ခဲ့သည်။
 
အကျိုးဆက်အနေဖြင့် ၁၈၆၁ မှ ၁၈၆၅ အထိ လေးနှစ်ကြာစစ်ပွဲဖြစ်ပွားခဲ့ပြီး ကွန်ဖက်ဒရိတ်ပြည်နယ်များ စစ်ရှုံးနိမ့်ခဲ့သည်။ ပြည်တွင်းစစ်သည် အမေရိကန်တွင်အကုန်အကျအများဆုံးနှင့် အဆိုးရွားဆုံးသောစစ်ပွဲဖြစ်ပြီး လူပေါင်း ၆၂၀,၀၀၀ ခန့် သေဆုံးစေခဲ့ပြီး ဒဏ်ရာရသူ သန်းနှင့်ချီရှိကာ တောင်ပိုင်းနေရာအများအပြား ပျက်စီးစေခဲ့သည်။ ၁၈၆၂ ခုနှစ် စစ်ဖြစ်နေစဲကာလ လင်ကွန်းသည် ကွန်ဖက်ဒရိတ်ပြည်နယ်များရှိ ကျေးကျွန်များအား လွှတ်ပေးသော အကြိုလွတ်မြောက်ခြင်းကြေညာချက်ကိုထုတ်ပြန်ခဲ့သည်။
 
ထိုသို့ကြေညာရခြင်းသည် စစ်ရေးအစီအမံဟုသူကဆိုခဲ့ပြီး ပြည်ထောင်စုပြည်နယ်များရှိ ကျေးကျွန်များသည် လွတ်မြောက်ခြင်းမရှိသော်လည်း လွတ်မြောက်ရေးကြေညာချက်သည် နောက်ဆုံးတွင် အမေရိကန်၌ ကျွန်စနစ်ကို အဆုံးသတ်ရာတွင် အဆုံးအဖြတ်ပေးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ၁၈၆၅ ခုနှစ်တွင် လွတ်မြောက်လာသောလူမည်း ၁၈၆,၀၀၀ နီးပါးသည် ပြည်ထောင်စုစစ်တပ်နှင့် ပူးပေါင်းခဲ့သည်။
 
စစ်ပွဲအပြီး ကွန်ဖက်ဒရိတ်အလံက နိုင်ငံရေးသင်္ကေတအဖြစ် ဘယ်လိုထွက်ပေါ်လာခဲ့သလဲ

စစ်ပြီးသွားသည့်နောက် ဆယ်နှစ်ခန့်အကြာ အမေရိကန်စစ်တပ်သည် ပြန်လည်တည်ဆောက်ရန်နှင့် ပြည်ထောင်စုထဲသွတ်သွင်းမှုအဖြစ် တောင်ပိုင်းဒေသ အများအပြားကိုသိမ်းပိုက်ခဲ့သည်။ ပြန်လည်တည်ဆောက်ရေးကာလသည် လူဖြူများအကြား မကျေနပ်မှုများတိုးပွားလာစေကာ ယနေ့အချိန်ထိ ဆက်လက်ရှိနေဆဲဖြစ်သည်။

ပြည်တွင်းစစ်ကြီးအပြီးတွင် တောင်ပိုင်းသည် ကွန်ဖက်ဒရိတ်အလံအား ၎င်းတို့ ဆုံးရှုံးခဲ့မှု၏ အမှတ်အသားအဖြစ်လက်ခံခဲ့သည်။ ရာစုနှစ်အကုန်ပိုင်းတွင် ၎င်းအလံသည် ကွန်ဖက်ဒရိတ်ပြည်နယ်များမှ ကျဆုံးသူများအား ဂုဏ်ပြုသည့် သင်္ကေတဖြစ်လာပြီး ပြည်တွင်းစစ်၏ အကြောင်းရင်းကိုလည်း မမေ့မပျောက်ရှိနေစေချင်သောပုံစံဖြင့် ဖော်ပြခဲ့ကြသည်။
 
ပြည်တွင်းစစ်၏ သမိုင်းကို ပြန်လည်ရေးသားရန် အလံကိုအသုံးပြုခဲ့သည့် ဥပမာတစ်ခုမှာ ၁၉၃၉ ခုနှစ် လူကြိုက်များသော 'Gone with the wind' ရုပ်ရှင်တွင် တွေ့နိုင်သည်။ ဒဏ်ရာရသူများနှင့် သေကြေနေသော စစ်သည်များပြည့်နှက်နေသည့် ကွင်းပြင်တစ်ခုနှင့် အရှိန်ပြင်းစွာလှုပ်နေသော ကွန်ဖက်ဒရိတ်အလံဖြင့်ပုံသွင်းထားသည့် မြင်ကွင်းသည် ၂၀ ရာစုမှ အမေရိကန်သည် ပြည်တွင်းစစ်၏သမိုင်းကို ပြန်လည်ပုံဖော်ရန်ကြိုးစားခဲ့ပုံကို ပြသနေသည်။

 ၂၀ ရာစုအလယ်ပိုင်းရောက်သောအခါ ကွန်ဖက်ဒရိတ်အလံသည် အသားအရောင်မခွဲခြားရေးအတွက်ပြဌာန်းသည့် ဥပဒေများကိုဆန့်ကျင်သည့် သင်္ကေတဖြစ်လာသည်။  Dixiecratsဟု ခေါ်သော ပါတီအသစ်သည် အာဖရိကန်အမေရိကန်များ၏ နိုင်ငံသားအခွင့်အရေးများကို ကိုင်တွယ်ရန်သမ္မတ ဟယ်ရီ ထရူးမင်း၏ ကြိုးပမ်းမှုများကိုဆန့်ကျင်ခဲ့သည်။ Dixiecrats သည် လူမျိုးရေးခွဲခြားမှုကို ထိန်းသိမ်းလိုခဲ့သည်။ ကွန်ဖက်ဒရိတ်အလံသည် ၁၉၄၈ သမ္မတရွေးကောက်ပွဲအတွင်း Dixiecrat မဲဆွယ်စည်းရုံးရေးတွင် ထင်ရှားခဲ့သည်။ ကူကလက်ကလန် Ku Klux Klan ကဲ့သို့ လူဖြူအစွန်းရောက်အုပ်စုများက ၎င်းကိုမကြာခဏအသုံးပြုခဲ့သည်။

၂၀ ရာစုအလယ်ပိုင်းတွင် ပြည်သူ့အခွင့်အရေးလှုပ်ရှားမှုသည် ပိုမိုတွင်ကျယ်လာကာ ကွန်ဖက်ဒရိတ်အလံသည် ထင်ရှားကျော်ကြားခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် ဂျော်ဂျီယာပြည်နယ်သည် ကွန်ဖက်ဒရိတ်စစ်ပွဲအလံထည့်သွင်းရန် သူတို့၏အလံကိုပြန်လည်ဒီဇိုင်းထုတ်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် တောင်ကယ်ရိုလိုင်းနားသည် ကိုလံဘီယာရှိ ပါလီမန်အဆောက်အအုံတွင် အလံကိုတင်ခဲ့သည်။

မကြာသေးမီကပင် တောင်ကယ်ရိုလိုင်းနား၊ ချာလီစတန်ရှိ ဘုရားရှိခိုးကျောင်းတစ်ခုတွင် ၂၁နှစ်အရွယ် လူဖြူအစွန်းရောက်တစ်ဦးက လူအုပ်စုထဲ ပစ်ခတ်မှုလုပ်ခဲ့သောကြောင့် အာဖရိက - အမေရိကန် ကိုးဦး သေဆုံးခဲ့ရသည်။ ကွန်ဖက်ဒရိတ်အလံကိုင်ထားသော လူငယ်၏ဓာတ်ပုံတစ်ပုံ ပေါ်ထွက်လာသည်။ မစ္စစ္စပီသည် ကွန်ဖက်ဒရိတ်အလံကို ဖယ်ရှားရန် နောက်ဆုံးပြည်နယ်ဖြစ်သည်။ အငြင်းပွားဖွယ်ဖြစ်နေသော်လည်း ၎င်းပြည်နယ်သည် ပြီးခဲ့သည့်နှစ်အထိ အလံကို အသုံးပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required