ကာကွယ်ရေးဥပဒေကို ပယ်ဖျက်ထားတဲ့ ထရမ့်ရဲ့ ဗီတိုအာဏာကို လွှတ်တော်က ပယ်ချ 

ကာကွယ်ရေးဥပဒေကို ပယ်ဖျက်ထားတဲ့ ထရမ့်ရဲ့ ဗီတိုအာဏာကို လွှတ်တော်က ပယ်ချ 
Photo - AFP

ဇန်နဝါရီ ၂

အမေရိကန် ကွန်ဂရက်မှာ သောကြာနေ့က မဲပေးမှုတစ်ရပ်ဟာ အိမ်ဖြူတော် နောက်ဆုံးရက်တွေမှာ နေနေရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်အတွက် အရှက်တကွဲအကျိုးနည်းစရာ ထိုးနှက်ချက်တစ်ရပ် ဖြစ်ခဲ့ပါတယ်။ 

ကာကွယ်ရေး ဥပဒေကြမ်းကို ပြင်ဆင်ဖို့ သမ္မတ ထရမ့်က ဗီတိုအာဏာသုံးထားတာကို ဆီးနိတ်လွှတ်တော်မှာ အများအပြား မဲပေးပယ်ချလိုက်တာဖြစ်တာကြောင့် သမ္မတ ထရမ့်ရဲ့ သမ္မတသက်တမ်းတစ်လျှောက် ဗီတိုအာဏာကို ပထမဆုံး ပယ်ချခံရခြင်းပဲ ဖြစ်ပါတယ်။ 

မဲပေးနိုင်တဲ့ ခုံအဖွဲ့ဝင် ၁၀၀ မှာ လိုအပ်တဲ့ သုံးပုံနှစ်ပုံထက် ကျော်လွန်ပြီး ၈၁ မဲ၊ ၁၃ မဲနဲ့ ထရမ့်ရဲ့ ဗီတိုအာဏာကို ပယ်ချလိုက်တာဖြစ်ပြီး ရီပတ်ဘရီကန်တွေ အများဆုံး ထိန်းချုပ်တဲ့ ဆီးနိတ်လွှတ်တော်ဟာ ၂၀၂၁ ဘဏ္ဍာနှစ် စစ်တပ်ရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာ ၇၄၀ ဒသမ ၅ ဘီလီယံအသုံးစရိတ်ရှိ အမျိုးသားလုံခြုံရေးအာဏာသုံးပိုင်ခွင့် NDAA ကို အတည်ပြုလိုက်တာပါ။ 

ဒီမိုကရက်တွေ ဦးဆောင်တဲ့ အောက်လွှတ်တော်မှာလည်း မဲ ၃၂၂ နဲ့ ၈၇ မဲနဲ့ ထရမ့်ရဲ့ ဗီတိုအာဏာကို ပယ်ဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီ NDAA ဥပဒေကြမ်းကို ဒီဇင်ဘာအစောပိုင်းမှာ လွှတ်တော်နှစ်ရပ်စလုံးက အများစုထောက်ခံမှုနဲ့ အတည်ပြုခဲ့တာ ဖြစ်ပေမယ့် လွှတ်တော်တွင်းက ကန့်ကွက်တဲ့ဖက်က စကားတွေကို ကိုးကားပြီး ထရမ့်ဟာ ဒီဇင်ဘာ ၂၃ ရက်မှာ ဗီတိုအာဏာသုံး ပယ်ချခဲ့တာ ဖြစ်ပါတယ်။ 

“အခုအချိန်ဟာ ကျွန်တော်တို့ ဒီ ဥပဒေကြမ်းကို အတည်ပြုရတော့ပါမယ်။”လို့ ရီပတ်ဘရီကန် ဆီးနိတ်လူများစုခေါင်းဆောင် မစ်ရှ်မတ်ကွန်နေးက သောကြာနေ့ လွှတ်တော်အစည်းအဝေး အစမှာပဲ ပြောပါတယ်။ 

“ရဲရင့်တဲ့ စစ်မှုထမ်းတွေနဲ့ မိသားစုကို သူတို့နောက်မှာ ကျွန်တော်တို့ ရှိနေတယ်ဆိုတာကို သတိဂရုပြုမိစေတဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။”လို့ ၎င်းက ဆိုပါတယ်။ 

အခု မဲပေးမှုဟာ သမ္မတ ထရမ့် ရာထူးအရှိန်အဝါ တစ်စစ မှိန်ဖျော့လာတဲ့ အချိန် ပြစ်တင်ကြိမ်းမောင်းမှုတွေကြားမှာပဲ အပြီးသတ်မဲပေး အတည်ပြုလိုက်နိုင်တာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly