နော်ဝေမြေပြိုမှုမှာ ၂ ဦး သေဆုံးပြီး ပျောက်ဆုံး ၈ ဦးကို ရှာဖွေနေ 

နော်ဝေမြေပြိုမှုမှာ ၂ ဦး သေဆုံးပြီး ပျောက်ဆုံး ၈ ဦးကို ရှာဖွေနေ 
Photo - AFP

 ဇန်နဝါရီ ၃

နော်ဝေနိုင်ငံမှာ ကျေးရွာတစ်ရွာက အိမ်တွေ မြေဖုံးလွှမ်းသွားရတဲ မြေပြိုမှု ဖြစ်ပြီးနောက်မှာ စနေနေ့က ဒုတိယမြောက် ရုပ်အလောင်းကို ကယ်ဆယ်ရေးသမားတွေ ရှာဖွေတွေ့ရှိပြီး ပျောက်ဆုံးနေဆဲဖြစ်တဲ့ လူ ရှစ်ဦးကို ဆက်လက်ရှာဖွေလျက် ရှိနေပါတယ်။ 

“အသက်ရှင် ကျန်ရစ်သူတွေ တွေ့ရမယ်လို့ ကျွန်တော်တို့ မျှော်လင့်နေဆဲပဲ။”လို့ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် ရွိုင်းအယ်ကာဗစ်က သတင်း‌ောထက်တွေကို ပြောပါတယ်။ 

မြို့တော် အော်စလို အရှေ့မြောက်ဖက် ၁၅ မိုင်အကွာက အက်စ်ကျေးရွာမှာ ဗုဒ္ဓဟူးနေ့ အစောပိုင်းက တောင်စောင်းတစ်ခုလုံး မြေပြိုကျတာဖြစ်ပြီး လူ ၁၀ ဒဏ်ရာရာတာမှာ တစ်ဦးကတော့ စိုးရိမ်ရပါတယ်။ 

အခု သဘာဝဘေးမှာ အိမ်တွေ ရွံ့နွံတွေအောက် ရောက်ရှိခဲ့ရသလို တစ်ချို့အိမ်တွေဟာ နှစ်ပိုင်းကွဲ ပြိုကျပါတယ်။ မြေပြိုမှုကြောင့် ဖြစ်တဲ့ ချိုင့်ခွက်အစွန်းမှာ ကျန်ရစ်တဲ့ အိမ်တွေလည်း ရှိပြီး တစ်ချို့ကတော့ ချိုင့်ခွက်အစွန်းကနေ ပြိုကျသွားတာတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ 

အခု မြေပြိုမှုမှာ အိမ်ခြေ အတော်အတန် ပျက်စီးပြီး အိမ်ခြေရာပေါင်းများစွာဟာ မီတာ တစ်ရာနှစ်ရာကျော်မက နေရာ ပြောင်းရွေ့သွားခဲ့ပါတယ်။ 

မြေပြိုမြေပိတဲ့အောက်မှာ အချို့အိမ်တွေမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် မပျက်မစီး ရှိနေမယ့် အခန်းတွေ ရှိနိုင်တာကြောင့် လေရရှိနေပြီး အသက်ရှင်နေနိုင်သူတွေ ရှိနေနိုင်တယ်လို့ အာဏာပိုင်တွေက မျှော်လင့်ထားကြောင်း ဌာနေရဲအကြီးအကဲ အီဒါမယ်ဘိုအွိုင်းစတက်စ်က ပြောပါတယ်။ 

အနံ့ခံခွေးတွေကြောင့် တွေ့ရှိခဲ့တဲ့ ဒုတိယမြောက် သေဆုံးရုပ်အလောင်းနဲ့ ပတ်သက်လို့ အသေးစိတ် ထုတ်ပြန်သေးတာ မရှိပါ။ သောကြာနေ့က ရှာဖွေတွေ့ရှိတဲ့ ပထမဆုံး ရုပ်အလောင်းနဲ့ ပတ်သက်ပြီးလည်း ထုတ်ပြန်တာမျိုး မရှိခဲ့ပါဘူး။ 

ဒါပေမယ့် ရဲရဲ့ အရင်က ထုတ်ပြန်ထားတဲ့ ပျောက်ဆုံးနေသူ ဆယ်ဦး စာရင်းမှာ နှစ်နှစ်နဲ့ ၁၃ နှစ်အရွယ် ကလေးနှစ်ဦးနဲ့ အရွယ်ရောက်သူ ရှစ်ဦး ပျောက်ဆုံးနေတာဖြစ်တယ်လို့ သိထားရပါတယ်။ 

လူဦးရေ ၅၀၀၀ ခန့်နေထိုင်တဲ့ အက်စ်ကျေးရွာမှာ အိမ်ခြေတွေ ပျက်စီးနိုင်တာကြောင့် လူ တစ်ထောင်ထက်မနည်းကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly