ဘယ်လ်ဂျီယံတွင် အစွန်းရောက်သံသယရှိသူများကို ပိုက်စိတ်တိုက်ရှာနေ

ဘယ်လ်ဂျီယံတွင် အစွန်းရောက်သံသယရှိသူများကို ပိုက်စိတ်တိုက်ရှာနေ

ဘယ်လ်ဂျီယံနိုင်ငံ ရဲတပ်ဖွဲ့က မြို့တော် ဘရပ်ဆဲလ်တွင် အစွန်းရောက်အကြမ်းသမားဟု သံသယရှိသူများကို ပိုက်စိတ်တိုက်ရှာလျက်ရှိသည်မှာ ဒုတိယနေ့မြောက်လာပြီဖြစ်သည်။

လက်ရှိ ခြိမ်းခြောက်မှုများက ပါရီတိုက်ခိုက်မှုများအတွက် အလိုရှိနေသည့် ဆာလက်ရျ်အဘ်ဒီစလမ်၏ ခြိမ်းခြောက်မှုများထက် ပို၍ ဆိုးကြောင်း ပြည်ထဲရေးဝန်ကြီး ဂျင်ဂျမ်ဘွန်က ပြောသည်။

ဘယ်လ်ဂျီယံနိုင်ငံအနေဖြင့် တိုက်ခိုက်မှုများအတွက် လုံခြုံရေးအမြင့်ဆုံးအဆင့်တွင် ရှိနေသည်။

မြို့တော် ဘရပ်ဆဲလ်တွင် ပါရီတိုက်ခိုက်သူအိုင်အက်စ်များက ခြေကုပ်ယူ လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ ပါရီတိုက်ခိုက်မှုများတွင် သေဆုံးသူပေါင်းမှာ ၁၃၀ ရှိသွားပြီဖြစ်သည်။

ဘရပ်လ်ဆဲမြို့ လုံခြုံရေးအနေအထားပေါ် အစိုးရက ပြန်လည်စိစစ်လျက်ရှိသည်။

မြေအောက်ရထားများလည်း ပြေးဆွဲမှုကို နိုဝင်ဘာ ၂၃ ရက်အထိ ရပ်နားထားမည်ဖြစ်ပြီး မြို့နေများအား လူအုပ်စုလိုက်ရှိနေမှုများကို ရှောင်ရန်လည်း ပြောထားသည်။

ဘရပ်ဆဲလ်တွင် နေထိုင်သည့် ပြင်သစ်နိုင်ငံသား ပါရီတိုက်ခိုက်မှုများတွင် ပါဝင်သူ အဘ်ဒီစလမ်အား လိုက်လံရှာဖွေလျက်ရှိရာ စစ်သားများက လမ်းများပေါ် ကင်းလှည့်လျက်ရှိနေသည်။ ရဲက အဘ်ဒီစလမ်ကို လက်နက်နှင့် ရှိနေသည့် အန္တရာယ်သားကောင်အဖြစ် ကြေညာထားသည်။

၎င်းနှင့် သိကျွမ်းသူများက ၎င်းက ဘရပ်ဆဲလ်တွင် နေထိုင်ခဲ့သူဖြစ်ပြီး ဆီးရီးယားသို့ သွားရန်ကြိုးစားနေသူဖြစ်ကြောင်း ပြောသည်။

"ဘရပ်ဆဲလ်မြို့ ကြုံနေရတာက အဘ်ဒီစလမ်တစ်ယောက်တည်းကြောင့် ခြိမ်းခြောက်မှု ကြုံနေရတာ မဟုတ်ဘူး။ ဒီထက်ပိုတယ်။"ဟု ပြည်ထဲရေးဝန်ကြီး ဂျင်ဂျမ်ဘွန်က ပြောသော်လည်း အခြားအစွန်းရောက်များကပါ ဘယ်လ်ဂျီယံကို တိုက်ခိုက်နိုင်သည်ဟု ရည်ရွယ်ပြောကြားသွားခြင်းလားဆိုသည်ကို သေချာမရှင်းလင်း မသိရပေ။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly