နမ္မတူမြို့နယ်အတွင်း RCSS နှင့် TNLA တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ရွာသား ၁ ဦး သေဆုံး

By မွေလျန်း
06 January 2021
နမ္မတူမြို့နယ်အတွင်း RCSS နှင့် TNLA တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ရွာသား ၁ ဦး သေဆုံး
ပုံ - မန်စံမြောက်ကျောင်းသို့ရောက်ရှိလာသော စစ်ရှောင်ပြည်သူများ (ဓာတ်ပုံ-USSA )

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ညောင် ဆွယ်ကျေးရွာနှင့် မိုင်းဟုမ် ကျေးရွာတို့တွင် တအာင်း TNLA နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဇန်နဝါရီ ၅ ရက်က ဒေသခံရွာ သားတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး ခဲ့ကြောင်းသိရသည်။

"ညောင်ဆွယ်ကျေးရွာကရွာသားတစ် ယောက် လက်နက်မှန်ပြီးသေဆုံးသွားတာပါ၊ နာမည်က ဦးအိုက်ခေါင်၊အသက်က ၄၀ ကျော် လောက်လို့တော့ပြောတယ်၊ကျွန်တော်တို့ကတော့ ဝင်လို့မရသေးလို့ ဟိုကအခြေအနေကို မသိရသေးဘူး"ဟုမန်စံကျေးရွာ ဆီလိန်ခမ်းအသင်းမှ ဦးအိုက်ကျော်က ပြောသည်။

တိုက်ပွဲကြောင့် အရပ်သားသေဆုံးခဲ့သည့်အပြင် နေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်းသိရသည်။

လက်ရှိ အချိန်တွင် မန်စံကျေးရွာအုပ်စုမြောက်ကျောင်း၊ နားဆိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့ တွင် စစ်ရှောင်များ ရောက်ရှိနေပြီး စစ်ရှောင်ဦးရေ ၆၀၀ ကျော်သွားပြီဟု သိရသည်။

လက်ရှိတွင်ဆောင်းရာသီဖြစ်သဖြင့် စစ်ဘေးရှောင်များအတွက် အနွေးထည်၊စောင် နှင့် အခင်းများ အရေးပေါ်လိုအပ်နေကြောင်းဦးစိုင်းကျော်ကပြောသည်။

ဇန်နဝါရီလ ၂ရက်နေ့ကလည်း ပန်ချင်ကျေး ရွာအတွင်းသို့ လက်နက်ကြီး ခြောက်လုံးကျရောက်ခဲ့ ပြီး ကျေးရွာအတွင်းရှိနေအိမ်နှင့်ဘုန်းတော်ကြီး ကျောင်းများပျက်စီးခဲ့ရကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly