အမျိုးသမီး လစဉ်သုံးပစ္စည်းအပေါ် အခွန်ကောက်ခြင်းအား ဗြိတိန် ဖျက်သိမ်း

အမျိုးသမီး လစဉ်သုံးပစ္စည်းအပေါ် အခွန်ကောက်ခြင်းအား ဗြိတိန် ဖျက်သိမ်း
Photo - AFP

ဇန်နဝါရီ ၂

ဗြိတိန်နိုင်ငံဟာ အမျိုးသမီးလစဉ်သုံးပစ္စည်းနဲ့ မိလ္လာသုံးစက္ကူတွေအပေါ် VAT လို့ ခေါ်တဲ့ထုတ်ကုန်များအပေါ် ကောက်ယူတဲ့ အခွန်ကို သောကြာနေ့က စတင်ပြီး ဖျက်သိမ်းပြီဖြစ်ပါတယ်။ 

ခုလို မရှိမဖြစ် လစဉ်သုံးပစ္စည်းအပေါ် အရောင်းခွန် ကောက်တာကို ဖျက်သိမ်းနိုင်တာဟာ ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက်တဲ့ Brexit ကြောင့် အကျိုးရလဒ်ထွက်ပေါ်ခြင်းပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ကြာသပတေးနေ့ ဂရင်းနစ်စံတော်ချိန် ၂၃ နာရီ ၀၀ မိနစ်မှာ ဗြိတိန်ဟာ အီးယူရဲ့ တစ်ခုတည်းသော ဈေးကွက်နဲ့ အကောက်ခွန် သမဂ္ဂကနေ နုတ်ထွက်နိုင်ခဲ့ပြီဖြစ်တာကြောင့် နှစ် ၅၀ နီးပါး ချည်နှောင်ထားခဲ့တဲ့ အီးယူရဲ့ စည်းမျဉ်းတွေကနေ လွတ်မြောက်ခဲ့ပြီဖြစ်ပါတယ်။ 

ခုလို နုတ်ထွက်တာကောင့် အီးယူရဲ့ ဥပဒေအရ မရှိမဖြစ် မဟုတ်တဲ့ ဇိမ်ခံပစ္စည်းအမျိုးအစားအဖြစ် ထည့်သွင်းသတ်မှတ်ခံရတဲ့ အမျိုးသမီး လစဉ်သုံးပစ္စည်းလို ညစ်ညမ်းထုတ်ကုန်တွေအပေါ် အခွန်အနည်းဆုံး ၅ ရာခိုင်နှုန်း ကောက်ယူတဲ့ စည်းမျဉ်းကိုလိုက်နာစရာ မလိုတော့တာလည်း ဖြစ်ပါတယ်။ 

“အမျိုးသမီးလစဉ်းသုံး ပစ္စည်းအပေါ် ကောက်ယူနေတဲ့ အခွန်ကို ပယ်ဖျက်မယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကို တည်လာနိုင်ပြီဖြစ်တာမို့ ကျွန်တော် ဂုဏ်ယူမိပါတယ်။”လို့ ဘဏ္ဍာရေးဝန်ကြီး ရီရှီဆူနက်က ပြောပါတယ်။ 

ဗြိတိန်နိုင်ငံရဲ့ ဘဏ္ဍာရေးမှူးချုပ် ဆူနက်က အသုံးစရိတ်ဘတ်ဂျက်မှာ ခုလို အမျိုးသမီး လစဉ်သုံးပစ္စည်းအပေါ် ကောက်ယူတဲ့ အခွန်ကို ပယ်ဖျက်မယ်လို့ မတ်လအတွင်းက ကြေညာထားတာပါ။ 

ခုလို လုပ်ဆောင်ဖို့ကို လွှတ်တော်အမတ်တွေကလည်း ရေရှည်တိုက်တွန်းနေခဲ့တာ ဖြစ်ပြီး ဒီအရေးဟာ အီးယူကနေ ဗြိတိန်နုတ်ထွက်မှုတွေ လိုလားသူတွေအတွက် ရှေ့တန်းတင်စရာ အရေးကိစ္စ ဖြစ်လာခဲ့ပါတယ်။ 

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကမ်မရွန်းလက်ထက်မှာ ဖိအားတွေ ဆက်တိုက်ပေးတာကြောင့် ၂၀၁၆ ခုနှစ်မှာ အီးယူဟာ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေအပေါ် အခွန်ကောက်ယူတာကို အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်ပေးမယ်လို့ ပြောလာခဲ့ပါတယ်။ 

ဒါပေမယ့်လည်း လက်တွေ့မှာ အပြောင်းအလဲမရှိဘဲ အီးယူအဖွဲ့တွေဟာ အဲဒီအခွန်ကို ဆက်လက်ကောက်ယူနေခဲ့တာပါ။ 

ပြီးခဲ့တဲ့ နိုဝင်ဘာမှာတော့ စကော့တလန်ဟာ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို အခွန်ကင်းလွတ်ခွင့်ပြုခဲ့တာဖြစ်ပြီး အခု ဗြိတိန်ကပါ ဒုတိယမြောက်အဖြစ် အဲဒီအခွန်ကို ပယ်ဖျက်လာတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly