ဂျပန်နှင့်အမေရိကန်တို့သည် အင်ဒိုပစိဖိတ်ဒေသအတွင်း ဥရောပနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ရှိ

By Japan Times
06 January 2021
ဂျပန်နှင့်အမေရိကန်တို့သည် အင်ဒိုပစိဖိတ်ဒေသအတွင်း ဥရောပနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ရှိ

ဇန်နဝါရီ ၆  

တရုတ်၏အလောတကြီး စစ်တပ်ခေတ်မီရေးလုပ်ဆောင်နေမှုနှင့် ရေကြောင်းနှင့် ပိုင်နက်နယ်မြေရည်မှန်းချက် လှုံ့ဆော်နေမှုများရှိနေသဖြင့် အင်ဒို-ပစိဖိတ်ရေပိုင်နက်အတွင်း အဓိက ဥရောပနိုင်ငံများက ရေတပ်တပ်စွဲမည့်အစီအစဉ်ကို ဂျပန်နှင့် အမေရိကန်တို့က ကြိုဆိုလိုက်သည်။

အရှေ့ပင်လယ်၊ တောင်တရုတ်ပင်လယ်နှင့် အိန္ဒိယ-တရုတ်နယ်စပ်တို့တွင် ပိုမို ပေကျင်းက လက်ရုန်းဆန့်တန်းလာခြင်းနှင့်အတူ ဗြိတိန်က လေယာဉ်တင်သင်္ဘော ကွင်းအဲလိဇဘက် (Queen Elizabeth) ကိုတပ်ဖြန့်ကာ သူ၏ တိုက်ခိုက်ရေးအဖွဲ့အား အရှေ့အာရှသို့ စေလွှတ်မည်ဖြစ်ကာ ပြစ်သစ်သည် ဂျပန်သို့ ရေတပ်တပ်ဖွဲ့တစ်ဖွဲ့၊ ဂျာမနီသည် အိန္ဒိယသမုဒ္ဒရာသို့ တိုက်သင်္ဘောတစ်စီး စေလွှတ်ရန် ၂၀၂၁ အတွက် စီစဉ်ထားမှုများကို အစိုးရထုတ်ပြန်ကြေညာချက်များနှင့် သတင်းပေးပို့ချက်များအရ သိရသည်။

“ဂျပန်က ဥရောပါနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ချက်တွေကို ပိုပြီးမြှင့်တင်ဖို့ အလားအလာရှိတယ်”ဟု ကာကွယ်ရေး ဝန်ကြီးချုပ် နိုဘူကီရှီက ဂျာမန်ကာကွယ်ရေးဝန်ကြီးချုပ် အန်နီဂရက် ခရမ်-ကာရန်ဘောင်ဝါ Annegret Kramp-Karrenbauer နှင့် ဒီဇင်ဘာ ၁၅ ရက်နေ့က အွန်လိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
 
အာရှနှင့် ပိုမိုကျယ်ပြန့်သော အင်ဒို-ပစိဖိတ်တွင် တရုတ်၏ ခြိမ်းခြောက် အင်အားသုံးလုပ်ဆောင်ချက်များဖြင့် ပိုနေမြဲကျားနေမြဲအခြေအနေမှ ရွေ့လျားလာသော ထင်သာမြင်သာအနေအထားတွင် လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုကို ဥရောပက ဘယ်လောက်မြင်နိုင်ပါ့မလဲဆိုခြင်းနှင့်ပတ်သက်၍ သံသယများရှိနေခိုက် ယခုကဲ့သို့ ဖြစ်ထွန်းမှုပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
 
သို့ရာတွင် အန်နီဂရက် ခရမ်-ကာရန်ဘောင်ဝါ က “အင်ဒို-ပစိဖိတ်မှု ဖြစ်တာက ဂျာမနီနဲ့ ဥရောပအပေါ်ပါ သက်ရောက်မှုရှိတယ်။ အင်ဒို-ပစိဖိတ်ဒေသအတွင်း စည်းမျဉ်းအခြေခံ လုံခြုံရေးဆောင်ရွက်မှုတွေမှာ ပူးပေါင်းဆောင်ရွက်လိုပါတယ်”ဟု ပြောကြားခဲ့သည့်အခါ အဆိုပါစိုးရိမ်ပူပန်မှုသည် ပျောက်ကွယ်သွားရသည်။
 
ဂျာမန်စစ်သင်္ဘောသည် ဂျပန်ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်မှာဖြစ်ပြီး တရုတ်က သူပိုင်သည်ဟုဆိုထားပြီး ဒေသတွင်း နိုင်ငံငယ်များက ပိုင်ဆိုင်မှုအငြင်းပွားနေသလို အမေရိကန်လိုနိုင်ငံများကလည်း တရုတ်ပိုင်သည်ဆိုခြင်းကိုလက်ခံထားခြင်းမရှိသည့် တောင်တရုတ်ပင်လယ်ကို ဖြတ်သန်းမောင်းနှင်သွားကြမှာဖြစ်သည်ဟု နိုဘူကီရှီက ပြောသည်။

အထူးသဖြင့် ဒုတိယကမ္ဘာစစ်ပြီးကတည်းက မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ မူဘောင်မှ  သတိကြီးစွာထားခဲ့သော ဂျာမနီ၏ အန်နီဂရက် ခရမ်-ကာရန်ဘောင်ဝါ က “စီးပွားရေးနှင့် လုံခြုံရေးရည်မှန်းချက်များက အခြားသူများကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေသင့်”ဟု ပြောကြားလိုက်သည်။

  တောင်တရုတ်ပင်လယ်ပြင်နှင့် အငြင်းပွားနေသောဒေသများရှိ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့၏ ပိုင်နက်များတွင် ဘေဂျင်း၏ စစ်တပ်အင်အားတိုးချဲ့ခြင်းနှင့်
အရှေ့တရုတ်ပင်လယ်အတွင်း တိုကျိုကထိန်းချုပ်ထားသော်လည်း ပေကျင်းက ပိုင်ဆိုင်ကြောင်းဆိုနေသော စန်ခခုကျွန်းများအနီး ရေပိုင်နက်များအတွင်း ထပ်ခါထပ်ခါကျူးကျော်မှုများအား သူမက ရည်ညွှန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဗြိတိသျှကိုလိုနီဟောင်းဖြစ်သည့် ဟောင်ကောင်ရှိ ဒီမိုကရေစီရေးလှုပ်ရှားသူများအား တရုတ်မှနှင်ထုတ်ခြင်းနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ အပေါ်ဖြိုခွဲခြင်းနှင့် ပတ်သက်၍ အလေးအနက်စိုးရိမ်ပူပန်မှုများသည် လန်ဒန်၏ လေကြောင်းတိုက်ခိုက်ရေးအဖွဲ့ကို အင်ဒိုပစိဖိတ်သို့စေလွှတ်ရန်ဆုံးဖြတ်ခဲ့ခြင်းအတွက် တစ်စိတ်တစ်ဒေသက ပါဝင်သည်။

 Aichi Prefecture ရှိ မစ်ဆူဘီရှီအကြီးအစားစက်မှုလက်မှု စက်ရုံတွင် တော်ဝင်လေတပ်မှ ကွင်းအဲလိဇဘက် အခြေစိုက် F-35B တိုက်လေယာဉ်များနှင့် အတူဂျပန်သည်တန် ၆၅၀၀၀ တန် လေယာဉ်တင်သင်္ဘောတစ်စီးအတွက် ယာယီနေအိမ်အဖြစ် ဗြိတိန်နိုင်ငံ၏ မျက်နှာသာပေးသည့် နေရာဖြစ်သည်ဟု ခန့်မှန်းကြသည်။

အမေရိကန်သည် ဂျပန်အနောက်တောင်ပိုင်း ဆာဆီဘိုတွင် အခြေစိုက် ရေငုပ်သင်္ဘော  Marine Corps F-35Bs ကိုတင်ဆောင်ထားသည့် တန်ချိန် ၄၅၀၀၀ ရှိ ကုန်းရေ တိုက်ခိုက်ရေး သင်္ဘောအား ထားရှိခြင်းနှင့် ပတ်သတ်၍ Keio တက္ကသိုလ်မ ှနိုင်ငံတကာလုံခြုံရေးနှင့် ဥရောပနိုင်ငံရေး တွဲဖက်ပါမောက္ခ မီချီတို ဆူရိုက က အမေရိကန်နှင့်ဗြိတိန်တပ်ဖွဲ့များသည် အန္တလန္တိတ်တွင် အကြိမ်ကြိမ်ပြုလုပ်ခဲ့ဖူးသော မစ်ရှင်အား ပစိဖိတ်အနောက်ပိုင်းတွင် F-35B မျာများအပါအဝင် ပူးတွဲစမ်းသပ်ရန်မျှော်လင့်ရသည်။

“အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်တို့က ညှိနှိုင်းမှုကိုစမ်းသပ်ခြင်းသာမက၊ ပစိဖိတ်အနောက်ပိုင်းရှိ စစ်ဆင်ရေးများ ပေါင်းစည်းခြင်းအား မြှင့်တင်ရန်အလားအလာရှိကြောင်း ကွင်းအဲလိဇဘက် ကိုအင်ဒို - ပစိဖိတ်ကို ပို့ဆောင်တဲ့ အဓိက စစ်ရေးရည်ရွယ်ချက်ဖြစ်မယ်လို့ ထင်တယ်” ဟုဆူရူအိုက က အင်တာဗျူးတစ်ခုတွင်ပြောကြားခဲ့သည်။

 ဂျပန်နိုင်ငံသည် Izumo အဆင့် ရဟတ်ယာဉ်တင်သင်္ဘော နှစ်စင်းအား F-35B သယ်ဆောင်နိုင်ရန် ပြန်လည်ပြင်ဆင်ခြင်းအား ရည်ညွှန်းပြီး “၎င်းသည်ဂျပန်၊ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေအနေနဲ့ အဆိုပါပိုင်ဆိုင်မှုများနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်ဖို့ အင်အားသုံးခု၏ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ရည်ရွယ်တယ်”ဟု သူက ပြောသည်။

ပေကျင်းသည် တရုတ်တွင် စန်ခခုများအနီး တိုကျို၏ အုပ်ချုပ်ရေးအား ပျက်ပြားစေရန် ကြိုးပမ်းနေသဖြင့် အလားတူ ဖွံဖြိုးတိုးတက်မှုတွင် ဂျပန်၊ အမေရိကန်နှင့် ပြင်သစ်တို့သည် မေလတွင် ဂျပန်အနောက်တောင်ပိုင်းရှိ လူမနေသောကျွန်းတွင် ကုန်းရေ လေ့ကျင့်ရေးများ လုပ်ဆောင်မည်ဟု ဆန်ကေးရှင်ဘွန်းသတင်းစာက ဒီဇင်ဘာ ၆ ရက်နေ့တွင် တင်ပြထားသည်။
 
တရုတ်ကိစ္စအပြင် ကာကွယ်ရေးလေ့လာသုံးသပ်သူများက ဥရောပ - ဂျပန်တို့၏ တိုးမြှင့်ဆက်ဆံမှုသည် ဥရောပသားများအား ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးဖြစ်ကာ တရုတ်နှင့် မြောက်ကိုရီးယား၏ နျူကလီးယားနှင့်ဒုံးကျည်ခြိမ်းခြောက်မှုများအကြား ယခုနှစ်များအတွင်း ကာကွယ်ရေး စံချိန်တင် တိုးတက်လာသော ဂျပန်သို့လက်နက်ရောင်းချရန် စိတ်ဝင်စားမှုနှင့် ဆက်စပ်နေသည်ဟုပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် ဂျပန်နှင့် ဗြိတိန်သည် တိုကျိုမြို့အနီးတွင် ပထမဆုံးကာကွယ်ရေးပစ္စည်းကိရိယာပြပွဲကိုဂျပန်နိုင်ငံသား ၅၀ ခန့်နှင့် BAE Systems PLC နှင့်ဗြိတိန်နိုင်ငံမှ Rolls-Royce PLC တို့ အပါအဝင်နိုင်ငံခြားလက်နက်ထုတ်လုပ်သူ ၁၀၀ နှင့် အတူကျင်းပခဲ့သည်။ ဒုတိယပြသမှုကို ယခုနှစ်မေလ ၁၉ ရက်မှ ၂၁ ရက်အထိ ပြုလုပ်ရန်စီစဉ်ထားသည်။
 တစ်ချိန်တည်းတွင် လေ့လာသုံးသပ်သူတစ်ချို့က ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆူးဂါးသည် တိုကျိုသည် ပေကျင်းမြို့နှင့် တရုတ်လိုလားသူ အာဏာရပါတီ ဟဲဗီးဝိတ် တိုရှီဟီးရို နစ်ကေး တို့နှင့် နက်ရှိုင်းသည့် စီးပွားရေးဆက်ဆံမှုကိုထည့်သွင်းစဉ်းစားခြင်းအားဖြင့် သူ့ကို ဝန်ကြီးချုပ်ကို ရာထူးပေးအပ်နိုင်ခဲ့သည့် တရုတ်အားရန်စရန် တွန့်ဆုတ်နေခြင်းသည် အင်ဒိုပစိဖိတ်ဒေသတွင် ဂျပန်၊ အမေရိကန်နှင့် ဥရောပနိုင်ငံများအပါအဝင်  ပိုမိုတင်းကြပ်သော လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများအတွက် စိုးရိမ်ရသည့် အရင်းအမြစ်ဖြစ်ကြောင်း ဆိုကြသည်။
 
“တိုကျိုက ဒေသတွင်းမှာ ဥရောပရေတပ်တည်ရှိမှုကို ကြိုဆိုတယ်ပြောပေမယ့် တရုတ်ကို ရန်စမိမှာကြောက်တာကြောင့်  ဗြိတိန်နဲ့ ပြင်သစ်အပါအဝင် လေ့ကျင့်ရေးတွေကို လျော့ချဖို့အလားအလာရှိတာကို မီဒီယာတင်ပြချက်တွေက ဖော်ပြနေကြတယ်”ဟု ဆူရူအိုက က ဆိုသည်။

“ဂျပန်အနေနဲ့လည်း ဗြိတိန်နဲ့ ပြင်သစ်ရေတပ်တွေနဲ့အတူ ဘာပြင်ဆင်ထားရမယ် လုပ်ရမယ်နဲ့ ပတ်သတ်ပြီး သေသေချာချာသိပုံမပေါ်ဘူး”

မည်သို့ပင်ဆိုစေကာမူ တရုတ်သည် ဥရောပနှင့်တကွ Quad ဟုခေါ်သော အဓိက ဒေသတွင်းဒီမိုကရေစီနိုင်ငံများဖြစ်သော ဂျပန်၊ အမေရိကန်၊ သြစတြေးလျနှင့်အိန္ဒိယတို့အကြား လုံခြုံရေးချိတ်ဆက်မှုကိုမြှင့်တင်ပေးနိုင်ဖွယ်ရှိသည်။ သို့သော်ကျွမ်းကျင်သူများက Quad ကို ခိုင်မာအောင်တည်ဆောက်ခြင်းနှင့် ချဲ့ထွင်ခြင်းဟူသော စိတ်ကူးနှင့် ပတ်သက်၍ သံသယများရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

 “Quad ကို ပိုပြီးကြီးတဲ့ အဖွဲ့အဖြစ် တိုးချဲ့တာ အထူးသဖြင့် နေ့စဉ်အဆင့်မှာ ဘံအကျိုးစီးပွား အနည်းငယ်ပဲရှိတဲ့ ဥရောပအင်အားကြီးတွေနဲ့ လုပ်ဆောင်တာက အကျိုးရှိလိမ့်မယ်မထင်ဘူး”ဟု အမေရိကန်ပြည်ထောင်စု ဝါရှင်တန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံနှင့် နိုင်ငံတကာလေ့လာရေး ပါမောက္ခ အန်ဒရူး အိုရို့စ် က ပြောသည်။

“တိုးပွားလာတဲ့ နိုင်ငံများတွေ အနေနဲ့ လွတ်လပ်ပြီး ပွင့်လင်းသောအင်ဒို - ပစိဖိတ်၏ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနေတဲ့ ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို အလေးပေးသော ပိုမိုထိရောက်သော ပူးပေါင်းဆောင်ရွက်မှုကို အားပေးသင့်ပြီးကြိုဆိုသင့်တယ်”ဟု အိုရို့စ် မှအီးမေးလ်တစ်ခုတွင်ဖော်ပြထားကာ အချို့ဥရောပနိုင်င့များသည် ရေကြောင်းလေ့ကျင့်ရေးများ၏ လွတ်လပ်မှုကိုမြှင့်တင်ရန် လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

 အမေရိကန်-တရုတ် မဟာဗျူဟာ ပြိုင်ပွဲအကြားတွင် အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်သည် ဇန်နဝါရီလ ၂၀ ရက်နေ့တွင်ရာထူးခန့်အပ်ရန်ပြင်ဆင်နေချိန်တွင် အမေရိကန်၏ မဟာမိတ်များနှင့် ဘက်ပေါင်းစုံပါဝင်မှုကို ပိုမိုအလေးပေးသောအနေဖြင့် ဥရောပသားများသည် ကာကွယ်ရေးနှင့် ပတ်သက်သောပို့ကုန်များနှင့် စစ်ဘက်ဆိုင်ရာနည်းပညာလွှဲပြောင်းမှုများကို ပေကျင်းသို့လျှော့ချခြင်းဖြင့် "ကြီးမားသောပြောင်းလဲမှုတစ်ခုဖြစ်လာနိုင်သည်"ဟု ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly