သိပ္ပံဆန်းသစ်တီထွင်မှု ကာကွယ်ဆေးထုတ်လုပ်မှုတွင် အိန္ဒိယ၏ ဦးဆောင်မှုကို ဘီလ်ဂိတ်က ချီးကျူးဂုဏ်ပြု

သိပ္ပံဆန်းသစ်တီထွင်မှု ကာကွယ်ဆေးထုတ်လုပ်မှုတွင် အိန္ဒိယ၏ ဦးဆောင်မှုကို ဘီလ်ဂိတ်က ချီးကျူးဂုဏ်ပြု

ဇန်နဝါရီလ ၇ ၊ ၂၀၂၁

အမေရိကန် စီးပွားရေးလုပ်ငန်းရှင် ပရဟိတသမားကြီး မိုက်ခရိုဆော့ဖ်ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်သည် အင်္ဂါနေ့တွင် အိန္ဒိယ၏ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးကြိုးပမ်းမှုအား ချီးကျူးဂုဏ်ပြုခဲ့သည်။

သူသည် သိပ္ပံဆန်းသစ်တီထွင်မှုနှင့် ကာကွယ်ဆေးထုတ်လုပ်မှု စွမ်းဆောင်ရည်တွင် အိန္ဒိယ၏ ဦးဆောင်မှုကိုလည်း ချီးကျူးဂုဏ်ပြုခဲ့သည်။

“ကမ္ဘာတစ်ဝှမ်းက ကိုဗစ်-၁၉ ကူစက်ရောဂါကို အမြစ်ပြတ်ရှင်းဖို့ လုပ်ဆောင်နေတဲ့အချိန်မှာ သိပ္ပံဆန်းသစ်တီထွင်မှုနဲ့ ကာကွယ်ဆေးထုတ်လုပ်မှု စွမ်းဆောင်ရည်တွေမှာ အိန္ဒိယရဲ့ ဦးဆောင်မှုကို မြင်ရတာ ကောင်းပါတယ်”ဟု PMO India အားတွဲကာ တွစ်တာတွင် ဖော်ပြခဲ့သည်။
 
မိုက်ခရိုဆော့ဖ်တည်ထောင်သူသည် ယခင်က ဝန်ကြီးချုပ် မိုဒီထံသို့ အိန္ဒိယအစိုးရ၏ “ကိုဗစ်-၁၉ တုံ့ပြန်မှုတွင် ထူးခြားသော ဒစ်ဂျစ်တယ်စွမ်းဆောင်ရည်များနှင့် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရန် ထိတွေ့မှု ခြေရာခံရန်နှင့် ကျန်းမာရေးဝန်ဆောင်မှုများနှင့် ဆက်သွယ်ရန်အတွက် Aarogya Setu ဒစ်ဂျစ်တယ်အက်ပလီကေးရှင်းအား စတင်ခဲ့ခြင်း”တို့အတွက် ချီးကျူးဂုဏ်ပြုကြောင်း စာပို့ခဲ့သည်။

“သင်တို့ရဲ့ ဦးဆောင်မှုတွေ၊ နိုင်ငံအတိုင်းအတာ လော့ခ်ဒေါင်းချခြင်း၊ ခွဲခြားထားဖို့အတွက် နေရာတွေ သတ်မှတ်ဖို့ အဓိကထား စမ်းသပ်ချက်တွေ တိုးချဲ့ခြင်း၊ ကွာရန်တင်းထားခြင်း၊ ဂရုတစိုက်ထားရှိခြစ်းစတဲ့ သင်နဲ့ သင့်အစိုးရက စီမံချက်တွေ၊ ကျန်းမာရေးစနစ်တုံ့ပြန်မှု အားကောင်းဖို့နဲ့ R&Dနဲ့ ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုကို မြှင့်တင်ဖို့ ကျန်းမာရေးအသုံးစရိတ် သိသိသာသာတိုးမြှင့်ခြင်းတွေအတွက် ချီးကျူးပါတယ်”ဟု ဂိတ်က ၂၀၂၀ ခုနှစ် ဧပြီလတွင် စာရေးခဲ့သည်။

 တစ်ချိန်တည်းမှာပင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က လည်း ယမန်နေ့အစောပိုင်းတွင် အိန္ဒိယ၏ လုပ်ဆောင်ချက်နှင့် ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်သူအဖြစ် ကိုဗစ်-၁၉ ကူးစက်ရောဂါအား အဆုံးသတ်ရန် ဆုံးဖြတ်ချက်ကို ချီးကျူးခဲ့သည်။ ကူးစက်ရောဂါ တိုက်ဖျက်ရေးတွင် ဝန်ကြီးချုပ် မိုဒီ၏ ကြိုးစားအားထုတ်မှုများအား ချီးကျူးဂုဏ်ပြုရာတွင် သူက “ကျွန်တော်တို့သာ အတူတကွ လုပ်ဆောင်မယ်ဆိုရင် နေရာတစ်ဝှမ်း ထိခိုက်အလွယ်ဆုံးတွေကို ကာကွယ်ဖို့ သက်ရောက်မှုအရှိဆုံး အလုံခြုံဆုံး ကာကွယ်ဆေးတွေ သုံးနိုင်ဖို့ အာမခံနိုင်တယ်”ဟု ရေးသားခဲ့သည်။

တနင်္လာနေ့တွင် ဝန်ကြီးချုပ်မိုဒီက ကမ္ဘာ့အကြီးဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းအစီအစဉ်သည် အိန္ဒိယတွင်စတင်မည်ဖြစ်ကာ CSIRနှင့် အခြားအဖွဲ့များသည် စိန်ခေါ်မှုတိုင်းအား ရင်ဆိုင်ရန်နှင့် အခြေအနေအသစ်များအတွက် အဖြေရှာရန် အတူတကွ လုပ်ဆောင်နေကြကြောင်း ထောက်ပြခဲ့သည်။

 “ဒီအတွက် နိုင်ငံအနေနဲ့ သူ့ရဲ့သိပ္ပံပညာရှင်တွေရဲ့ ပါဝင်ဆောင်ရွက်ချက်အတွက် အလွန်ဂုဏ်ယူမိပါတယ်။ ဒီနေ့က ကျွန်တော့်တို့ရဲ့ သိပ္ပံအဖွဲ့အစည်းတွေ သင်တို့တွေအကုန်လုံးက COVID-19 ကို နှိမ်နင်းဖို့ ကာကွယ်ဆေးဖော်ထုတ်ဖို့ နေ့မအား ညမနား အတူကွ လုပ်ဆောင်ခဲ့တဲ့အချိန်ဆိုတာကို အမှတ်ရဖို့ ဖြစ်ပါတယ်”ဟု သူက ပြောခဲ့သည်။

တနင်္လာနေ့တွင် National Atomic Timescale နှင့် Bhartiya Nirdeshak Dravya တို့၏ အခမ်းအနားဖွင့်ပွဲတွင် ဗီဒီယိုကွန်းဖရင့်မှ တစ်ဆင့် ဝန်ကြီးချုပ်မိုဒီက “အိန္ဒိယ သိပ္ပံပညာရှင်တွေက ‘အိန္ဒိယနိုင်ငံလုပ်’ COVID-19 ကာကွယ်ဆေး နှစ်ခုကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ပြီ။ နိုင်ငံအနေနဲ့လည်း သိပ္ပံပညာရှင်တွေအတွက် အလွန်ဂုဏ်ယူပါတယ်”ဟု ပြောခဲ့သည်။

 အိန္ဒိယသည် အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်သူ Serum Institute of India အပါအဝင် ကမ္ဘာပေါ်တွင် အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်မှု စွမ်းဆောင်ရည်အား ပိုင်ဆိုင်ထားကာ AstraZeneca၊ Novavax နှင့် Gamaleya သုတေသနဌာနများမှ ကာကွယ်ဆေးများအား အမြောက်အများထုတ်လုပ်ရန် ခွင့်ပြုချက်ရပြီးဖြစ်သည်။

လူဦးရေ ၁.၃ ဘီလီယံရှိကာ အသက် ၆၅နှစ်အထက် လူဦးရေ ၉၄ သန်းရှိသဖြင့် ပြည်တွင်း ကာကွယ်ဆေးထိုးခြင်းသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဖြစ်သည်။

လူဦးရေးအများစုသည် ပိုလီယိုနှင့် ကာလဝမ်းရောဂါကဲ့သို့ ရောဂါများ ပုံမှန်ကူးစက်ခံရခြင်းများရှိသဖြင့် ထိုကဲ့သို့သော အမြောက်အများ ကာကွယ်ဆေးထိုးခြင်းနှင့် ပတ်သတ်၍ မှတ်တမ်းကောင်းရှိသည်။

အိန္ဒိယ၏ ကာကွယ်ဆေး ထိုးနှံပေးမှုသည် ရှေ့တန်းကျန်းမာရေးစောင့်ရှောက်ရေး အလုပ်သမားများနှင့် အသက် ၅၀ အထက် လူပုဂ္ဂိုလ်များအား ဦးစားပေးစတင်မည်ဖြစ်သည်။ အစိုးရသည် ခြောက်လမှ ရှစ်လအတွင်း လူဦးရေ သန်း ၂၅၀ အား ကာကွယ်ဆေးထိုးပေးရန် ရည်ရွယ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required