တရုတ်သို့ ဝင်ရောက်ခွင့်မရသည်မှာ လွန်စွာ စိတ်ပျက်ဖွယ်ကောင်းဟု WHO မှ ကိုဗစ် ကျွမ်းကျင်သူများပြော

တရုတ်သို့ ဝင်ရောက်ခွင့်မရသည်မှာ လွန်စွာ စိတ်ပျက်ဖွယ်ကောင်းဟု WHO မှ ကိုဗစ် ကျွမ်းကျင်သူများပြော

ဇန်နဝါရီလ ၉ ၊ ၂၀၂၁

နိုင်ငံအချို့သည် ကူးစက်ရောဂါ၏ တိုးပွားလာသော ဝန်ထုပ်ဝန်ပိုးနှင့် ရုန်းကန်နေရသောသဖြင့် ကိုရိုနာဗိုင်းရပ်စ်၏ ဇာစ်မြစ်ကိုစုံစမ်းစစ်ဆေးရန် တာဝန်ရှိသော အပြည်ပြည်ဆိုင်ရာကျွမ်းကျင်သူအဖွဲ့အား တရုတ်နိုင်ငံက ဝင်ရောက်ရန် အတည်ပြုခြင်းမရှိသေးသောကြောင့်  အလွန်စိတ်ပျက်မိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အကြီးအကဲက ပြောကြားသည်။

အဖွဲ့ဝင် ၁၀ဦးပါဝင်သော အပြည်ပြည်ဆိုင်ရာအဖွဲ့မှ အဖွဲ့ဝင်နှစ်ဦးသည် တရုတ်နိုင်ငံသို့ စတင်ထွက်ခွာသွားပြီဖြစ်သော်လည်း ဝင်ခွင့်မရသေးကြောင်း WHO မှညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဂျီနီဗာတွင် အင်္ဂါနေ့ကပြုလုပ်သောအွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
 
“တရုတ်အရာရှိတွေက အဖွဲ့ တရုတ်ကိုဝင်ဖို့ လိုအပ်တဲ့ခွင့်ပြုမိန့်တွေကို အပြီးမသတ်ရသေးတာ သိလိုက်ရတယ်”ဟု WHO, တရုတ်နှင့် အကူးအပြောင်း နိုင်ငံများသည် စီစဉ်မှုများတွင်အတူတကွ လုပ်ဆာင်ခဲ့သည်ကိုပါ ထည့်သွင်းပြောကြားခဲ့သည်။

“အကြီးတန်း တရုတ်အရာရှိတွေနဲ့ ဆက်သွယ်ခဲ့ပြီး ဒါကWHO နဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အတွက်  ဦးစားပေးဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း လုပ်ထားခဲ့တယ်။ အစောဆုံး နေရာချထားမှုအတွက် တရုတ်က ပြည်တွင်းလုပ်ထုံးလုပ်နည်းတွေကို မြန်မြန်လုပ်နေတယ်ဆိုတာကို သေချာနေခဲ့တာ” WHO၏ တိရစ္ဆာန်ရောဂါကျွမ်းကျင်သူ Peter Ben Embarek ဦးဆောင်သော WHO ကျွမ်းကျင်သူအဖွဲ့သည် ဗိုင်းရပ်စ်သည် မည်သည့်နေရာမှ လာကြောင်းသိရှိရန် လူနှင့်တိရိစ္ဆာန်များ၏“ ကပ်ရောဂါ၊ ရောဂါပိုးမွှား၊ သွေးရည်ကြည် အကဲဖြတ်ချက်များ” ကို အသေးစိတ်ပြုလုပ်ရန် ၂၀၁၉ အကုန်ပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ် အစပြုခဲ့သည်ဟု တင်ပြကြသော ဝူဟန်သို့ သွားရောက်ရမည်ဖြစ်သည်။

ကာကွယ်ဆေး၏အတည်ပြုချက်များအရကူးစက်ရောဂါကိုထိန်းချုပ်နိုင်လိမ့်မည်ဟုမျှော်လင့်ချက်များမြင့်တက်လာသော်လည်း ကမ္ဘာတဝှမ်းရှိ လူပေါင်း ၈၆.၂ သန်းခန့်တွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိပြီး သေဆုံးသူ ၁,၈၉၅,၂၆၇ ရှိသည်။

အဖွဲ့ဝင်နှစ်ဦးအနက် တစ် ဦးသည် ယခုပြန်လှည့်လာပြီး အခြားတစ် ဦး မှာ တတိယနိုင်ငံသို့ ရောက်ရှိနေသည်ဟု အရေးပေါ်အခြေအနေ အကြီးအကဲ Mike Ryan ကပြောကြားသည်။

“၎င်းက မြန်မြန်ဖြေရှင်းနိုင်တဲ့ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ဗျူရိုကရေစီပြဿနာတစ်ရပ်ပဲ ဖြစ်ဖို့ ယုံကြည်မျှော်လင့်နေပါတယ်”ဟု သူကပြောသည်။

 အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်သူများလာရောက်ရန်အတွက် နေ့ရက်နှင့် ခရီးစဉ်အား ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ညှိနှိုင်းနေဆဲဖြစ်ကြောင်း တရုတ်နိုင်ငံက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ကူးစက်ရောဂါ၏ ဇစ်မြစ်ရှာဖွေရေးအပေါ် တရုတ်၏အနေအထားသည် “အမြဲပွင့်လင်းခြင်းကာ တာဝန်ယူမှုရှိသည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hua Chunying ကဆိုသည်။

တရုတ်နိုင်ငံသည် WHO နှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုရှိကြောင်း သူမက ပြောကြားခဲ့သည်။

 “ ဇစ်မြစ်ပြဿနာက အရမ်းရှုပ်ထွေးတယ်။ တရုတ်နိုင်ငံရှိ ကမ္ဘာ့ကျွမ်းကျင်ပညာရှင်အဖွဲ့ရဲ့ လုပ်ငန်း အောင်မြင်မှုဖို့နဲ့ လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ သက်ဆိုင်ရာ ခိုင်လုံတဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့ လက်ရှိမှာ နှစ်ဖက်စလုံးက ညှိနှိုင်းမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်။ ဒါက ဗီဇာ ပြဿနာ၊ တစ်ကယ့်နေ့ရက်နဲ့ ခရီးစဉ်သက်သက်ပဲ မဟုတ်ဘူးလို့ နားလည်ပါတယ်”ဟု Hua က ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်ရောဂါကျွမ်းကျင်သူများသည် ပြီးခဲ့သည့်ရက်သတ္တပတ်အနည်းငယ်အတွင်းက အသေးစား ရောဂါများနှင့် ရောဂါဖြစ်ပွားမှုများနှင့် အလုပ်များလျက်ရှိသည်ဟု သူမကထပ်ပြောသည်။

“ကျွန်မတို့ရဲ့ ကျွမ်းကျင်သူတွေက ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ ဒီစိတ်ဖိစီးဖွယ်တိုက်ပွဲမှာ စိတ်နှစ်ပြီး ပါဝင်နေပါတယ်”ဟု သူမက ဆိုသည်။
 
တရုတ်နိုင်ငံသည် အစောပိုင်းသီတင်းပတ်များအတွင်း ဖြစ်ပွားခဲ့သည့် ရောဂါဖြစ်ပွားမှုကို ကိုင်တွယ်မှုနှင့် ပတ်သတ်၍ နိုင်ငံရပ်ခြားမှအစိုးရများမှသော်လည်းကောင်း၊ နိုင်ငံသားများမှသော်လည်းကောင်း ပြစ်တင်ဝေဖန်မှုများအား ပယ်ချခဲ့သည်။

အကြီးတန်းသံတမန် Wang Yi လေ့လာတွေ့ရှိချက်များသည် ဒေသအတော်များများတွင် စတင်ခဲ့သည်ဟု ပြောဆိုကာ ကူးစက်ရောဂါစတင်ခဲ့သည့်နေရာနှင့် ပတ်သက်၍ ဆွေးနွေးငြင်းခုံမှုကို ပြန်လည်ပြုပြင်ရန်လည်းကြိုးစားခဲ့သည်။ ရိုင်ယန်သည် ယခင်က ထိုကဲ့သို့သောပြောဆိုချက်များကို “အလွန်အမင်းမှန်းဆပြောဆိုချက်”ဟု ပြောခဲ့သည်။

WHO မှသုတေသနပြုမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်သော်လည်း ယခုအခါ ပိတ်ထားသော Huanan ပင်လယ်စာဈေးနှင့် ဆက်စပ်သည့် ပထမဦးဆုံးဖြစ်ပွားမှုများနှင့်အတူ Wuhan တွင် မည်သည့်အချိန်တွင် မည်သည့်နည်းနှင့် မည်သည်မှ ဗိုင်းရပ်စ်စတင်ပျံ့နှံ့ခဲ့ခြင်းအား မသိရှိရသေးဟုပြောကြားခဲ့သည်။

တရုတ်ပြည်အလယ်ပိုင်းမြို့တော်သည် ပြီးခဲ့သည့်နှစ်ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရောဂါဖြင့်ပထမဆုံးအကြိမ်သေဆုံးမှုအား သတင်းပို့ခဲ့သည်။ ထိုသူသည် အသက် ၆၁ နှစ်အရွယ်ရှိသူ ဈေးတွင်ပုံမှန်ဈေးဝယ်သူဖြစ်သည်။

 ကျန်းမာရေးအာဏာပိုင်များသည် ဈေးကိုပိတ်ဆို့ပြီး ထိုတွင်ရှိသည့်အရာများကို စွန့်ပစ်လိုက်သည့်အခါ သက်သေအထောက်အထားများစွာ ပျောက်ဆုံးသွားနိုင်သော်လည်း ကျွမ်းကျင်သူများသည် ထိုနေရာသို့လာရောက်ရန်မျှော်လင့်ရသည်။ ဈေးသည် လူမှလူသို့ကူးစက်ဖို့အတွက် ကြားခံအဖြစ်လုပ်ဆောင်သော ‘ညစ်ညမ်းမှုအရင်းအမြစ်’သို့မဟုတ် ထိုအချက်များ ပေါင်းစပ်မှုလားဆိုသည်ကိုမှု ယခုထိ ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း ရည်ညွှန်း၍ မှတ်ချက်ပြုခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ဗိုင်းရပ်စ်ဇာစ်မြစ်အား ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုပြုရန် တောင်းဆိုလိုက်သည်။ သြစတြေးလျသည် ဗိုင်းရပ်စ်မည်သို့ဖြစ်ပေါ်လာသည်ကို လွတ်လပ်သော စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်တောင်းဆိုခဲ့ပြီး၊ နှစ်နိုင်ငံကြားတင်းမာမှုများ တိုးပွားစေသည်။
တရုတ်သည် ကူးစက်ရောဂါမှ ပြန်လည်ထူထောင်လာသော်လည်း ဗိုင်းရပ်စ်အား အမြစ်ပြတ်ရှင်းရန် တင်းကြပ်သောအစီအမံများ ဆက်လက်လုပ်ဆောင်နေသည်။

 ဗုဒ္ဓဟူးနေ့တွင် အာဏာပိုင်များသည် ပေကျင်းကိုဝန်းရံထားသည့် Hebei ပြည်နယ်မှ တဆင့်ဖြတ်သန်းသွားသော အဝေးပြေးလမ်းမကြီးများနှင့် ပြည်နယ်၏မြို့တော် Shijiazhuangရှိ နယ်ဝေးဘတ်စ်ကားဂိတ်ကို ပိတ်လိုက်သည်။

ဇန်နဝါရီလ ၅ ရက်နေ့တွင် တရုတ်ပြည်မကြီးမှ ဒေသတွင်းကူးစက်သော ကိုဗစ်၁၉ ဖြစ်ပွားမှု ၂၃ ခုအနက် ၂၀ ခုသည် Hebei ဖြစ်ပြီး ယခင်သုံးရက်အတွင်း ပြည်နယ်အတွင်းဖြစ်ပွားမှု ၁၉ ခုထက်ပိုများခဲ့သည်။

SARS-CoV-2 ဗိုင်းရပ်စ်ကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာမပြသောလူနာများ ရောဂါလက္ခဏာမပြသော ရောဂါအသစ် ၆၄ ခုတွင် ၄၃ ခုမှာလည်း ထိုပြည်နယ်မှဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required