ဟောင်ကောင်ပြည်ပြေးအား ကူညီပေးခဲ့သည့် တရုတ်ပြည်မကြီးရှေ့နေ လိုင်စင်ဆုံးရှုံးနိုင်ခြေရှိနေ  

ဟောင်ကောင်ပြည်ပြေးအား ကူညီပေးခဲ့သည့် တရုတ်ပြည်မကြီးရှေ့နေ လိုင်စင်ဆုံးရှုံးနိုင်ခြေရှိနေ  

ဇန်နဝါရီလ ၈ ၊ ၂၀၂၁

တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် လွန်ခဲ့သော သီတင်းပတ်က ရှန်ကျန်းတွင် အကျဉ်းချခံရသော ဟောင်ကောင်ပြည်ပြေး ၁၀ဦးထဲက တစ်ဦး၏ မိသားစုက ငှားရမ်းထားသော တရုတ်ပြည်မရှေ့နေ၏ လိုင်စင်ကို အာဏာပိုင်များက ပြန်ရုပ်သိမ်းဖို့  လုပ်ဆောင်နေခြင်းအပေါ် " ဘယ်လိုမှနားလည်လို့မရနိုင်တဲ့ ဖိနှိပ်မှု" ဟု သူက ပြောဆိုလိုက်သည်။
 
စီချွမ်အခြေစိုက် ပွင့်ပွင့်လင်းလင်းပြောတတ်သူ လူ့အခွင့်အရေးရှေ့နေ လူစီဝေ က သူနှင့် ရန်ကွင်နီယူတို့၏ လိုင်စင်များ သုံးရက်အတွင်း   ပြန်လည်ရုပ်သိမ်းခံရနိုင်ကြောင်း သီးခြားပြည်နယ်တရားရေး အေဂျင်စီများက အကြောင်းမကြားမီ စုံစမ်းစစ်ဆေးရေးလုပ်ထုံးလုပ်နည်းများ မရှိမှုအတွက် ဒေါသထွက်ကြောင်း Post သို့ပြောကြားခဲ့သည်။
 
တနင်္လာနေ့က Wechat အကောင့် ပိတ်ပင်ခံခဲ့ရသော လူစီဝေ၏လိုင်စင်နှင့် ပတ်သက်၍ စီချွမ်တရားရေးဌာနကိုယ်စားလှယ်တစ်ဦးက သူ၏ဥပဒေအကြံပေးကုမ္ပဏီသို့ စာပို့ပြီးတနင်္လာနေ့က ပြောကြားခဲ့သည်ဟု ဆိုခဲ့သည်။
 
“ အင်တာနက်ပေါ်မှာ မသင့်တော်တဲ့ မှတ်ချက်တွေ ထပ်ခါတလဲလဲလုပ်ခဲ့ခြင်း၊   အချိန်ကာလတစ်ခု ပါဝင်တဲ့မက်ဆေ့ချ်တွေက ကြီးမားတယ် ဆိုတာကို ကျွနုပ်တို့စုံစမ်းစစ်ဆေးမှုအရ တွေ့ရသည်။”ဟု the Post မှ မြင်တွေ့ခဲ့ရသောစာတွင် ရေးသားထားသည်။

အာဏာပိုင်များသည် “စီမံခန့်ခွဲရေးဆိုင်ရာပြစ်ဒဏ်”အဖြစ် သူ၏ လိုင်စင်အားပြန်လည်ရုတ်သိမ်းရန် စီစဉ်ထားကြောင်းနှင့် ကြားနာမှုအားတောင်းဆိုရန် တနင်္လာနေ့မှစ၍ သုံးရက်အချိန်ရခဲ့သည်ဟု စာတွင် ဖော်ပြထားသည်။

နာရီအနည်းငယ်အကြာတွင် ဟီနန်ပြည်နယ် အာဏာပိုင်များသည် သူ၏ဥပဒေအကြံပေးကုမ္ပဏီမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီးနောက်သူ၏လိုင်စင်ကိုလည်း ပြန်လည်ရုပ်သိမ်းနိုင်သည်ဟု ရန်  အားပြောခဲ့သည်။  
 
“ ယခုဖောက်ဖျက်မှု၏ သဘောက လေးနက်သည်။ ယခုလုပ်ရပ်သည် ဥပဒေလုပ်ထုံးလုပ်နည်း ပုံရိပ်ကို ဆိုးဆိုးဝါးဝါးထိခိုက်စေပြီးတော့ လူ့အဖွဲ့အစည်းအပေါ် ဆိုးကျိုးသက်ရောက်စေသည်”ဟု စာတွင်   ဆိုထားသည်။
 
လူစီဝေကို ပြီးခဲ့သည့်အပတ်က ယန်တီရန် ခရိုင်ပြည်သူ့တရားရုံးမှ ထောင်ဒဏ် နှစ် နှစ်ချမှတ်ခံခဲ့ရသည့် ကွင်းမွန်း မိသားစုမှ ငှားရမ်းခဲ့ခြင်းဖြစ်ကာ ရန် ကို ထောင်ဒဏ် ခုနှစ်လ ကျခံရသည့် ဝမ် ဝေ-ယင် ၏ဆွေမျိုးများကငှားရမ်းခဲ့သည်။ အခြားရှစ် ဦး ကိုထောင်ဒဏ် ခုနှစ်လမှ သုံး နှစ်အထိချမှတ်ခဲ့သည်။ အသက်မပြည့်သေးသူ သံသယရှိသူနှစ် ဦးကိုဟောင်ကောင်ရဲတပ်ဖွဲ့သို့ပြန်ပို့ခဲ့သည်။

 ရန် နှင့် လူစီဝေ တို့သည် အာဏာပိုင်များ၏သတိပေးချက်များကိုငြင်းပယ်ခဲ့ပြီး ယန်တီရန် ပြည်သူ့လုံခြုံရေးဗျူရိုနှင့် ယန်တီရန် ပြည်သူ့ရှေ့နေချုပ်တို့အား ထိန်းသိမ်းထားသူများနှင့် တွေ့ဆုံခြင်းအားတားမြစ်ခြင်းနှင့် ပတ်သက်၍ လူကိုယ်တိုင်တိုင်တန်းခဲ့သည့် ပြည်မရှေ့နေများဖြစ်ကြသည်။

အစောပိုင်းက စာနယ်ဇင်းများနှင့် စကားပြောခြင်းမပြုရန် သတိပေးခံခဲ့ရသော လူစီဝေ သည် ဟောင်ကောင်တို့၏ အခြေအနေကိုဝေဖန်သော အိတ်ဖွင့်စာများရေးသားခဲ့သည်။

နောက်ဆုံးလုပ်ဆောင်မှုကို တုံ့ပြန်သည့်အနေဖြင့် လူစီဝေသည် အလွန်တုန်လှုပ်ဒေါသထွက်ကာ ပြန်လည်ရုတ်သိမ်းခြင်းမပြုမီ တရားဝင်စုံစမ်းစစ်ဆေးရေး လုပ်ထုံးလုပ်နည်းများမရှိကြောင်း တိုင်ကြားရန်ကြားနာရန်တောင်းဆိုလိမ့်မည်။

 “ ရှေ့နေတစ်ယောက်အနေနဲ့ ကျင့်ဝတ်ဆိုင်ရာလိုအပ်ချက်နဲ့ ကျင့်ဝတ်စည်းမျဉ်းတွေကို ဆန့်ကျင်တဲ့အနေနဲ့ ကျွန်တော်ဘာမှမလုပ်ခဲ့ပါဘူး။ စီချွမ်အာဏာပိုင်တွေက စီစဉ်ထားတဲ့ ပြစ်ဒဏ်ဟာ ဘယ်လိုမှနားမလည်နိုင်တဲ့ ဖိနှိပ်မှုဖြစ်တယ်”ဟု သူက ပြောသည်။

လူစီဝေကို ငှားရမ်းခဲ့သော မွန်း၏အစ်မက စိုးရိမ်ပူပန်မှုအုပ်စုတစ်ခုမှတဆင့် ရှေ့နေသည် “တိုင်းပြည်မကောင်းကြောင်း ဘာမှမပြောဘဲ” သူမမိသားစုကို တရားနည်းလမ်းကျသော အကြံဉာဏ်ပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

“အစိုးရက ပေးထားတဲ့ ရှေ့နေတွေက သူတို့ မည်သူမည်ဝါဖြစ်ကြောင်း မိသားစုတွေကို ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ ဝါကျ ငါးခုထက်နည်းတဲ့နည်းနဲ့ ကျွန်ုပ်တို့ကို စကားပြောဆိုခဲ့တယ်။ သူတို့က စံနှုန်းမီ 'ပုံမှန်ရှေ့နေတွေ’ ဟုတ်ရဲ့လား”ဟု သူမက ဆိုသည်။
 
ဒီကိစ္စကို အကျွမ်းတဝင်ရှိသည့် ပြည်မကြီးရှေ့နေတစ်ဦးကမူ လူစီဝေ၏ ထပ်ခါတလဲလဲဝေဖန်မှုများကို အာဏာပိုင်များကမနှစ်သက်ကြောင်း ဖမ်းဆီးထားသူများ၏အခြေအနေနှင့် ပတ်သက်၍ ဟောင်ကောင်သတင်းစာအား ပြောကြားခဲ့သည်။

“ လိုင်စင်ကို ပြန်လည်ရုပ်သိမ်းတာဟာ ရှေ့နေကိုသေဒဏ်ပေးတာနဲ့တူတယ်။ ဤစာရွက်စာတမ်းက ပြည်မကြီးရှိ တရားဥပဒေအသိုင်းအဝိုင်းမှာ ကျယ်ပြန့်စွာပျံ့နှံ့ခဲ့ပြီး သတိပေးချက်အဖြစ်ရှိခဲ့တယ်”ဟု သူကပြောသည်။

 လူစီဝေသည် ဇူလိုင်လတွင် အစိုးရအာဏာဖြုတ်ချမှုဖြင့် တရားစွဲဆိုခံခဲ့ရသည့် တရုတ်အတိုက်အခံ ကဗျာဆရာ ဝန်ဇန်  နှင့်သူ၏ဇနီး ဝမ်လီ တို့အတွက်လည်း ရှေ့နေလိုက်ခဲ့သည်။
 
 ဟောင်ကောင်သား ၁၂ဦး၏ မိသားစုများကို ကူညီနေသည့်အဖွဲ့တစ်ဖွဲ့က ပြည်မအာဏာပိုင်များသည် နိုင်ငံရေးအရ အထိခိုက်မခံသော ကိစ္စတွင် ရှေ့နေများ၏ပါဝ င်မှုအတွက် “လက်စားချေ” သည်ဟုစွပ်စွဲခဲ့သည့် ကြေငြာချက်တစ်ခုအား Facebook တွင် ထုတ်ပြန်ခဲ့သည်။ "အင်အားကြီးနိုင်ငံတွေရဲ့ အာဏာကို ဆန့်ကျင်ရဲတဲ့ရဲစွမ်းသတ္တိ၊ ၁၂ ယောက်ရဲ့ အခွင့်အရေးကို ဆက်လက်ထိန်းသိမ်းထားဖို့အတွက် အာဏာပိုင်တွေက သူတို့ရဲ့အသက်မွေး ဝမ်းကျောင်းအလုပ်ကိုရပ်တန့်ဖို့နဲ့ သူတို့ရဲ့အသက်မွေးဝ မ်းကျောင်းမှုတွေကို ရပ်တန့်ဖို့ကြိုးစားခဲ့တယ်"ဟု ၎င်းတွင် ပါရှိသည်။

အခြားလူ့အဖွဲ့အစည်းတစ်ခုဖြစ်သော တရုတ်လူ့အခွင့်အရေးရှေ့နေများသည် လူစီဝေ နှင့် ရန် နှစ် ဦး စလုံးသည် တရုတ်နိုင်ငံသားများအား တရားစီရင်ရေးစနစ်သို့ ဝင်ရောက်နိုင်ရန်အတွက် တရားမျှတမှုရရှိရန်ကြိုးပမ်းနေသည်ဟု ပြောကြားခဲ့ကာ ပြစ်ဒဏ်ရုတ်သိမ်းရန် အာဏာပိုင်များအား တောင်းဆိုခဲ့သည်။

 တချိန်တည်းမှာပင် တနင်္ဂနွေနေ့တွင် ရှန်ကျန်းသို့သွားရောက်ခဲ့သော ဟောင်ကောင်ပြည်ပြေး မိသားစုဝင်များက တရားရုံးအားအယူခံဝင်ရန် ဆုံးဖြတ်ခြင်းမရှိဟု ယခင်ဥပဒေပြုအမတ် အက်ဒီ ချူး ဟွိုင်ဒစ် ကပြောကြားသည်။

ချူးကပြောကြားရာတွင် သူတို့အနေဖြင့် အယူခံလမ်းကြောင်းများမရရှိနိုင်သည့်အတွက် လက်လျှော့အရှုံးပေးလိုက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထိုသုံးဦးသည် ရှန်ကျန်းတွင် ဇန်နဝါရီ ၂၄ ထိ ကွာရန်တင်း သုံးပတ်ဝင်နေဆဲဖြစ်သည်။
တရားခံများအနေဖြင့် သူတို့၏ပြစ်ဒဏ်များအား အယူခံဝင်ရန် ၁၀ ရက် အချိန်ရသည်။

 “ ဥပဒေအရ စွပ်စွဲခံရသူသာ အယူခံဝင်နိုင်တယ်။ မိသားစုဝင်တွေကလည်း တရားခံနဲ့ မတွေ့ရကတည်းက အယူခံဝင်တာနဲ့ပတ်သတ်ပြီး သူတို့ ဘာမှ မလုပ်နိုင်ဘူး။ သူတို့က ဒီအတိုင်းပဲ ဆက်သွားဖို့ ဆုံးဖြတ်ခဲ့တယ်။  အခုသူတို့လိုချင်တာအားလုံးက တရားခံတွေကိုလာလည်တာပါပဲ"ဟု သူက ဆိုသည်။

ချူးက ကွာရန်တင်းကာလပြီးဆုံးပြီးနောက် သူတို့အား ယန်တီရန် ခရိုင်ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားဆဲဖြစ်ပါက သူတို့၏ဆွေမျိုးများထံ သွားရောက်ရန် ကြိုးစားလိမ့်မည်ဟုပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly