အာဖဂန်လုံခြုံရေးတပ်ဖွဲ့များက တရုတ်ထောက်လှမ်းရေးကွန်ယက်အား ထုတ်ဖော်ကာ သူလျို ၁၀ ဦးအား ထိန်းသိမ်းထား

 အာဖဂန်လုံခြုံရေးတပ်ဖွဲ့များက တရုတ်ထောက်လှမ်းရေးကွန်ယက်အား ထုတ်ဖော်ကာ သူလျို ၁၀ ဦးအား ထိန်းသိမ်းထား

ဇန်နဝါရီ ၆၊ ၂၀၂၁
 
အာဖဂန်နစ္စတန် လုံခြုံရေးတပ်ဖွဲ့များသည် မြို့တော် ကဘူးလ်တွင် အကြမ်းဖက် လျှို့ဝှက်အဖွဲ့လုပ်ဆောင်နေသည့် အဖွဲ့ဝင် ၁၀ ဦးပါ တရုတ် အဖွဲ့အား ဖြိုခွဲခဲ့ကြောင်း ဗုဒ္ဓဟူးနေ့တွင် မီဒီယာများက ဖော်ပြခဲ့သည်။

ဖြိုခွင်းမှုသည် အာဖဂန်အစိုးရအား အဆိုပါကိစ္စရပ်နှင့် ပတ်သတ်၍ နှုတ်ဆိတ်နေဖို့ဆွဲဆောင်ရန် ကြိုးပမ်းနေသော ပေကျင်းအတွက် ကြီးမားသော အရှက်ရဖွယ်ပင်ဖြစ်ကြောင်း ကဘူးလ်နှင့် နယူးဒေလီရှိ အရေးကိစ္စနှင့် ရင်းနှီးကျွမ်းဝင်သောသူများက ဟင်ဒူစတန်တိုင်းမ် Hindustan Times အား ပြောကြားခဲ့သည်။
 
အာဖဂန်အမျိုးသားလုံခြုံရေးဦးစီးဌာန (NDS) မှ သူလျှိုပြုခြင်းနှင့် အကြမ်းဖက်အဖွဲ့ လုပ်ဆောင်ခြင်းတို့ဖြင့် စွဲချက်တင်ကာ ထိန်းသိမ်းခံထားရသော တရုတ်နိုင်ငံသား ၁၀ ဦးသည် တရုတ်သူလျိုအေဂျင်စီ နိုင်ငံတော်လုံခြုံရေး ဝန်ကြီးဌာနနှင့် ဆက်စပ်လျက်ရှိကြေင်း ယုံကြည်ကြသည်။

NDS မှ ဖြိုခွင်းမှုသည် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် စတင်ခဲ့ကြောင်း သတင်းစာက ရေးသားထားသည်။

အာဖဂန်နစ္စတန်မှ အမေရိကန်ထောက်လှမ်းရေးတပ်ဖွဲ့များ ရုပ်သိမ်းလိုက်သည်နှင့်အမျှ သြဇာလွှမ်းမိုးမှုကို အလျင်အမြန်တိုးချဲ့ရန် ကြိုးစားနေသည့် အာဖဂန်နစ္စတန်တွင် တရုတ်နိုင်ငံသားများအား သူလျှိုပြုခြင်းဖြင့် ဖမ်းမိခြင်းသည် နှစ်များစွာအတွင်း ပထမဆုံးဖြစ်သည်။ ၁၀ဦးအနက် အနည်းဆုံး နှစ်ဦးသည် တာလီဘန်အဖွဲ့၏ လက်ရုံးကဲ့သို့ နှစ်ဆဖြစ်လာသော သောင်းကျန်းသူအဖွဲ့ Haqqani Network နှင့် ဆက်သွယ်မှု ရှိခဲ့သည်။
 
သမ္မတ အက်ရှ်ရပ်ဖ် ဂနီက ဖမ်းဆီးထိန်းသိမ်းခြင်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး အာဖဂန်ထောက်လှမ်းရေး အေဂျင်စီအကြီးအကဲဟောင်း ဒုသမ္မတ အမ်ရူလာ ဆလရှ် အား စုံစမ်းစစ်ဆေးမှုကိုကြီးကြပ်ရန်နှင့် အကဲဆတ်မှုအနေအထားအရ တရုတ်နှင့် ဆက်ဆံရန် အာဏာပေးထားကြောင်း အထက်ဖော်ပြပါလူများက သတင်းစာသို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly