ကဘူးလ်တွင် ဖမ်းမိသော တရုတ်သူလျှို ၁၀ ဦးအား လွတ်ငြိမ်းခွင့်ပေးကာ စင်းလုံးငှားလေယာဉ်ဖြင့် အိမ်ပြန်ပို့

 ကဘူးလ်တွင် ဖမ်းမိသော တရုတ်သူလျှို ၁၀ ဦးအား လွတ်ငြိမ်းခွင့်ပေးကာ စင်းလုံးငှားလေယာဉ်ဖြင့် အိမ်ပြန်ပို့

ဇန်နဝါရီလ ၇ ၊ ၂၀၂၁

အာဖဂန်နစ္စတန်သည် မြို့တော်ကဘူးလ်တွင် အကြမ်းဖက်အဖွဲ့ငယ်တစ်ခုတွင် လုပ်ဆောင်နေသောကြောင့် ဒီဇင်ဘာ၁၀ရက်နေ့က ဖမ်းဆီးခဲ့သော တရုတ်နိုင်ငံသား ၁၀ဦးအား လွှတ်ပေးခဲ့ကာ နိုင်ငံမှ ထွက်ခွာခွင့်ပြုခဲ့ကြောင်း အဆိုပါကိစ္စနှင့် ရင်းနှီးကျွမ်းဝင်သူများက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ထိုအဖွဲ့ဝင် ၁၀ဦးသည် တရုတ်အစိုးရမှ စီစဉ်ပေးသော လေယာဉ်ဖြင့် နိုင်ငံမှ ထွက်ခွာခဲ့ကြသည်။
 
တရုတ်နိုင်ငံသား ၁၀ဦးအား သူလျှိုပြုခြင်းတွင် ပါဝင်ခြင်းကြောင့် အာဖဂန်နစ္စတန် အမျိုးသားလုံခြုံရေးညွှန်ကြားမှုဦးစီးဌာန(NDS) မှ ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းအား Hindustan Times မှ ရေးသားထားခဲ့ပြီးဖြစ်သည်။  တရုတ်သူလျှိုအေဂျင်စီ အမျိုးသားလုံခြုံရေးဝန်ကြီးဌာနနှင့် ဆက်စပ်နေသည့်ဟု ယူဆရသော အနည်းဆုံး အမျိုးသမီး တစ်ဦးအပါအဝင် ၁၀ဦးအား စေလွှတ်ခြင်းအတွက် ပေကျင်း၏ တောင်းပန်ချက်အရ အာဖဂန်နစ္စတန်သည် တရုတ်နိုင်ငံသား ၁၀ဦးအား လွတ်ငြိမ်းခွင့်ပေးရန် ကမ်းလှမ်းခဲ့သည်။

တရုတ်သူလျှို ၁၀ဦးအား လွှတ်ပေးခြင်း အတွက် သတ်မှတ်ချက်များအား မသိရသေးပေ။

သို့ရာတွင် ကာဘူလ်ရှိ သံတမန်များနှင့် လုံခြုံရေးအရာရှိများကမူ ထို၁၀ဦးသည် စနေနေ့တွင် သမ္မတ အရှ်ရက်ဖ် ဂနီထံမှ ရှင်းလင်းချက်ရပြီးသည့်အခါ စင်းလုံးဌားလေယာဉ်ပေါ်သို့ တက်ခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း Hindustan Times သို့ အတည်ပြုပြောကြားထားသည်။ ထို ၁၀ဦးအဖွဲ့အား ထိန်းသိမ်းခံရပြီး ၂၃ရက်အကြာတွင် လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး တရားဝင်တရားစွဲဆိုထားခြင်းမရှိပေ။

ဒီဇင်ဘာ ၁၀ရက်နေ့မှစ၍ အာဖဂန်နစ္စတန် ထောက်လှမ်းရေးအေဂျင်စီက ဖမ်းဆီးမှုများအားလုပ်ဆောင်ခဲ့စဉ်တွင် ထိန်းသိမ်းမှုများနှင့် ပတ်သတ်၍ အကျဉ်းချုပ်ပြောကြားခဲ့သော သမ္မတ ဂနီ သည် အမှုအားကိုင်တွယ်ရန် အာဖဂန်ထောက်လှမ်းရေးအေဂျင်စီ ပြန်လည်ထူထောင်ခဲ့သူဟု မှတ်ယူခံရသော NDS အကြီးအကဲဟောင်း ပထမဒုသမ္မတ အမ်ရူလာ ဆာလရှ် အား တာဝန်ပေးခဲ့သည်။
 
မျှော်လင့်ထားသည့်အတိုင်းပင် သူ၏ Facebook စာမျက်နှာတွင် လုံခြုံရေးဆိုင်ရာ ရှင်းလင်းချက်များ ထုတ်ပြန်လေ့ရှိသော အမ်ရူလာ ဆာလရှ် သည် ဒီဇင်ဘာ ၂၇ရက်နေ့တွင် တရုတ်နိုင်ငံသားများအား ဖမ်းဆီးခြင်းအား အဓိပ္ပာယ်မပေါ်လွင်လှသော ငြင်းပယ်မှုတစ်ခု လုပ်ခဲ့သည်။

“Khairkhaneh နယ်မြေအတွင်း စစ်ဆင်ရေးမှာ နိုင်ငံခြားသားတစ်ယောက်မှ မဖမ်းခဲ့ပါဘူး။ ဖမ်းခံရတဲ့သူတွေက နယ်မြေအတွင်းက palmadis တွေပါ။ သူတို့တွေက ပြန်ပေးဆွဲခြင်းနဲ့ လုပ်ကြံသတ်ဖြတ်ခြင်းတွေမှာ ပါဝင်တယ်လို့ သံသယရှိတာကြောင့် ဖမ်းခံရတာပါ”ဟု အာဖဂန်နစ္စတန် ပထမ ဒုသမ္မတက ပြောသည်။
 
အကယ်၍ ပေကျင်းသည် နိုင်ငံတကာစံနှုန်းများကို ချိုးဖောက်ခြင်းနှင့် ကာဘူလ်၏ ယုံကြည်မှုကိုသစ္စာဖောက်ခြင်းအား ဝန်ခံကြောင်း တရားဝင် တောင်းပန်လျှင် သူလျှို ၁၀ ဦး အား လွှတ်ပေးရန် တရုတ်သံအမတ် ဝမ်ယုအား ကဘူးလ်၏ကမ်းလှမ်းချက်ကို အမ်ရူလာ ဆာလရှ် က အစောပိုင်းတွင် ဖော်ပြခဲ့သည်။ တရုတ်သံအမတ် ဝမ်ယုက ကာဘူလ်သည် ၎င်းအစည်းအဝေးတွင် ထိန်းသိမ်းထားမှုကို ကြေငြာခြင်းမရှိဟု အခိုင်အမာပြောဆိုခဲ့သည်။ ဒီဇင်ဘာလလယ်တွင် ဩစတြေးလျသတင်းစာမှ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာတွင် တရုတ်ကွန်မြူနစ်ပါတီဝင်များသည် အနောက်နိုင်ငံများနှင့် လုံခြုံရေးအေဂျင်စီများအပါအဝင် ကမ္ဘာ့အင်အားကြီးမားပြီး သြဇာညောင်းသောအေဂျင်စီများကို မည်သို့ထိုးဖောက်ခဲ့သည်ကို မီးမောင်းထိုးပြပြီးဖြစ်သည်။ ကာဘူလ်တွင်စူးစမ်းသော သူလျှိုလုပ်ငန်းနှင့်ပတ်သတ်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အား မတွေ့ရသေးပေ။

တရုတ်နိုင်ငံသား ၁၀ဦးအနက် Li Yangyang နှင့် Sha Hungတို့သည် တာလီဘန်၏ တိုက်ခိုက်ရေးလက်ရုံးဖြစ်သော အကြမ်းဖက်အဖွဲ့ Haqqani Network နှင့် အဆက်အသွယ်ရှိကြောင်း ကာဘူလ်ရှိ အကြီးတန်း သံအမတ်တစ်ဦးက Hindustan Times သို့ အစောပိုင်းတွင် ပြောကြားခဲ့သည်။ Sha Hungသည် ကာဘူလ် Shirpurတွင် စားသောက်ဆိုင်ဖွင့်ခဲ့ပြီး Li Yangyangသည် ဇူလိုင်-ဩဂုတ်မှစ၍ တရုတ်ထောက်လှမ်းရေးအတွက် လုပ်ဆောင်နေခဲ့ကြောင်း သိရသည်။

NDS အဖွဲ့သည် ဒီဇင်ဘာ ၁၀ရက်နေ့ကလုပ်ဆောင်ခဲ့သော ပထမအကြိမ်စီးနင်းမှုတွင် ကာဘူလ်အနောက်ပိုင်း Kart-e-Char ရှိ Li Yangyang၏ နေအိမ်မှ လက်နက်၊ ခဲယမ်းနှင့် အပန်းဖြေမူးယစ်ဆေး Ketamine အမှုန့်များအား ဖမ်းဆီးရမိခဲ့သည်။

အာဖဂန်လုံခြုံရေးအဖွဲ့ကမူ ထို၁၀ ဦး သည်အာဖဂန်နစ္စတန်ရှိ ETIM စစ်ဆင်ရေးများကို ထောင်ချောက်ဆင်ရန်အတွက် အာဖဂန်နစ္စတန်ရှိ အရှေ့တာကစ္စတန်အစ္စလာမ်လှုပ်ရှားမှု (ETIM) အတုကို ဖန်တီးနေသည်ဟု ယုံကြည်သည်။
 ETIM သည်တရုတ်လူမျိုး ဝီဂါမွတ်စလင်တို့၏နေထိုင်ရာ ရှင်ကျန်းပြည်နယ်တွင် လှုပ်ရှားမှုရှိသည်ဟု စွပ်စွဲခံထားရသော အစ္စလာမ်ခွဲထွက်ရေးအုပ်စုငယ်ဖြစ်သည်။ ရှင်ကျန်း Kashgar ဒေသမှ ဝီဂါတစ်ဦးဖြစ်သူ ၎င်း၏ တည်ထောင်သူ Hasan Mahsumသည် ၂၀၀၃ခုနှစ်တွင် ပါကစ္စတန်စစ်သားများ၏ ပစ်သတ်ခြင်းခံခဲ့ရသည်။ အစ္စလာမ်ဘတ်သည် ရှင်ကျန်းဒေသတွင် လူတစ်သန်းကျော် ထိန်းသိမ်းခြင်းခံထားရသော စခန်းများလုပ် ဆောင်ကာ လုပ်ဆောင်နေသည်ဟု စွပ်စွဲခံထားရသော တရုတ်နှင့် လိုက်လျောညီထွေ ဆောင်ရွက်နေလျက်ရှိသည်။

တရုတ်သည် ETIM ခြိမ်းခြောက်မှုအား ဝီဂါများအပေါ် ထိန်းချုပ်ချက်များ ချမှတ်ရန်နှင့် တရုတ်ပြင်ပရှိ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအား ရှုတ်ချရန် ဆင်ခြေအဖြစ်အသုံးချနေသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။ ကုလသမ္မဂ လုံခြုံရေးကောင်စီသည ETIM အား အကြမ်းဖက်အဖွဲ့အဖြစ် ဆက်လက်သတ်မှတ်ထားဆဲဖြစ်သော်လည်း ပြီးခဲ့သောလတွင် အမေရိကန်သည် ၎င်း၏ အကြမ်းဖက်အဖွဲ့ဆိုသည့် အမှတ်အသားကို ပယ် ဖျက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly