အမေရိကန်-အိန္ဒိယ ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်၏ နယ်စပ် လုပ်ဆောင်မှုကို တန်ပြန်ရန်ဖြစ်ကြောင်း အမေရိကန်သံအမတ်ပြော

အမေရိကန်-အိန္ဒိယ ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်၏ နယ်စပ် လုပ်ဆောင်မှုကို တန်ပြန်ရန်ဖြစ်ကြောင်း အမေရိကန်သံအမတ်ပြော

ဇန်နဝါရီလ ၈ ၊ ၂၀၂၁

အမှန်တကယ်ထိန်းချုပ်မှုမျဉ်း (LAC)တလျှောက် ပေကျင်း၏ခြိမ်းခြောက်နေမှုကို အိန္ဒိယအနေဖြင့်  ရင်ဆိုင်နေရသောကြောင့် အမေရိကန်နှင့် အိန္ဒိယအကြား ရင်းနှီးသော ညှိနှိုင်းဆောင်ရွက်မှုသည် အလွန်အရေးပါကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ကန်နက် ဂျပ်စတာ က အင်္ဂါနေ့တွင် ပြောကြားသည်။

“အိန္ဒိယနိုင်ငံသားတွေနဲ့ အိန္ဒိယရဲ့ လုံခြုံရေးကို အထောက်အကူပြုဖို့ တစ်ခြား ဘယ်နိုင်ငံကမှ ဒီလောက်မလုပ်နိုင်ဘူး။ အိန္ဒိယနယ်စပ်မှာ တရုတ်ရန်လိုတဲ့ လှုပ်ရှားမှုတွေကို စဉ်ဆက်မပြတ် ရင်ဆိုင်ဖြေရှင်းနေရတာကြောင့် ကျွန်ုပ်တိုရဲ့ ရင်းနှီးတဲ့ ညှိနှိုင်းဆောင်ရွက်မှုက အရေးကြီးတယ်”ဟု ဂျပ်စတာ က သူ၏ တာဝန်ထမ်းဆောင်မှုသက်တမ်းအကုန် နှုတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။
 
အိန္ဒိယသည် စစ်ရေးသုံးပစ္စည်းများ ပိုမိုထုတ်လုပ်ရန် အလိုရှိကြောင်းကို အမေရိကန်က အသိအမှတ်ပြုထားကာ အမေရိကန်သည် ဝါရှင်တန်နှင့် နယူးဒေလီအကြား မိတ်ဖက်ပြုမှု ပိုမိုတိုးတက်လာစေရန် ဤအားထုတ်မှုတွင်မျှော်လင့်ထားကြောင်း အမေရိကန်သံအမတ်က ထပ်လောင်းပြောကြားခဲ့သည်။

“ဒီဖြစ်စဉ်တွေပေါ်ပေါက်လာတာနဲ့အမျှ အိန္ဒိယဟာ ပြင်ပဝယ်ယူမှုတွေကို ဂရုတစိုက်အသုံးပြုခြင်းဖြင့် အဓိကစွမ်းဆောင်ရည်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ လိုကောင်းလိုလိမ့်မယ်။ အဲဒီမှာ ဒီကာကွယ်ရေး စက်မှုလက်မှု ပူးပေါင်းဆောင်ရွက်ရေးကို အသွင်ပြောင်းလဲနိုင်ဖို့ အလားအလာရှိတဲ့ တိုက်လေယာဉ်တွေလည်းပါဝင်လိမ့်မယ်"ဟု သူက ပြောခဲ့သည်။

 အမေရိကန်နှင့် အိန္ဒိယတို့သည် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ကိုပိုမိုအားဖြည့်ရန်ကတိက ဝတ်ထားကြောင်းနှင့် လွန်ခဲ့သော လေးနှစ်တာကာလအတွင်း နှစ်နိုင်ငံအနေဖြင့် ခြိမ်းခြောက်မှုများအကြား နိုင်ငံအားလုံခြုံစေရန်နှင့် နယ်နိမိတ်အားကျော်လွန်၍ လုံခြုံရေးထောက်ပံ့နိုင်ရန် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစွာတိုးမြှင့်ထားပြီးဖြစ်ကြောင်း ဂျပ်စတာ က ပြောသည်။

သူက အမေရိကန်သည် ဤဒေသနှင့် အိန္ဒိယနိုင်ငံတို့အား ကတိကဝတ်ပြုထားသည်မှာ “ကျွန်ုပ်တို့၏အနာဂတ်သည် ၎င်းနှင့် ခွဲ၍မရအောင် ဆက်စပ်နေသောကြောင့်ဖြစ်သည်”ဟု ပြောခဲ့သည်။
 
“ ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် အိန္ဒိယ၏ မြင့်တက်လာမှုအပေါ် အမေရိကန်၏ ထောက်ခံမှုသည်နိုင်ငံရေးဘက်မှာ ထင်ရှားတယ်။ တစ်ခြား ဘယ်နိုင်ငံကမှ အမေရိကန်နှင့်အိန္ဒိယလို ခိုင်မာတဲ့ ကာကွယ်ရေးနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံရေးမရှိဘူး”ဟု သူက ပြောခဲ့သည်။

အင်ဒို - ပစိဖိတ်ဒေသသည် တည်ငြိမ်မှု၊ ဦး ဆောင်မှုနှင့် အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာကို ခြိမ်းခြောက်ခြင်းအရှိသည့် ဖွဲ့ဖြိုးတိုးတက်မှုအတွက် ဒီမိုကရေစီစံပြနိုင်ငံများလိုအပ်ကြောင်း ဂျပ်စတာ က ပြောကြားခဲ့ပြီး ခိုင်မာပြီး ဒီမိုကရေစီရှိသော အိန္ဒိယသည် ငြိမ်းချမ်းရေးနှင့် သာယာဝ ပြောမှုကို တိုးမြှင့်နိုင်ရန်အတွက် အရေးကြီးသောမဟာမိတ်ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။

အိန္ဒိယ - ပစိဖိတ်ဒေသသည် “အိန္ဒိယနှင့် အိန္ဒိယသမုဒ္ဒရာတို့သည် အရှေ့အာရှနှင့် ပစိဖိတ်နှင့် ဆက်စပ်နေသည်ဟူသော အချက်ကိုအသိအမှတ်ပြုသောကြောင့်” ၎င်းသည် အထူးသဖြင့် အမေရိကန် - အိန္ဒိယဆက်ဆံရေးအတွက် အထူးအရေးကြီးသည်ဟု ဂျပ်စတာ ကပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ်တွင်သမ္မတ ထရမ့် က လွတ်လပ်ပြီး ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်၏ရည်မှန်းချက်ကို "ယဉ်ကျေးမှုအမျိုးမျိုးရှိသော အချုပ်အခြာအာဏာနှင့် လွတ်လပ်သောနိုင်ငံများသည် အတူတကွ လက်တွဲလုပ်ဆောင်ကာ လွတ်လပ်မှုနှင့် ငြိမ်းချမ်းမှုကို ဖော်ဆောင်နိုင်ခြင်း”ဟူ၍ ဖော်ပြခဲ့ကြောင်း အမေရိကန်သံအမတ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required